By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 14 May 2018
မြန်မာနိုင်ငံဟာ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် ကိုလိုနီနယ်ချဲ့လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ အဆိုပါ နှစ်ပေါင်းတစ်ရာကျော်အတွင်းမှာ မြန်မာနိုင်ငံရဲ့ အနုသုခုမလက်ရာတွေဟာ ကိုလိုနီတို့ရဲ့ ကြိးစိုးခြယ်လှယ်မှုကို ခံခဲ့ရပေသည်။ အကျိုရလဒ်အနေနဲ့ကား ဗိသုကာလက်ရာမြောက်ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦးများစွာသာ လက်ရှိမှာ မျက်ဝါးထင်ထင် ကျန်ရှိခဲ့ပါတယ်။
ရန်ကုန်မြို့ဟာ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့တဲ့ ရှေးဟောင်းအဆောက်အုံ အများဆုံး တည်ရှိတဲ့မြို့ ဖြစ်ပါတယ်။ မဟာဗန္ဓုလလမ်း၊ ဆူးလေဘုရားအနီးမှာ တည်ရှိတဲ့ ရန်ကုန်မြို့တော်ခန်းမဟာဆိုရင်လည်း (၁၉)ရာစုနှောင်းပိုင်း ကိုလိုနီခေတ်တွင် ဆောက်လုပ်ခဲ့တဲ့ လက်ရာတစ်ခုပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရှိ ထိန်းသိမ်စောင့်ရှောက်ရမည့် ရှေးဟောင်းအဆောက်အအုံများစာရင်း ( Yangon Heristage List) မှာ ပါဝင်တဲ့ အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။
Yangon Heristage Trustအဖွဲ့ ရဲ့ ကြိုးပမ်းမှုကြောင့် အင်္ဂလန်နိုင်ငံရဲ့ ရှေးဟောင်းအမွေအနှစ်ဆု ( Blue Plaque ) ကို ပထမဦးဆုံးရရှိခဲ့တဲ့ အဆောက်အဦးတစ်ခုပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ခန်းမကို (၁၉၂၆) ခုနှစ်မှာ ဗိသုကာစည်သူဦးတင် ဦးစီးတဲ့ မြန်မာလုပ်သားများစွာက စတင်ဆောက်လုပ်ခဲ့ပြီး (၁၉၃၆)ခုနှစ်မှာ ဆောက်လုပ်မှုပြီးဆုံးခဲ့ပါတယ်။ (၁၀)နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ ရန်ကုန်မြို့တော်ခန်းမကြီးဟာ အချိန်ယူဆောက်လုပ်ခဲ့ရတာနဲ့ တန်အောင်ကို လက်ရာမြောက်လွန်းလှပါတယ်။
မြန်မာ့ယဉ်ကျေးမှု ဗိသုကာလက်ရာနဲ့ အနောက်တိုင်း ဗိသုကာလက်ရာ ပေါင်းစပ်ကာ တည်ဆောက်ထားတဲ့ ပထမဦးဆုံးအဆောက်အအုံ ဖြစ်တာကြောင့် နောက်ပိုင်း ဆောက်လုပ်ခဲ့တဲ့ ကိုလိုနီ အဆောက်အအုံုများရဲ့ စံပြတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။မြန်မာ့ဗိသုကာဟန်ဖြစ်တဲ့ ပြသာဒ်၊ ထီး၊ ဘုံနန်း များကို ကိုလိုနီခံတပ်ကြီးတစ်ခုပေါ်မှာ တည်ဆောက်ထားသယောင် ဖြစ်နေတာကြောင့် တမျိုးအမြင်ဆန်းသစ်နေစေပါတယ်။
ဝင်ပေါက်မှာ ထွင်းထုထားတဲ့ မြွေနှစ်ကောင်ဟာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ အယူအရ ခန်းမစောင့်အဖြစ်နေရာယူထားပေသည်။ ဗိသုကာလက်ရာမြောက် တည်ဆောက်ထားတဲ့ ရန်ကုန်မြို့တော်ခန်းမကို စိတ်ဝင်စားတဲ့ အများပြည်သူ လေ့လာနိုင်တဲ့ အဆောက်အဦးတစ်ခုဖြစ်ဖို့ကို Yangon Heristage Trust အဖွဲ့မှ ဆောင်ရွက်နေပြီး ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိတာကိုလည်း တွေ့ရပါတယ်။
၁၈၈၆ခုနှစ်မှစတင်ကာ ရန်ကုန်မြို့တော်ခန်းမဟာ မြူနီစပါယ် အုပ်ချုပ်ရေးရုံးစိုက်ရာနေရာ ဖြစ်ခဲ့ပါတယ်။ ယခုအခါမှာ ရန်ကုန်မြို့တော်ခန်းမကို ရန်ကုန်စည်ပင်သာယာရေးကော်မတီ၏ အခြေစိုက်ရုံးအဖြစ် သတ်မှတ်လုပ်ကိုင်လျက်ရှိပြီး ပွဲလမ်းသဘင်တွေကိုလည်း ရန်ကုန်မြို့တော်ခန်းမမျက်နှာစာတွင် ဂုဏ်ယူဝံ့ကြွားစွာ ကျင်းပလျက်ရှိပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Mmbiztoday
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties