By Shwe Kyaw (ShweProperty.com), Shweproperty.com
Updated at 16 May 2018
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံဆိုင်ရာနည်းဥပဒေ
အခန်း(၅) တွင်
လူနေထိုင်ရန်မသင့်သည့်အဆောက်အအုံများ
၄၈။ ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်းရှိ အဆောက်အအုံ၏ ဥပစာမြေမျက်နှာပြင်သည် နိမ့်လွန်းနေသဖြင့် သို့မဟုတ် မြင့်လွန်းနေသဖြင့် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူတို့အတွက် ကျန်းမာရေးကိုထိခိုက်စေခြင်း၊ စိတ်ငြိုငြင် မှုဖြစ်စေခြင်း သို့မဟုတ် အဆောက်အအုံများခိုင်ခံ့မှုကို ထိခိုက်စေခြင်းဖြစ်နိုင်သည်ဟုယူဆပါက ယင်းအဆောက်အအုံ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား သတ်မှတ်သည့်ကာလအတွင်း ယင်းဥပစာ၏ မြေမျက်နှာပြင်ကို နှိမ့်ရန် သို့မဟုတ် မည်သည့်မြေအမျိုးအစားဖြင့် မည်သည့်အမြင့်အထိဖို့ရန် ညှွန်ကြားနိုင်သည်။
၄၉။ အဆောက်အအုံ၏ ဥပစာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၄၈ အရ ကော်မတီ၏ ညှွန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမပြုသင့်ကြောင်း ဖြေရှင်းချက်နှင့်အတူ သတ်မှတ်ရက်အတွင်းကော်မတီသို့ တင်ပြနိုင်သည်။
၅ဝ။ ကော်မတီသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ညီညွတ်သည့်ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ယင်းမြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းလုပ်ငန်းအတွက် အမှန်ကုန်ကျမည့် ခန့်မှန်းခြေငွေကို သတ်မှတ်ရက်အတွင်း ပေးသွင်းရန် အကြောင်းကြားနိုင်သည်-
(က) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း လိုက်နာဆောင်ရွက်ခြင်း မပြုသင့်ကြောင်း ဖြေရှင်းတင်ပြမှုမရှိခြင်း၊
(ခ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း ဖြေရှင်းတင်ပြသော်လည်း ဖြေရှင်းတင်ပြ ချက်သည် ခိုင်လုံမှုမရှိခြင်း၊
(ဂ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ကော်မတီ၏ ညှွန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် မှုမရှိခြင်း။
၅၁။ ကော်မတီသည်-
(က) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်ရက်အတွင်း ကုန်ကျမည့်ခန့်မှန်းခြေငွေကို မပေးသွင်းလျှင် သို့မဟုတ် သတ်မှတ်ရက်အတွင် မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းလုပ်ငန်းလုပ်ကိုင်ရန် ပျက်ကွက်လျှင် ကော်မတီ၏အစီအစဉ်ဖြင့် သင့်လျော်သည့် ကာလအတွင်း မြေဖယ်ခြင်း သို့မဟုတ် သတ်မှတ်သည့် မြေအမျိုးအစားဖြင့် သတ်မှတ်သည့်အမြင့်အထိ မြေဖို့ခြင်းလုပ်ငန်းကိုဆောင်ရွက်နိုင်သည်။
(ခ) နည်းဥပဒေခွဲ(က)အရ ကော်မတီ၏ အစီအစဉ်ဖြင့် မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက် ရာတွင် မြေဖယ်ခ သို့မဟုတ် မြေဖို့ခကုန်ကျစရိတ်ကို သက်ဆိုင်ရာမြေပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူ ထံမှ တောင်းခံနိုင်သည်။
၅၂။ ကော်မတီသည် မြေမျက်နှာပြင် နိမ့်လွန်းနေသဖြင့် သို့မဟုတ် မြင့်လွန်းနေသဖြင့် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူတို့အတွက် ကျန်းမာရေးကိုထိခိုက်စေခြင်း၊ စိတ်ငြိုငြင်မှုဖြစ်စေခြင်း သို့မဟုတ် အဆောက်အအုံများ ခိုင်ခံ့မှုကို ထိခိုက်စေခြင်းဖြစ်နိုင်သည်ဟု ထင်မြင်ယူဆသည့်မြေကွက်ပေါ်ရှိ အဆောက်အအုံ မီးလောင်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ပြိုကျပျက်စီးသွားလျှင် သတ်မှတ်ကာလအတွင်း ယင်းမြေကွက်ကို မြေဖယ်ရန် သို့မဟုတ် သတ်မှတ်မြေအမျိုးအစားဖြင့် သတ်မှတ်သည့်အမြင့်အထိ မြေဖို့ရန် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအားညှွန်ကြား နိုင်သည်။
၅၃။ မြေပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၅၂ အရ ကော်မတီ၏ ညှွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၅၄။ ကော်မတီသည် မြေပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ယင်းမြေကွက်ကို သတ်မှတ်ချက်နှင့်အညီ မြေဖယ်ခြင်း သို့မဟုတ် မြေဖို့ခြင်း ပြုလုပ်ပြီးနောက်မှ ယင်းမြေကွက်ပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ခြင်းအတွက် ခွင့်ပြုချက် ထုတ်ပေးရန် သင့် မသင့်ဆုံးဖြတ်ရမည်။
၅၅။ ကော်မတီသည် အဆောက်အအုံတစ်ခု သို့မဟုတ် ယင်း၏အစိတ်အပိုင်းတစ်ခုခုသည် ကျန်းမာရေးနှင့်မ ညီညွတ်၍ လူနေထိုင်ရန် မသင့်ကြောင်း စစ်ဆေးတွေ့ရှိပါက လူနေထိုင်ခွင့်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား အကြောင်းကြားစာထုတ်ဆင့်နိုင်သည်။
၅၆။ သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၅၅ အရ ကော်မတီ၏ အကြောင်း ကြားစာပါအတိုင်း ဆောင်ရွက်ခြင်းမပြုသင့်ကြောင်း အကျိုးအကြောင်းဖော်ပြချက်နှင့်အတူ အကြောင်းကြားစာ ရရှိသည့် နေ့မှတစ်ဆယ့်ငါးရက်အတွင်း ကော်မတီသို့ ဖြေရှင်းတင်ပြနိုင်သည်။
၅၇။ ကော်မတီသည် နည်းဥပဒေ ၅၆ အရ သတ်မှတ်ရက်အတွင်း ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ဖြေရှင်းတင်ပြခြင်းမရှိလျှင်သော်လည်းကောင်း၊ ဖြေရှင်းတင်ပြချက်သည် ခိုင်လုံမှုမရှိလျှင်သော်လည်းကောင်း ယင်း အဆောက်အအုံ၌ နေထိုင်အသုံးပြုသူများအား ゞင်းတို့ပိုင်ပစ္စည်းများနှင့်အတူ ရက်ပေါင်းသုံးဆယ်အတွင်း ပြောင်းရှေွ့ ထွက်ခွာသွားရန် ညှွန်ကြားနိုင်သည်။
၅၈။ ကော်မတီသည် နည်းဥပဒေ ၅၇ အရ အဆောက်အအုံမှ ပြောင်းရှေွ့ထွက်ခွာသွားရန် ညှွန်ကြားလျှင် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်း၌ လူနေထိုင်ခြင်းမပြုရန် တားမြစ်ချက် သင်္ကတေအမှတ်အသား ရေးမှတ်ထားရမည်။
၅၉။ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူ၏ ဖြေရှင်းတင်ပြချက်အရ စိစစ်ပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်းကို သင့်လျော်သည်အထိ ပြုပြင်လျှင် နေထိုင်အသုံးပြုနိုင်မည်ဟု ယူဆပါက လက်ရှိနေထိုင်အသုံးပြုသူများအား ပြောင်းရှေွ့ထွက်ခွာသွားစေခြင်းမပြုဘဲ လိုအပ်သောစည်းကမ်းချက်များ သတ်မှတ်၍ ဆက်လက်နေထိုင်အသုံးပြုခွင့်ပေးနိုင်သည်။
၆၀။ ကော်မတီသည် နည်းဥပဒေ ၅၇ သို့မဟုတ် နည်းဥပဒေ ၅၉ အရ ဆောင်ရွက်ပြီး ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းဖြင့်ဖြစ်စေ၊ ပြန်လည်ပြုပြင် ခြင်းဖြင့်ဖြစ်စေ နေထိုင်အသုံးပြုရန် သင့်လျော်မည်ဟုယူဆပါက သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား အကြောင်းကြားစာရရှိသည့်နေ့မှ ခြောက်လအတွင်း တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ရန် ညှွန်ကြားနိုင်သည်။
၆၁။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၆ဝ အရ ကော်မတီ၏ ညှွန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
၆၂။ ကော်မတီသည် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏အစိတ်အပိုင်းများနှင့့်် စပ်လျဉ်း၍ တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ပြီးစီးကြောင်း စစ်ဆေးတွေ့ရှိရပါက မူလအနေထိုင်အသုံးပြုသူအား ပြန်လည်နေထိုင်အသုံးပြုခွင့်ပေးရမည်။
၆၃။ ကော်မတီသည် နည်းဥပဒေ ၆ဝ အရ ကော်မတီ၏ ညှွန်ကြားချက်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ်သည့် ခြောက်လ ကာလကုန်ဆုံးသော်လည်း တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းများ သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းများကို လက်ခံကျေနပ်နိုင်သည်အထိ မဆောင်ရွက်လျှင်သော်လည်းကောင်း၊ ယင်းလုပ်ငန်းများ အတွက် သတ်မှတ်ကာလကို တိုးမြှင့်ပေးရန် လျှောက်ထားခြင်းမပြုလျှင်သော်လည်းကောင်း သက်ဆိုင်ရာ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို ရက်ပေါင်း သုံးဆယ်အတွင်း ဖြိုဖျက်ရန် ညှွန်ကြားနိုင်သည်။
၆၄။ ကော်မတီသည် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို တည်ဆောက်မှုဆိုင်ရာ ပြောင်းလဲပြင်ဆင်ခြင်းဖြင့်ဖြစ်စေ၊ ပြန်လည်ပြုပြင်ခြင်းဖြင့်ဖြစ်စေ ပြုလုပ်သည့်တိုင်အောင် နေထိုင်အသုံးပြုရန်မဖြစ်နိုင်ဟု ယူဆပါက သက်ဆိုင်ရာပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား အကြောင်းကြားစာရသည့်နေ့မှ ရက်ပေါင်းသုံးဆယ် အတွင်း ဖြိုဖျက်ရန်ညှွန်ကြားနိုင်သည်။
၆၅။ ကော်မတီသည် နည်းဥပဒေ ၆၃ သို့မဟုတ် နည်းဥပဒေ ၆၄ အရ သတ်မှတ်သည့်ရက်ပေါင်းသုံးဆယ်အတွင်း ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို ဖြိုဖျက်ခြင်းမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလကို တိုးမြှင့်ပေးရန် လျှောက်ထားခြင်းမပြုလျှင်သော်လည်း ကောင်း ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်နိုင်သည်။
၆၆။ ကော်မတီသည် ယင်းအဆောက်အအုံ သို့မဟုတ် ယင်းအဆောက်အအုံ၏ အစိတ်အပိုင်းကို ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူထံမှ တောင်းခံခြင်း၊
(ခ) ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက မပေးပါက ဖြိုဖျက်ထားသော အိမ်ဆောက် ပစ္စည်းများကို လေလံတင်ရောင်းချပြီး ကုန်ကျစရိတ်ကို နုတ်ယူ၍ပိုငွေကို ပိုင်ရှင်အား ပြန်ပေးခြင်း၊
(ဂ) ကုန်ကျစရိတ်သည် လေလံတင် ရောင်းချရငွေထက် ပိုမိုနေပါက ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြု သူထံမှ လိုငွေကို သတ်မှတ်ကာလအတွင်း ထပ်မံပေးသွင်းရန်တောင်းခံခြင်း၊
(ဃ) နည်းဥပဒေခွဲ (ဂ) အရ တောင်းခံသည့်လိုငွေကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ် ကာလအတွင်း မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်သကဲ့သို့အရ တောင်းခံနိုင်ခြင်း။
၆၇။ ကော်မတီသည် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက လုံလောက်သည့် အကြောင်းပြချက်ဖြင့် အဆောက် အအုံဖြိုဖျက်ရန် သတ်မှတ်ထားသည့် ရက်ပေါင်း သုံးဆယ်ထက် ပိုမို၍ အချိန်ကာလတိုးမြှင့်ပေးရန် လျှောက်ထားလာပါက သင့်လျော်သည့် အချိန်ကာလကို တိုးမြှင့်ပေးနိုင်သည်။
၆၈။ ကော်မတီသည် အဆောက်အအုံတစ်ခုဖြစ်စေ၊ ယင်း၏နံရံဖြစ်စေ၊ ယင်း၏အဓိကအစိတ်အပိုင်းများဖြစ်စေ၊ ယင်းနှင့်ဆက်စပ်နေသော အစိတ်အပိုင်းတစ်ခုခုဖြစ်စေ ယိုယွင်းပျက်စီးနေသည့် သို့မဟုတ် အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင်ရှိသည်ဟု တွေ့ရှိရပါက အများပြည်သူ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယင်းအဆောက်အအုံကို အဆောတလျင် ဖြိုဖျက်ရန် ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူအား ညှွန်ကြားနိုင်သည်။
၆၉။ ကော်မတီသည်-
(က) နည်းဥပဒေ ၆၈ အရ ဖော်ပြသည့် အဆောက်အအုံသည် မလွဲမသွေ ပြိုကျပျက်စီး၍ ဘေး အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေတွင် ရောက်ရှိနေပြီဟု ယူဆလျှင်ဖြစ်စေ၊ လိုအပ်ချက်အရ သက်ဆိုင် ရာမှ ဖယ်ရှားရန် အကြောင်းကြားသော်လည်း ဖယ်ရှားခြင်းမပြုလျှင်ဖြစ်စေ၊ အရေးပေါ် အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်လျှင်ဖြစ်စေ ယင်းအဆောက်အအုံအား ဖြိုဖျက်ရန် အကြောင်းကြားစာမထုတ်ဆင့်ဘဲ အဆောက်အအုံတွင် နေထိုင်သူများနှင့် ယင်းတို့ပိုင်ပစ္စည်းအားလုံးကို အင်အားသုံး၍ဖယ်ရှားပြီး ကော်မတီ၏ အစီအစဉ်ဖြင့် ဖြိုဖျက်နိုင်သည်။
(ခ) ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက အဆောက်အအုံကို ဖြိုဖျက်ရန် ဆန္ဒရှိကြောင်း လျှောက်ထားလျှင် လိုအပ်သောစည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုနိုင်သည်။
(ဂ) နည်းဥပဒေခွဲ (က)အရ ကော်မတီ၏ အစီအစဉ်ဖြင့် အဆောက်အအုံအား ဖြိုဖျက်ရာ တွင် ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူထံမှ တောင်းခံနိုင်သည်။
(ဃ) နည်းဥပဒေခွဲ (ဂ)အရ တောင်းခံသည့်ကုန်ကျစရိတ်ကို ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူက သတ်မှတ် ကာလအတွင်း မပေးသွင်းပါက ယင်းငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်သကဲ့သို့ အရတောင်းခံ နိုင်သည်။
၇၀။ ကော်မတီသည် အဆောက်အအုံ တစ်ခုတွင်ဖြစ်စေ၊ ခြံဝင်းတစ်ခုတွင်ဖြစ်စေ ချုံနွယ်ပိတ်ပေါင်းများ ပေါက်ရောက် နေခြင်း၊ ကျန်းမာရေးထိခိုက်စေသည့် အနံ့ဆိုးများထွက်နေခြင်း သို့မဟုတ် ခြံစည်းရိုးပေါက်ပြဲပျက်စီးနေခြင်းကြောင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများအား အနှောင့်အယှက်ဖြစ်စေသည်ဟုယူဆပါကယင်းအဆောက်အအုံ သို့မဟုတ် ခြံဝင်းကို ရှင်းလင်းစေရန်၊ ခြံစည်းရိုး ပြင်ဆင် ကာရံစေရန် သို့မဟုတ် သန့်ရှင်းရေးပြုလုပ်စေရန် ပိုင်ရှင် သို့မဟုတ် နေထိုင် အသုံးပြုသူအား ညှွန်ကြားနိုင်သည်။
၇၁။ ပိုင်ရှင် သို့မဟုတ် နေထိုင်အသုံးပြုသူသည် နည်းဥပဒေ ၇ဝ အရ ကော်မတီက ထုတ်ဆင့်သည့် ညှွန်ကြား ချက်များကို လိုက်နာဆောင်ရွက်ရမည် ဟုဖော်ပြထားသည်။
Written By : Shwe Kyaw (ShweProperty.com)
Photo Credit : b-alaw
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties