By ခေတ္တရာ ဆရာကျော် (လောကီစခန်း ပုတီးလမ်း), Shweproperty.com
Updated at 4 January 2020
အိမ်ပိုင်မရှိသေးသူများအတွက် (အမည်မဖော်လိုသူ) ဆရာတော်တစ်ပါး၏ နည်းနယျကို ပြောပြလိုပါသည်။လက်တွေ လည်းရှိသော အဓိဌာန်ဖြစ်သည်။
ဤဝါတွင်းတွင် ယုံကြည်စွာသဒ္ဓါထက်မြက်စွာ လုပ်ဆောင်လိုပါကဖော်ပြပေးလိုပါသည်။
သိရသလောက်မှာ-ပဌာန်း၅ကျမ်းကို ရက်မပျက်ရွတ်ဖတ်ပူဇော်ခြင်းသည်လည်း အဆောက်အဦးရပါသည်။
ထိုနည်းအပြင်-ယခုဖော်ပြမည့် အဓိဌာန်သည်လည်းလူတို့နေထိုင်ရာ အိုးအိမ်တိုက်တာကို ရစေသောနည်းသာဖြစ်ပါသည်။ယုံကြည်သောသဒ္ဓါလက်ဖြင့် ယူဆောင်နိုင်ဖို့သာလိုပါသည်။
သစ်ပင်ကြီးတစ်ပင် ဒါမှမဟုတ် ညောင်ပင်တွင် -စာကလေးအိမ်ဟု ဆိုသော အိမ်ကလေးမျိုးကို ချိတ်ဆွဲ (သို့မဟုတ်) နီးစပ်ရာတွင် ထား၍ ရုက္ခစိုး ကိုအာရုံထား လျှုပါသည်ဟု နှုတ်မှပြောဆိုရပါမည်။ပထမနေ့၌ ကွမ်းယာ နှစ်ယာပါပါသွားရပါမည်။လျှုပါ။အိမ်မရှိသည်ကို သစ္စာပြုပါ။
အောက်ပါဂါထာ ကို သက်စေ့ခေါက်ရေ လေးလေးနက်နက် ယုံယုံကြည်ကြည်ရွတ်ရမည်။မိတ်ဆွေရေ-အိမ်ဝယ်နိုင်အောင် ပိုက်ဆံရချင်ရ'အိမ်ရချင်ရ ရလာပါမည်။
အာကာဋ္ဌာန ဘူမဋ္ဌာစ.....
ရုက္ခဠာစ မဟိဒ္ဓိကာ.....
ဣဒ္ဓိမန္တောစယေဒေဝါ...
မံပါပေတု ပတစိ ္ဆတံ...။
ကဲ-ယုံလည်းလုပ်ပါ။မယုံလျှင်ကျော်သွားပေါ့။ ကျွန်ုပ်ကတော့ ပြည်တန်ပတ္တမြားကိုတင်ပြပေးလိုက်ရပါပြီ
Ref : ခေတ္တရာ ဆရာကျော် (လောကီစခန်း ပုတီးလမ်း)
Photo Credit : citypassguide
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties