By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 4 May 2018
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ အခန်း(၄) တွင်
၁၀။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ယင်းနှင့် ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် ခွင့်ပြုသည့်အခါ မြေဧရိယာနှင့် စပ်လျဉ်း၍ -
(က) စိုက်ပျိုးရေးလုပ်ငန်းတွင် -
(၁) နှစ်ရှည်ပင်ဖြစ်ပါက တစ်ကြိမ်လျှင် ဧက ၅၀၀၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။ ခွင့်ပြုထားပြီးဖြစ်သည့် ဧက၏ ၇၅ ရာခိုင်နှုန်းကို အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်ပြီးဖြစ်ပါက ထပ်မံ၍ တစ်ကြိမ်လျင် ဧက ၅၀၀၀ ထက် မပိုစေဘဲ စုစုပေါင်း ဧက ၅၀၀၀ အထိ အကြိမ်ကြိမ်ခွင့်ပြုနိုင်သည်။ နိုင်ငံတော်အကျိုးအလို့ငှာ ခွင့်ပြုသင့်သော လုပ်ငန်းဖြစ်ပါက ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တစ်ကြိမ်တည်းတွင် ဧက ၅၀၀၀ ထက်ပို၍ အမှတ်တကယ်စိုက်ပျိုးနိုင်မည့် ဧက အားခွင့်ပြုနိုင်သည်။
(၂) ဥယျာဉ်ခြံ သီးနှံဖြစ်ပါက ဧက ၃၀၀၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(၃) စက်မှုကုန်ကြမ်း ရာသီ သီးနှံဖြစ်ပါက တစ်ကြိမ်လျင် ဧက ၅၀၀၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။ ခွင့်ပြုထားသည့် ဧကကို ၇၅ ရာခိုင်နှုန်း အပြည့်အဝ လုပ်ကိုင်ဆောင်ရွက်ပြီး ဖြစ်ပါက ထပ်မံ၍ တစ်ကြိမ်လျင် ဧက ၅၀၀၀ ထက်မပိုစေဘဲ စုစုပေါင်း ဧက ၅၀၀၀ အထိ အကြိမ်ကြိမ်ခွင့်ပြုနိုင်သည်။
နိုင်ငံတော် အကျိုးအလို့ငှာ ခွင့်ပြုသင့်သော လုပ်ငန်းဖြစ်ပါက ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် တစ်ကြိမ်တည်းတွင့် ဧက ၅၀၀၀ ထက်ပို၍ အမှတ်တကယ်စိုက်ပျိုးနိုင်မည့် ဧကအား ခွင့်ပြုနိုင်သည်။
(၄) ကျးလက်နေ တာင်သူလယ်သမားများနှင့် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်လိုသူများအတွက် ၅၀ ဧက ထက်မပိုသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို သက်ဆိုင်ရာ ဒေသ အဖွဲ့အစည်း တစ်ခုခုက ခွင့်ပြုနိုင်ရေး စီမံဆောင်ရွက်နိုင်သည်။
(ခ) မွေးမြူရေး လုပ်ငန်းတွင် -
(ကက) ကျွဲ၊ ၊ မြင်းမွေးမြူရေး ဖြစ်ပါက ဧက ၂၀၀၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(ခခ) သိုး၊ ဆိတ်၊ မွေးမြူရေး ဖြစ်ပါက ဧက ၅၀၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(ဂဂ) ကြက်၊ ဝက်၊ ဘဲ၊ ငုံးမွေးမြူရေးဖြစ်ပါက ဧက ၃၀၀ မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(၃) ပုဒ်မခွဲ (၁) င့် (၂) တို့တွင် အကျုံးမဝင်သော မွေးမြူရေး လုပ်ငန်းဖြစ်ပါက သင့်လျော်သော ဧကကို ခွင့်ပြုနိုင်သည်။
(ဂ) ဓာတ်သတ္တု ထုတ်လုပ်ခြင်း လုပ်ငန်းတွင် ပြည်ထောင်စု အစိုးရ သတ္တုတွင်းဝန်းကြီး ဌာနနှင့် ညှိနှှိုင်းခွင့်ပြုနိုင်သည်။
(ဃ) အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်း များတွင် ပြည်ထောင်စုု အစိုးရက သက်ဆိုင်ရာ ဝန်းကြီးဌာနနှင့် ညှှိနှှိုင်းခွင့်ပြုနိုင်သည်။
၁၁။ ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများက စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ယင်းတို့နှင့် ဆက်နွယ်လျက်ရှိသော စီးပွားရေး လုပ်ငန်းများအတွက် ခွင့်ပြုသည့်အခါ အချိန်ကာလနှင့် စပ်လျဉ်း၍ -
(က) စိုက်ပျိုးရေး လုပ်ငန်းတွင် -
(၁) နှစ်ရှည်ပင်နှင့် ဥယျဉ်ခြံသီးနှံဖြစ်လျင် စတင်ခွင့်ပြုသည့်နှစ်မှစ၍ နှစ်ပေါင်း ၃၀ ထက်မပိုစေဘဲ၊ ခွင့်ပြုနိုင်သည်။
(၂) ရာသီသီးနှင့်ဖြစ်လျင် သတ်မှတ်သော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိသရွေ့ ခွင့်ပြုနိုင်သည်။
(ခ) မွေးမြူရေး လုပ်ငန်းတွင် စတင်ခွင့်ပြုသည့် နှစ်မှစ၍ စ်ပေါင်း ၃၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ(က) ပုဒ်မငယ် (၁) နှင့် ပုဒ်မခွဲ (ခ) တို့အရ ခွင့်ပြုသော သက်တမ်း ကုန်ဆုံးပြီးနောက် ဆက်လက်ဆောင်ရွက်လိုသော လုပ်ငန်းအမျိုးအစားပေါ်မူူတည်ပြီး ထပ်မံ၍ စုစုပေါင်း နှစ်ပေါင်း ၃၀ ထက်မပိုစေဘဲ အကြိမ်ကြိမ် ခွင့်ပြုနိုင်သည်။
(ဃ) ဓာတ်သတ္တု ထုပ်လုပ်ခြင်းလုပ်ငန်းတွင့် ပြည်ထောင်စု အစိုးရ၊ သတ္တုတွင်း ဝန်ကြီး ဌာနနှင့် ညှိနှိုင်းခွင့်ပြုနိုင်သည်။
(င) အစိုးရက ခွင့်ပြုသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများတွင် ပြည်ထောင်စု အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် ညှိနှှိုင်းခွင့်ပြုနိုင်သည်။
၁၂။ ဗဟိုကော်မတီသည် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှပ်နှံသူများ သို့မဟုတ် နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှပ်နှံသူများပါဝင်သည့် အဖွဲ့အစည်းက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှာက်ထားလာပါက နိုင်ငံသားများ ဆောင်ရွက်နိုင်စွမ်းမရှိသော လုပ်ငန်းများသာ ရင်းနှီးမြှပ်နှံလုပ်ကိုင်နိုင်ရန် စိစစ်ခွင့်ပြုရမည် ဟုဖော်ပြထားသည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Cshworkerscomp
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties