By Property Journal, Shweproperty.com
Updated at 25 June 2018
တိုက်ခန်းဝယ်မယ်ဆိုရင် ခွင့်ပြုချက်မဲ့နဲ့ တရား မဝင် တည်ဆောက်ထားတဲ့ တိုက်တွေရှိတာကြောင့် စိစစ်ပြီးမှ ဝယ်ယူသင့် တယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနမှ တာဝန် ရှိသူတစ်ဦးက တိုက်ခန်းဝယ်မယ်ဆိုရင် ရောင်းမယ့်သူ၊ ရောင်းမယ့်ကန်ထ ရိုက်ကို ပါမစ်မိတ္တူနဲ့ BCC (လူနေထိုင်ခွင့်ပါမစ်) ပြခိုင်းပါ၊ ပါမစ်ရှိရင် ပြနိုင် တယ်၊ ပါမစ်မရှိရင် မပြနိုင်ဘူး၊ အဲဒီအခန်းမျိုးမဝယ်နဲ့ပေါ့ လို့ ပြောပါတယ်။
ဆောက်နေတဲ့အချိန်မှာလည်း စည်ပင်က ခွင့်ပြုတဲ့ ဆိုင်းဘုတ်အစိမ်းရောင် ထောင်ထားရင် တရားဝင်ဆောက်လုပ်တာ ၅၀ ရာခိုင်နှုန်း သေချာပါတယ်။ ဆိုင်းဘုတ်အစိမ်းကို အတုထောင်တာတွေရှိတတ်တာကြောင့် စည်ပင်ဝက်ဘ် ဆိုက်ထဲမှာ အဲသည် အဆောက်အအုံရဲ့ လိပ်စာကို ရိုက်ထည့်လိုက်ရင် ခွင့်ပြုပေးထားရင် အဲသည် လိပ်စာပေါ်လာမယ်။ ခွင့်ပြုတာ မရှိရင်တော့ မပေါ်ဘူးလို့ သိရပါတယ်။
တရားဝင်တည်ဆောက်ဖို့ ခွင့်ပြုတဲ့ ပါမစ်မိတ္တူတွေကို မြို့နယ်အုပ်ချုပ်ရေး မှူးတွေကိုလည်း ပေးထားတာကြောင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးမှာလည်း စုံစမ်းနိုင်ပါတယ်
ဈေးနှုန်းကွာခြားချက်ကြောင့် တရားမဝင်တိုက်ခန်းတွေကို ဝယ်ကြတယ်၊ တရားဝင်တိုက်ခန်းက လက်ရှိ သင်္ဃန်းကျွန်းဘက်မှာ ကျပ်သိန်း ၂၅၀ လောက် ပေါက်တယ်၊ တရားမဝင်တိုက်ခန်းတွေက ကျပ်သိန်း ၁၀ဝ လောက်သာရှိတယ် လို့ နောင်ဦး အိမ်ခြံမြေအကျိုးဆောင်မှ ဦးမြင့်ဦးက ပြောပါတယ်။
တရားမဝင်ခွင့်ပြုချက်မဲ့ တည်ဆောက်တဲ့တိုက်ခန်းဝယ်မိရင် လျှပ်စစ်မီတာ လျှောက်ထားလို့ မရသလို မြေညီထပ်တွေဆိုရင်တော့ လုပ်ငန်းလိုင်စင် လျှောက်ခွင့်နဲ့ ဆိုင်းဘုတ်ထောင်ခွင့်မရဘူးလို့ သိရပါတယ်။
စည်းကမ်းမဲ့ တည်ဆောက်တာတွေများလာတာကြောင့် လက်ရှိရန်ကင်းက ခွင့်ပြုချက်မဲ့ အဆောက်အအုံသုံးလုံးကို ဖြိုခဲ့သလို စံနမူနာဖြစ်ဖို့ သင်္ဃန်း ကျွန်းဘက်မှာလည်း ဖြိုဖို့စီစဉ်နေပါတယ်။ စံနမူနာပြ ဖြိုမယ့်တိုက်ခန်းမဝယ်မိအောင်စုံစမ်းစစ်ဆေးပြီးမှ ဝယ်ယူသင့်တယ်လို့ သိရပါတယ်။
ခွင့်ပြုချက်မဲ့တည်ဆောက်တဲ့ အဆောက်အအုံတွေက အရှေ့ပိုင်းခရိုင်မှာ ၆၀၂ လုံး၊ အနောက်ပိုင်းခရိုင်မှာ ၉၉ လုံး၊ တောင်ပိုင်းခရိုင်မှာ ၁၂၄ လုံးနဲ့ မြောက်ပိုင်းခရိုင်မှာ ၃၃၂ လုံးအထိ ရှိပြီး ခွင့်ပြုချက်ထက် ကျော်လွန်တည်ဆောက်တဲ့ အဆောက်အအုံ ၅၅ လုံးအထိ ရှိခဲ့တယ်လို့ ၂၀၁၃ ခုနှစ် စာရင်းတွေအရ သိရပါတယ်။
Ref : Property Journal
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties