By Hsu Myat May Zaw (ShweProperty.com), Shweproperty.com
Updated at 23 May 2018
အိမ်တိုင်းမှာ အိမ်မြှောင်ဆိုတာ ရှိတက်ကြပါတယ်။ သိပ္ပံသဘောအရ အိမ်မြှောင်စုတ်ထိုးသံနဲ့ ပတ်သတ်ပြီး ပြောစမှတ်ရှိတာတွေကို မယုံသူတွေရှိသလို အရှေ့တိုင်းအယူအဆများအရလည်း ယုံကြည်သူများစွာရှိတာကို တွေ့ရပါတယ်။
ဒါပေမယ့် ဒီနေ့ဒီအချိန်မှာတော့ အချိန်တွေကြာလာတာနဲ့အမျှ အိမ်မြှောင်စုတ်ထိုးခြင်းနဲ့ ပတ်သတ်ပြီး အတိတ်ကောက်တာကို မယုံကြည်တာထက် မေ့မေ့ပျောက်ပျောက် နေထိုင်လာကြတာကို တွေ့ရပါတယ်။
အိမ်မြှောင်စုတ်ထိုးခြင်းကို မဟာဗောဓိပင် ဆရာတော်ဘုရားကြီးက အရှေ့တိုင်းအယူအရ အိမ်မှာရှိတဲ့ အစောင့်အရှောက်နတ်တွေရဲ့ ငြိုငြင်တာကြောင့် သတိပေးတာဖြစ်တယ်ဟု မိန့်ကြားခဲ့ဖူးပါတယ်။ ဒီအစောင့်အရှောက်နတ်တွေရဲ့ ငြိုငြင်မှုကို ခံရတဲ့ အိမ်က မိသားစုတွေဟာ စိတ်မချမ်းမသာ ဖြစ်ရပြီး စီးပွားရေးတွေလည်း ပျက်ပြားတက်တဲ့အထိ ဖြစ်နိုင်တယ်ဟု အယူရှိကြောင်းကိုလည်း မိန်ဆိုခဲ့ပါတယ်။
ဒီနတ်တွေရဲ့ ငြိုငြင်မှုကိုတော့ ဈာန်ကွက်(ကသိုဏ်းကွက်) ဝင်နေတဲ့ အိမ်မြှောင်ဆိုတဲ့ ရှေးသတ္တဝါတစ်မျိုးကသာသိနိုင်တာကြောင့် အိမ်မြှောင်စုတ်ထိုးသံဆိုတာ လူနဲ့နတ်တိုရဲ့ ကြားခံအချက်ပြအဖြစ် ရှေးထုံးအယူရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။
အိမ်ရှေ့ခန်းကနေ စုတ်ထိုးသံကြားရမယ်ဆိုရင် အစိုးရ၊ မင်းစိုး၊ မင်းမှုတွေနဲ့ ကြုံရ စကားများရတက်ပါတယ်၊ အိမ်အလယ်ခန်းက စုတ်ထိုးခဲ့မယ်ဆိုရင်တော့ မိမိတို့ရဲ့ သား၊သမီးကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ညစ်ရတက်ပါတယ်၊ အိပ်ခန်းထဲကနေ ကြားရမယ်ဆိုရင်တော့ လင်မယား ရန်ဖြစ်တက်ပါတယ်။
လူတွေ မကောင်းမှုတွေ ကျူးလွန်နေတာကြောင့် နတ်တွေစိတ်မချမ်းသာရင် လူတွေမှာ ကံဆိုးနိုင်တယ်လို့ အယူရှိတာကြောင့် အိမ်မြှောင်စုတ်ထိုးသံကို အတိတ်ကောက်တက်မယ်ဆို အိမ်တွေမှာ အိမ်စောင့်နတ်တွေရဲ့ စောင့်ရှောက်မှုကြောင့် ကံကောင်းခြင်းတွေနဲ့ ပြည့်စုံစေမှာ အမှန်ပါဘဲ။
“ရှေးထုံးလည်းမပယ်နဲ့၊ ဈေးသုံးလည်းမကြွယ်နဲ့” ဆိုတဲ့ရှေးဆိုရိုးလေးအတိုင်း အိမ်တစ်အိမ်မှာ အိမ်မြှောင်စုတ်ထိုးတဲ့အခါ ဒီအချက်တွေကို သိထားမယ်ဆိုရင်တော့ ရှောင်သင့်တာကိုရှောင်နိုင်တာကြောင့် သင့်ရဲ့ကံကြမ္မာကို တမျိုးတမည် ပြောင်းလဲသွားစေနိုင်မှာပါ။
Written By : Hsu Myat May Zaw (ShweProperty.com)
Photo Credit : Bloginasia
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties