By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 3 July 2018
ဂရန်ဆိုတာ ဘာလဲ သိဖို့လိုအပ်ပါတယ်။ ဂရန်ကို သိသလိုလိုနဲ့ မသိသေးသူတွေ အများကြီးရှိပါတယ်။မြေစာရင်းဌာနက ဂရန်ထုတ်ပေးတယ်လို့ ထင်နေသူတွေလည်း ရှိပါတယ်။မြေစာရင်းဌာနက ဂရန်ထုတ်ပေးခွင့်မရှိပါ။
ဂရန်ဆိုသည်မှာ
မြို့မြေတွေမှာ လူနေထိုင်ဖို့ (Residential Purpose) အတွက်ဖြစ်စေ၊ စီးပွားရေး ၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ၊ မြို့ပြဖွံ့ဖြိုးရေး ၊ စည်ပင်သာယာရေး စတဲ့ ကိစ္စရပ်တွေအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံးပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။
မြေငှားစာချုပ်ကို ဂရန်(Lease) လိုု့ခေါ်ပါတယ် ။ အပိုင်သဘောမျိုး ချထားတာကတော့ Grant လို့ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ ခေါ်ကြပါတယ်။
ဂရန်လျှောက်ထားခြင်း
အစိုးရမြေကို (ငှားရမ်း) အသုံးပြုလိုတဲ့ ပုဂ္ဂိကတွေ၊ ဌာနဆိုင်ရာ ၊ အဖွဲ့အစည်းတွေ၊ အသင်းတွေအနေနဲ့ သက်ဆိုင်ရာ ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားရပါတယ်။
(ရန်ကုန် မန္တလေးမှာတော့ မြို့တော်စည်ပင်) အဲဒီအခါမှာ သက်ဆိုင်ရာ ခရိုင်/ မြိို့နယ်တွေမှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက လျှောက်လွှာကို လက်ခံပြီး အမှုတွဲဖွင့်လှစ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ထို့နောက် အမှုတွဲကို ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးတွေကို အစိုးရက ချထားပေးနိုင်တဲ့ မြေဟုတ် မဟုတ် နဲ့ မြေရာဇဝင်ကို စီစစ် မှတ်ချက်ပြုပြန်ကြားပေးဖို့ လွှဲပြောင်း ပေးပို့လေ့ရှိပါတယ်။
အဲဒီလို ပေးပို့တဲ့ မြို့ / မြေဂရန်အမှုတွဲကို မြို့နယ် မြေစားရင်းဦးစီးဌာနက မိမိဌာနမှာ ရှိတဲ့မြို့ကွက်မြေပုံ (Block Maps) ၊ မြေရာဇဝင်မှတ်တမ်း (1-A Register) တွေနဲ့ တိုက်ဆိုင်စိစစ်ပြီးလျှောက်ထားတဲ့မြေနေရာအတွက် မြေရာဇဝင်မှတ်တမ်း ဖော်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ် / မဟုတ် နဲ့ အစိုးရက ချထားပေးနိုင်တဲ့မြေ Disposal Land ဟုတ်/ မဟုတ် မှတ်ချက်ပြုခြင်း ၊ မြို့မြေ ဧရိယာအတွင်း ကျရောက်ခြင်း ရှိ မရှိ နဲ့ အစိုးရ အဆောက်အအုံနှင့် အခြားကိစ္စများ အသုံးပြုရန် လျာထားမြေတွေအတွင်း ကျရောက်ခြင်း ရှိ/ မရှိတို့ုကို စိစစ်ပေးခြင်း၊ မြေတန်ဖိုးနဲ့ မြေငှားခတွေ တွက်ချက်ပေးခြင်း၊ စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။
ဂရန်မြေထုတ်ပေးတာက ထွေ/ အုပ်ဖြစ်ပြီး မြေကိုစိစစ်ပေးတာက မြေစာရင်းဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ် (G.A) ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး မြေစားရင်းဌာနက မြေပုံ (မြေစာရင်း- ၁၀၅)၊ မြေရာဇဝင် (မြေစာရင်း-၁၀၆) နဲ့မြေပေါ်လက်ရှိဖြစ်မှု အခြေအနေကိုသာ စိစစ်ပြန်ကြားဖို့ တာဝန်ခံရတာဖြစ်ပါတယ်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Tradeindia
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties