By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 7 June 2018
မြန်မာလူမျိုးတွေဟာ အိမ်တက်ခြင်း၊ အိမ်ဆောက်ခြင်းကို အလွန်ကိုအလေးထားကြပါတယ်။ ပထမဦးဆုံး မိမိနေထိုင်မယ့်အိမ်ဟာ မင်္ဂလာအပေါင်းခညောင်းနေစေဖို့ကလည်း တကယ့်ကို အရေးကြီးလှပါတယ်။ အိမ်တက်မင်္ဂလာ ပြုလုပ်ပုံ၊ ပြုလုပ်နည်း အမျိုးမျိုးရှိပါတယ်။ မြန်မာလူမျိုးအများစုကတော့ ရဟန်းသံဃာတွေကို ပင့်ဖိတ်ပြီး ရွတ်ဖတ်သရဇ္ဈာယ်ကာ အိမ်အနီးအနားကို အလှုကျွေးမွေးကာ အိမ်တက်မင်္ဂလာ ပြုလုပ်တက်ကြပါတယ်။
ဒီလို အိမ်တက်မင်္ဂလာပြုလုပ်ရာမှာ ကိုယ်တိုင်သတိမထားမိဘဲ ပြုလုပ်နေတဲ့အရာတွေကလည်း မင်္ဂလာတစ်ပါးဖြစ်စေပါတယ်။ လူအများသတိမထားမိသေးတဲ့ မြန်မာမှု၊မြန်မာဟန် အိမ်တက်မင်္ဂလာနဲ့ ပတ်သတ်ပြီး စာဖတ်သူတွေ ဗဟုသုတရရှိနိုင်ရုံတင်မကဘဲ ကိုယ်တိုင်ပြုလုပ်နိုင်ဖို့ ဆရာဦးဝင်းဇော်(သစ်တော)က အခုလိုပဲ ပြောထားပါတယ်။
နေအိမ်တစ်လုံးတည်ဆောက်ပြီး ဘယ်ရက်၊ ဘယ်လ၊ ဘယ်အချိန်ကာလမှာ ဆောက်လုပ်ပြီးစီးတယ်လို့ သတ်မှတ်တာဟာလည်း မင်္ဂလာယူခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီမင်္ဂလာယူတာကို “ဇေယျမင်္ဂလာ”လို့ ခေါ်ပါတယ်။
အိမ်အသစ်မှာ အဝတ်အထည်သစ် ဝယ်တာ၊ ချုပ်တာ အိမ်သစ်အတွက် လိုက်ကာ၊ ခန်းဆီးတွေ တပ်ဆင်တာ၊ ပရိဘောတွေထားရှိတာလည်း မင်္ဂလာတစ်မျိုးပါပဲ။ ဒီမင်္ဂလာကိုတော့ “သီရိမင်္ဂလာ” လို့ခေါ်ပါတယ်။
ဘုရားစင်နေရာချမယ်၊ ဘုရားဆင်းတုတော်၊ ဘုရားပလ္လင်တော်တွေကို ကြည်ညိုဖွယ်ဖြစ်အောင်ထားမယ်၊ အိမ်သစ်တက်ခြင်းအတွက် အမြတ်ဆုံးဖြစ်တဲ့ ရတနာမြတ်သုံးပါး ဦးထိပ်ဆင်တာကိုတော့ "ဝရမင်္ဂလာ" လို့ခေါ်ပါတယ်။ ဒါကတော့ တတိယမြောက် အိမ်တက်မင်္ဂလာပါ။
စတုတ္ထမြောက် အိမ်တက်မင်္ဂလာကတော့ ရဟန်းသံဃာတွေကို ပင့်ပြီးဆွမ်းကပ်လှူဒါန်းတဲ့ ကုသိုလ် အမှုပြုတာ၊ ဂုဏ်သရည်ရှိ ဧည့်သည်တွေ၊ ဆွေမျိုးအကြီးအကဲတွေနဲ့ ရပ်ရွာမှနေထိုင်တဲ့ ရပ်မိရပ်ဖတွေကို ကောင်းမွန်တဲ့ စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံကျွေးမွေးတာကိုတော့ သိဒ္ဓိမင်္ဂလာလို့ခေါ်ပါတယ်။
အိမ်သစ်ပေါ်မှာ မိသားစုအချင်းချင်းပဲဖြစ်ဖြစ်၊ အိမ်တက်မင်္ဂလာကို ချီးမြှင့်ပေးတဲ့ ဧည့်သည်နဲ့ပဲဖြစ်ဖြစ် အတိတ်ကောင်း၊ နိမိတ်ကောင်းတဲ့ မင်္ဂလာစကားတွေ ပြောဆိုကြတာကိုတော့ သုတိမင်္ဂလာလို့ ခေါ်ပါတယ်။
အိမ်တက်မင်္ဂလာကို ကြွရောက်လာတဲ့သူတွေ အချင်းချင်းဖြစ်ဖြစ်၊ အိမ်သူအိမ်သားတွေနဲ့ ဧည့်သည်တွေ အပြန်အလှန် တစ်ဦးရဲ့ ဂုဏ်ပုဒ်ကို တစ်ဦးက ကောင်းချီးမင်္ဂလာပြုပြီး ပြောဆိုကြတာကို “ သြဘာမင်္ဂလာ” လို့ခေါ်ပါတယ်။
သတ္တမမြောက်မင်္ဂလာကတော့ “ထောပနာမင်္ဂလာ” ဖြစ်ပါတယ်။ သြဘာမင်္ဂလာ လိုပဲ အချင်းချင်းလှိုက်လှဲပျူငှာစွာ နှုတ်ဆက်ပြောဆိုကြတာကို ခေါ်တာပါ။
အိမ်ရှင်နဲ့ မိသားစုကို အိမ်တက်မင်္ဂလာ တတ်ရောက်ချီးမြင့်တဲ့ ပုဂ္ဂိုလ်တွေက စီးပွားတိုးတက်စေဖို့ ဆုတောင်းပေးတာကို “ပတ္ထနာမင်္ဂလာ” လို့ခေါ်ပါတယ်။
အိမ်ရှင်နဲ့မိသားစုက အိမ်တက် မင်္ဂလာကြွရောက်လာတဲ့ ဧည့်သည်တွေကို အပြုံးပန်းတွေ၊ လန်းဆန်းနေတဲ့ မျက်နှာနဲ့ လက်တွေသာသာယာယာဆုပ်ကိုင်ပြီး ကျေးဇူးတင်ကြောင်းပြောတာကိုတော့ “သီတမင်္ဂလာ” လို့ခေါ်ပါတယ်။
နောက်ဆုံး မင်္ဂလာရှိစေတာကတော့ ဒီလိုအိမ်တက်မင်္ဂလာပြုလုပ်ရခြင်းကို ပီတီဝမ်းမြောက်ဖြစ်ရတာကိုတော့ “သုခမင်္ဂလာ” လို့ခေါ်ပါတယ်။
အိမ်တက်မင်္ဂလာတစ်ခု ပြုလုပ်တဲ့အခါမှာ မိသားစုက ကိုယ်စိတ်နှစ်ပါး တတ်ကြွလန်းဆန်းနေတဲ့ အသွင်ကိုဆောင်ထားရပါမယ်။ မဲ့ရွဲ့နေတဲ့ မျက်နှာအမူအယာ၊ မရွှင်ပြနွမ်းလျတဲ့ ပုံမျိုး မဖြစ်စေရပါဘူး။ ကြွရောက်လာတဲ့ ဧည့်သည်တွေကလည်း လာရတာ ရွှင်လန်းချမ်းမြေနေတဲ့ ပုံကိုဆောင်ရပါမယ်။ ဒီအချက်တွေဟာ အိမ်တက်မင်္ဂလာပြုလုပ်ရမှာ အရေးကြီးဆုံးအချက်တွေပါပဲ။
ကိုယ်ကိုတိုင်မထင်ထားတဲ့အချက်တွေကလည်း မင်္ဂလာရှိစေတာကြောင့် သတိထားသင့်ပါတယ်။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Domain
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties