By Union House Myanmar, Shweproperty.com
Updated at 19 August 2019
အိမ်ခြံမြေဝယ်ပြီးတဲ့နောက်မှာ သူများ အမည်ပေါက်နဲ့ ရှိနေတဲ့ အိမ်ခြံမြေကို မိမိ အမည်ပေါက် ဖြစ်အောင်ဘယ်လိုနည်းနဲ့ လုပ်လို့ရလဲ ဆိုတဲ့ လုပ်ထုံးလုပ်နည်းတွေကို သိဖို့ အရေးကြီးပါတယ်။
ပထမဆုံးလုပ်ဆောင်ရမယ့် အချက်က ကိုယ်ဝယ်လိုက်တဲ့ အိမ်ခြံမြေဟာ
- မြေချ ပါမစ် လား?
- အနှစ် ၆၀ ဂရန် လား?
- ဘိုးဘွားပိုင်မြေ လား?
- လယ်ယာမြေလား? ဆိုတာ သိရှိဖို့လိုအပ်ပါတယ်။
တကယ့်လို့ မြေချ ပါမစ်ကို ဝယ်ယူခဲ့ရင်
မိမိ အမည်ပေါက်နဲ့ အနှစ်(၆၀) ဂရန် လုပ်လို့ရပါတယ်။(အခွန်ပေးဆောင်စရာ မလိုအပ်ပါ။)
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၁၉၈၇ မရွှေ့ပစ္စည်းကန့်သတ် ဥပဒေနှင့်ငြိစွန်းမှုရှိ/မရှိ စစ်ဆေးပါလိမ့်မယ်။ အားလုံးပြည့်စုံမှန်ကန်တဲ့အပြင် သတင်းစာထဲကလည်း ကန့်ကွက်သူမရှိမှသာ ပိုင်ရှင်အမည်ကို ပြောင်းလဲခွင့်ပြုပါတယ်။
- အမည်ပေါက် အနှစ် ၆၀ ဂရန်ကိုဝယ်ရင်တော့ အခွန်ဆောင်ပြီးမှ မိမိအမည်ပေါက် ပြောင်းလဲနိုင်မှာပါ။
- ဘိုးဘွားပိုင်မြေဝယ်ရင်လည်း အခွန်ဆောင်ပြီးမှ မိမိ အမည်ပေါက် ပြောင်းလဲနိုင်မှာပါ။
- လယ်ယာမြေကတော့ကို ဝယ်ယူမယ်ဆိုရင်တော့ အနည်းငယ် ပြောစရာများပါတယ်။ အောက်မှာဖတ်ကြည့်လိုက်ပါဦးနော်…..
လယ်ယာမြေကို မှတ်ပုံတင်မယ်ဆိုရင် အရင်ဆုံး
- လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ကိုဝယ်ယူပြီး ကိုယ်ပြောင်းလိုသော လယ်ယာမြေရှိတဲ့ ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန မြို့နယ် ရုံး မှာပဲ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရပါမယ်။အဲဒီမြို့နယ် အခွန်ဦးစီးဌာန ရုံးက တန်ဖိုးဖြတ်ပေးတဲ့အတိုင်း အခွန်ပေးဆောင်ရပါမယ်။
- အကယ်၍ လယ်ယာမြေပိုင်ဆိုင်ခွင့်/လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇) ကို အမည်မပြောင်းချင်သေးပဲ အိမ်ခြံမြေလိုပဲ ဝယ်ရောင်းလုပ်ချင်သေးတယ်ဆိုရင်တော့ ရောင်းသူထံကနေ " အထွေထွေ ကိုယ်စားလှယ်လွှဲစာ ( General Power )" ကို ယူထားလို့ရပါတယ်။
- အဲဒီလို လယ်ယာမြေအမည်ပေါက်သူထံကနေ General Power (အထွေထွေ ကိုယ်စားလှယ်လွှဲစာ) ယူထားပြီးပြီဆိုရင်တော့အခြားဝယ်သူတွေကို ပြန်ရောင်းချလို့ ရပါပြီ။
နယ်မြို့တွေမှာတော့ အထွေထွေ ကိုယ်စားလှယ် လွှဲစာတို့၊အထူးကိုယ်စားလှယ် လွှဲစာတို့ကို တံဆိပ်ခေါင်းကပ်ပြီး အဆင်သင့်ရောင်းတာမျိုးတော့သိပ်မရှိကြတဲ့အတွက် ရန်ကုန်မြို့ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း)က အဆင့်သင့်ရောင်းတဲ့General Power စာချုပ်တွေ ဝယ်သုံးဖို့ အကြံပြုလိုပါတယ်။
ပိုင်ရှင်အမည်ပေါက် ပြောင်းရာတွင် လိုအပ်သော အချက်များ
လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ ၊ ပိုင်ဆိုင်ကြောင်း အထောက်အထားစာချုပ်မူရင်းများ၊ မြေခွန်ကြွေးကျန် ကင်းရှင်းကြောင်း အထောက်အထား စတဲ့အရာတွေ လိုအပ်ကြောင်းပါ ခင်ဗျာ။
Ref : Union House Myanmar
Photo Credit : Proptiger
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties