By Kumudra, Shweproperty.com
Updated at 18 June 2018
အိမ်တစ်အိမ်ရဲ့ ချမ်းသာကြွယ်ဝမှုဖြစ်စေဖို့ ဖုန်းရွှေ နည်းနဲ့ ဘယ်လိုဆောင်ကြဉ်းရမယ် ဆိုတာနဲ့ပတ်သက်ပြီး သိထားသင့် တဲ့ အချက်အလက်တချို့ ရှိပါတယ်။
အသုံးမလိုတာ ဖယ်ရှားပါ
အိမ်နဲ့ပတ်သက်ပြီး အသုံး မလို တာ၊ အမှိုက်အစအန မကျန်၊ ဗြုတ်စ ဗျင်းတောင်း ဖြစ်နေတာ တွေကို အားလုံးကို ခွဲခြားပြီးစွန့်ပစ် သင့်တာ စွန့်ပစ်ပြီး သပ်သပ်ရပ်ရပ် ပြုပြင်သင်ပါတယ်။
အိမ်အဆိပ် ဖြေပါ
အိမ်သန့်ရှင်းရေးအတွက် ဓာတုဗေဒနည်းနဲ့ ဖော်စပ်ထုတ်လုပ် ထားတဲ့ သန့်ရှင်းရေးပစ္စည်းတွေ အစား သဘာဝပစ္စည်းတွေ ပြောင်း သုံးသင့်ပါတယ်။
ပြောင်းလဲမှုက ပိုပြီး အားပြင်း တဲ့ စွမ်းအင်ဓာတ်တွေကို အိမ်ကို ဆောင်ကြဉ်းပေးမှာပဲ ဖြစ်ပါတယ်။ သံပရာသီး၊ မုန့်ဖုတ်ဆိုဒါ၊ ဗီနီဂါ စတာတွေကို ရောလို့ရတဲ့ အရည် လို ထိရောက်တဲ့ သဘာဝနည်း လမ်းတွေက အိမ်သန့်ရှင်းရေးအ တွက် အကောင်းဆုံးဖြစ်ပါတယ်။ သည်လို သဘာဝနည်းလမ်းတကျ အိမ်ကို သန့်ရှင်းရေးလုပ်မယ်ဆို ရင် အဆိပ် ကင်းဝေပြီး အကောင်း ဓာတ်တွေနဲ့ အိမ်ကို တောက်ပနေ မှာပါ။
ပြတင်းပေါက်ကို သန့်ရှင်းပါ
အိမ်တစ်အိမ်ရဲ့ ပြတင်း ပေါက် သန့်ရှင်းရေးဟာလည်း အရေး ကြီးပါတယ်။ သန့်ရှင်းတဲ့ ပြတင်း ပေါက်ဆိုတာသန့်ရှင်းတဲ့စိတ်နဲ့ ဘဝကို နည်းလမ်းသစ်တွေနဲ့ ချဉ်း ကပ်ဖို့ ကြည်လင်တဲ့ မျက်လုံးတွေရဲ့ သင်္ကေတဖြစ်ပါတယ်။
သစ်ပင်စိုက်ပါ
သစ်ပင်တွေဟာ အိမ်ရဲ့လေ ထုကို အဆိပ်ဖြေပေးနိုင်ရုံမက အိမ် ရဲ့ လျှပ်စစ် သံလိုက်စွမ်းအင်တွေ ကို လျှော့ချပေးပါတယ်။ ကျန်းမာ သန်စွမ်းတဲ့အပင်တွေဟာ သဘာဝနဲ့ ချမ်းသာကြွယ်ဝပေါလျှံမှုတို့ရဲ့ အခြေခံသင်္ကေတပဲ ဖြစ်ပါတယ်။
မီးဖိုချောင်ကို သုံးပါ
မီးဖိုချောင်တွေဟာ စီးပွားဥစ္စာ ရဲ့ ရှေးဟောင်းသင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။
ကူညီပါ
ဖုန်းရွှေမှာဆိုရင် မေတ္တာ၊ ကရု ဏာဟာ ချမ်းသာကြွယ်ဝမှုနဲ့ သက် ဆိုင်ပါတယ်။ ဒါကြောင့် အိမ်နီးနား ချင်း မိတ်ဆွေတွေကို ကူညီပေးပါ။
လှိုက်လှဲစွာ ကြိုဆိုပါ
“အိမ်သာလို့ ဧည့်လာ”ဆိုတဲ့ ဆိုရင်းအတိုင်း ဖုန်းရွှေမှာလည်း အိမ်ကိုလာတဲ့ဧည့်သည်တွေကို လတ်ဆတ်တဲ့ စွမ်းအင်တွေ ပေး တာကြောင့် လှိုက်လှိုက်လှဲလှဲ ကြို ဆိုသင့်ပါတယ်။
Ref : Kumudra
Photo Credit : Priceypads
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties