By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 10 July 2018
ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာ ပိုင်ဆိုင်ထားတဲ့ သန်းကြွယ်သူဌေးတွေ အများကြီး ရှိပါတယ်။ဒီလို သန်းကြွယ် သူဌေးတွေ ပိုင်ဆိုင်တဲ့ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ အိမ်တွေကလည်း အများကြီးပါ။သန်းပေါင်းများစွာ တန်ဖိုးရှိတယ်ဆိုတော့ သူတို့ရဲ့ အိမ်တွေဟာ နတ်ပြည်အလား ထင်မှတ်မှားစေမယ့် ဇိမ်ခံအိမ်ကြီးတွေပဲ ဖြစ်မှာပါ။ကဲ ကမ္ဘာ့ဈေးအကြီးဆုံးအိမ်တွေက ဘယ်အိမ်တွေ ဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်နော်။
(၁)Beverly House
ဒီအိမ်ကြီးကတော့ အမေရိကန်ပြည်ထောင်စု၊ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills က Beverly House လို့ အမည်ရတဲ့ $ 135 Million တန်တဲ့ အိမ်ကြီးပါ။ဒီအိမ်ကြီးကို ငှားရမ်းမယ်ဆိုရင်တော့ တစ်လကို $ 600,000 နဲ့ ငှားရမ်း နေထိုင်နိုင်မှာပါ။၆ ဧက အကျယ်အဝန်းရှိတဲ့ မြေပေါ်မှာ တည်ဆောက်ထားပြီး Italian နဲ့ Spanish Style ရောစပ်ပြီး အလှဆင် တည်ဆောက်ထားပါတယ်။အိမ်ထဲမှာတော့ စာကြည့်တိုက် အကြီးကြီးတစ်ခု ပါရှိပြီး လူအယောက် (၄၀၀)ခန့် ဝင်ဆံ့တဲ့ Family Room တစ်ခုလည်း ပါရှိပါတယ်။ Beverly House ကိုတော့ Architect Gordan Kaufmann က ဒီဇိုင်းရေးဆွဲပေးခဲ့တာပါ။ “Citizen Kane” ဆိုတဲ့ စိတ်ကူးယဉ် ဇာတ်ကောင်အဖြစ် ဖန်တီးခံရသူ William Randolph Hearst က ၁၉၅၁ ခုနှစ်အထိ ဒီအိမ်ကြီးမှာ နေထိုင်ခဲ့ပါတယ်။ နာမည်ကျော် ရုပ်ရှင်တွေဖြစ်တဲ့ “The Godfather” နဲ့ “The Bodyguard” ဆိုတဲ့ ဇာတ်ကားတွေကိုလည်း ဒီ အိမ်ကြီးမှာပဲ ရိုက်ကူးခဲ့တာပါ။
(၂)Kensington Palace Garden
အင်္ဂလန်နိုင်ငံ၊လန်ဒန်မြို့မှာ တည်ရှိတဲ့ Kensington Palace Garden က စံအိမ်ကြီးကိုတော့ အိန္ဒိယလူမျိုးတစ်ဦးက ပေါင် (၅၇) မီလီယမ်နဲ့ ဝယ်ယူခဲ့ပြီး “Taj Mittal” ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ အခုလက်ရှိမှာတော့ $ 89.4 million ခန့်အထိ တန်ဖိုးမြင့်တက်လာပါတယ်။ဒီ စံအိမ်ကြီးက ၅၅၀၀၀ စတုရန်းပေ ကျယ်ဝန်းပြီး အိပ်ခန်း(၁၂)ခန်း၊ ရေကူးကန်၊ပန်းချီပြခန်း နဲ့ အခမ်းအနားတွေကျင်းပနိုင်မယ့် Ballroom တစ်ခုလည်း ပါရှိပါတယ်။
(၃)ဘီလ်ဂိတ်ရဲ့ အိမ်
Microsoft ရဲ့ Co-Founder ဖြစ်တဲ့ ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး ဘီလ်ဂိတ်ရဲ့ Washington က $ 125.5 million တန်တဲ့ Xanadu 2.0, Medina က အိမ်ကလည်း ကမ္ဘာ့ဈေးအကြီးဆုံး အိမ်တွေထဲက တစ်အိမ်ပါ။ ၁၉၉၈ ခုနှစ်တုန်းက ဘီလ်ဂိတ်က ဒီအိမ်ကို $ 14 million ဝယ်ယူခဲ့တာပါ။၆၆၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ဒီ အိမ်ကို Washington ရေကန်ရှေ့ တောင်ကုန်တစ်ခုရဲ့ ဘေးမှာ တည်ဆောက်ထားပြီး ၃၉၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ရေကူးကန်၊ ၂၅၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ Gym ၊ ၂၁၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ စာကြည့်တိုက်၊ ၂၃၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ Reception hall နဲ့ 6300 စတုရန်းပေ ကျယ်ဝန်းတဲ့ မြေအောက် ဂိုထောင်ကြီးတစ်ခုတို့ ထည့်သွင်းတည်ဆောက်ထားပါတယ်။
Written By : Saint Sandi Htet (ShweProperty.com)
Photo Credit : Jhmrad
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties