By Lyhealthcare, Shweproperty.com
Updated at 27 February 2019
- မြောက်ဘက် ခေါင်းပြု မအိပ်ရဘူးတို့ အရှေ့ဘက် ခြေပြုမအိပ်ရဘူးတို့ တချို့မိဘ၊ ဘိုးဘွားတွေ ပြောတာ ကြားဖူးကြမှာပါ။
- ဒီလိုအိပ်ရင် မကောင်းတဲ့ အိပ်မက်တွေ မက်တတ်တယ်လို့တောင် ပြောကြပါတယ်။
- အများအားဖြင့်တော့ ဒါ အယူသီးတာပဲလို့ မှတ်ယူတာတွေလည်း ရှိတယ်။
- ဒါကို လူသိများပေမယ့် သိပ္ပံနည်းကျ အဖြေတစ်ခုရှိတာကိုတော့ သိတာနည်းတယ်။
- ကမ္ဘာကြီးမှာ သံလိုက်စက်ကွင်းတွေ ရှိတာ ကြားဖူးကြမှာပါ။ ခန္ဓာကိုယ်မှာလည်း သံလိုက်စက်ကွင်း ရှိပါတယ်။
- တောင်ဘက်အရပ် ခေါင်းပြု အိပ်တဲ့အခါ ခန္ဓာကိုယ်မှာ ရှိတဲ့ သံလိုက်စက်ကွင်းရဲ့ ဦးတည်ချက်နဲ့ ကမ္ဘာ့ဝင်ရိုးစွန်းတွေရဲ့ သံလိုက်ဓာတ်တွေ တူညီပြီး ဆွဲငင်ကြတယ်။
- ဒီလိုအိပ်စက်ပြီး မနက် နိုးထလာရင်တော့ ကောင်းကောင်း အနားယူလိုက်ရလို့ ကြည်လင်တဲ့ ခံစားမှုမျိုး ရရှိကြပါတယ်။
- အလားတူပဲ အရှေ့အရပ်ကို ခေါင်းပြု အိပ်မယ်ဆိုရင် နေရဲ့ စွမ်းအင်ဟာ ကိုယ်ခန္ဓာကို ဖြတ်သန်းပြီး ခြေထောက်ကနေ ထွက်သွားပါတယ်။ ဒီဖြတ်သန်းမှုက သင့်ရဲ့ ဦးခေါင်းကို အေးမြကြည်လင်စေပြီး ခြေအစုံကို အနွေးဓာတ် ရစေပါတယ်။
- အနောက်ဘက် ခေါင်းပြု အိပ်မိရင်တော့ အရှေ့နဲ့ ပြောင်းပြန်၊ ခေါင်းပူ ခြေအေး ဖြစ်ပြီး ကျန်ခဲ့မှာပါ။ စိတ်မအီမသာလည်း ဖြစ်စေပါတယ်။
- မြောက်ဘက်အရပ် ခေါင်းပြု အိပ်မယ်ဆိုရင်တော့ ကိုယ်ထဲက သံဓာတ်တွေဟာ ဦးနှောက်ထဲမှာ ခဲပြီး စိတ်ရှုပ်ထွေး၊ ခေါင်းကိုက်တာတွေ ဖြစ်စေမှာပါ။ ဒီလိုအဖြစ်များလာရင်တော့ အယ်လ်ဇိုင်းမားတို့၊ ကြွက်သားလှုပ်ရှားမှု နှေးကွေးလာတဲ့ နာဗ်ကြောရောဂါ (ပါကင်ဆန်ရောဂါ) နဲ့ အခြား အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားရတတ်ပါတယ်။
- ဒါကတော့ တောင်ဘက်အရပ်နဲ့ အရှေ့အရပ်ကိုပဲ ခေါင်းပြုပြီး အိပ်စက်အနားယူသင့်တယ်ဆိုတာကို သိပ္ပံနည်းကျ လေ့လာဆန်းစစ်ပြီး အတည်ပြုပေးထားတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။
Ref : Lyhealthcare
Photo Credit : Marriedwithmoney
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties