By Wunyan, Shweproperty.com
Updated at 2 February 2019
သစ်မင်း ပုံပါ။ သစ်ဆိုးဝါးဆိုးတွေကိုနိုင်နင်းတယ်လို့ဆိုပါတယ်။ အိမ်တွေမှာ သစ်ဆိုတာ မပါမဖြစ်ပါ။ သစ်ဝါးတွေဆိုတာကလည်း တောမှာပေါက်ကြတယ်။
အချို့သစ်ဝါးတွေက အန္တရာယ်ဖြစ်စေတတ်တဲ့ ကမ္မစိဒ္ဓိရှင်တွေရဲ့ အရိပ်အငွေ့တွေပါလာတတ်ကြပါတယ်။ အဲလိုသစ်ဝါးမျိုးနဲ့ ဆောက်မိရင် အဲဒီအိမ်မှာနေကြသူများအတွက် မကောင်းတော့ပါဘူး။ ပြဿနာဖြစ်တာများလာပါတယ်။ သတိပြုမိရင် ညညတောက်ခေါက်သံလိုမျိုး ကြာရတတ်ပါတယ်။ ဒါကတကယ်ပါ လက်သမားတွေသိကြပါတယ်။
ကဲ ဒီအခါဘယ်သစ်ဝါးက မကောင်းဆိုးဝါးသဘောပါနေတာလဲ။ ဘယ်လိုသိမလဲ။ သစ်ခြောက်လို့လည်းခေါ်တယ်အဲလိုတောက်ခေါက်တဲ့သစ်ဝါးဆိုရင်လေ။ ဘယ်နေရာမှာသုံးမိမှန်းမသိတော့ ဘယ်လိုဖယ်မလဲ။ နေရာသိရင်တောင် ပရိဘောဂကို ဖျက်ဆီးပြီးအသစ်လုပ်ရမှာနော်။ အဲလိုဆို ကုန်ကျစားရိတ်တွေ များတော့မယ်။ အသစ်လုပ်ရင်တောင် သစ်ဝါးအပိုင်းတင်မပြီးဘူး ။ တိုက်တွေဆိုရင် ပန်းရံကိစ္စတွေ ဒက်ခရေးရှင်းအပိုင်းတွေထိ ပြန်ကုန်ရတော့မယ်။
သစ်ခြောက်ကိုနိုင်တာ အခုပုံပါ သစ်မင်းပါပဲ။ တောက်ခေါက်သံကြားရတဲ့နေရာမှာ သစ်မင်းကို သပ်သဘောမျိုးရိုက်လိုက်ရင် ပြီးပါတယ်။ အကယ်လို့ သေချာချင်ရင် တောက်ခေါက်သံကြားကြား မကြားကြား အိမ်ရဲ့ လေးဖက်လေးတန်မှာ သစ်မင်းအသားစလေးတွေကို သပ်ရိုက်ခဲ့ရင် ရပါတယ်။ တောက်ခေါက်သံဆိုလို့ လူတောက်ခေါက်သလိုမျိုးမဟုတ်ဘူးနော်။ အိမ်မြောင်စုတ်ထိုးသလိုမျိုးသဘောဆင်ပါတယ်။
သစ်မင်းက အခေါက်ပိုင်းမှာ ပုံပါအတိုင်း ကွင်းချိတ်ကလေးတွေ ဆက်နေပါတယ်။ ဒါတွေက ဘုရားဟောမဟုတ်ပါဘူး။ ဘုရားဟောမဟုတ်လို့ ငါတို့တော့ ပယ်မယ်ဆိုသူတွေအတွက်ကတော့ ရှင်းပြဖို့မရှိပါဘူး။ သို့သော် ဘုရားဟောမဟုတ်လို့ပယ်ပြီးတော့ လောကီနယ်အတွင်းမှာနေကြသူတွေအဖို့ရာ အလွန်တရာမှ အန္တရာယ် များလှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်ခြောက်မှာ အစွဲရှိနေတဲ့ ကမ္မစိဒ္ဓိရှင်က မကောင်းရာမကောင်းကြောင်းလုပ်ဖို့ အိမ်ရှင်နေရာကို တကယ့်အိမ်ရှင်မနေသေးခင်ကတည်းက ဦးသွားလို့ပါပဲ။
တစ်ခုတော့ရှိတာပေါ့ အခြားသမာဓိအားကောင်းသူသမထသမားဖြစ်စေ၊ သမထမလုပ်သော်လည်း ဝိပဿနာသဘောအသိအားကောင်းသူတရားရှင်ဖြစ်စေပေါ့ ထိုသူတစ်ဦးတစ်ယောက်ရဲ့ အရှိန်အဝါကြောင့်လည်း သစ်ခြောက်မှာစွဲနေတဲ့ ကမ္မစိဒ္ဓိသဘောကို ဖျက်စီးနိုင်ပါတယ်။ ဒါမျိုးကလည်းကြုံဦးမှလေ။ သေချာတာကတော့ တောက်ခေါက်သံကြားကြား မကြားကြား သစ်မင်းကို အိမ်သစ် အိမ်ဟောင်းမရွေး ညှပ်ထည့်ပေးလိုက်ရင် ရပါပြီ။
ဒါ့အပြင် သစ်မင်းဟာ ပယောဂဖြစ်သူကို ဖြစ်တဲ့နေရာမှာ ထိတွေ့ထားရင် ကာယကံရှင်ဟာ သိတတ်သူဆိုရင် ခန္ဓာကိုယ်ကနေ စူးကနဲ စူးကနဲနဲ့ ကမ္မစိဒ္ဓိစက်တွေ အနှေးနဲ့အမြန် ထွက်တာကို သိပါလိမ့်မယ်။ ဒါကတော့ ကျွန်တော်စမ်းကြည့်ဖူးတာကိုပြောပြတာပါ။ ဖြစ်တဲ့နေရာမသိရင် ဦးခေါင်းနဲ့ ဝမ်းဗိုက်ပေါ်တင်ပါတယ်။
Ref & Photo Credit : Wunyan
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties