By U Kyaw Zay Ya (Law), Shweproperty.com
Updated at 1 December 2017
ပထမတစ်မျိုးမှာ ရောင်းရန် သဘောတူစာချုပ်ကို ချုပ်ဆိုထားပြီး လက်ရောက်ရယူထားသည့်အဆင့်ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ မှတ်ပုံတင်စာချုပ်နှင့် မဟုတ်ဘဲ ဝယ်ယူထားသည့် ရောင်းဝယ်မှုတို. ဖြစ်သည်။
ပထမတစ်မျိုးသည် စရန်ပေး၍ လက်ရောက်ရယူထားခြင်းလည်း ဖြစ်နိုင်သည်။ ရောင်းဖိုးငွေ အပြီးအကြေ ပေးချေ၍ လက်ရောက် ရယူထားခြင်းလည်း ဖြစ်နိုုင်သည်။ ခြွင်းချက်မှာ နောက်တစ်ချိန်ချိန် ရောင်းသူက ဝယ်သူ တရားဝင်ပိုင်ဆိုင်မှု ဖြစ်စေရန် ပြုလုပ်ပေးပါမည်ဟူသော ဝန်ခံ ကတိပြုချက်ရှိသည်။ ယင်းကို တစ်ပိုင်းတစ်စ ဆောင်ရွက်ခြင်း (Part Performance) ဟုခေါ်သည်။
ရောင်းဝယ်ခြင်း မပြီး မြောက်သေးဟု ဆိုက ဆိုနိုင်သည်။ ရောင်းသူ ဝယ်သူကြားတွင် ဆောင်ရွက်ရန် ပဋိညာဉ် သဘောတူညီချက် ထားရှိရမည်ဖြစ်သည်။
ဥပမာ - ဝယ်သူက တောင်းဆိုသည့်အခါ ရောင်းသူက တရားဝင်မှတ်ပုံတင် စာချုပ်ကြီး ချုပ်ဆိုပေးရမည်ဆိုသည့် သဘောတူညီချက်ဖြစ်သည်။
ဒုတိယတစ်မျိုးမှာ - အရောင်းအဝယ်စာချုပ် ချုပ်ဆို၍ ရောင်းဖိုးငွေကို အပြီးပေးချေကာ ရောင်းသူကလည်း ဥပစာကို အပြီး လက်ရောက်ပေးအပ်သည့် ရောင်းဝယ်ခြင်းမျိုးဖြစ်သည်။ ဤရောင်းဝယ်ခြင်းသည် ပစ္စည်းကို လက်ရောက်ရရှိသည် မှန်သော်လည်း တရားဝင် အမည်ပေါက်ပိုင်ဆိုင်ခွင့်ကို ရရှိမည်မဟုတ်ပေ။
Ref : U Kyaw Zaya (Law)
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties