By Shwe Kyaw, Shweproperty.com
Updated at 14 May 2020
မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့နယ်နိမိတ်အတွင်းတွင်ရှိသော စည်ပင်မြေများ၊ စည်ပင်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများ၊ တည်ဆဲဥပဒေနှင့်အညီ စည်ပင်မှ လွှဲပြောင်းရရှိထားသော မြေများ၊ ပုဂ္ဂလိကမြေများ၊ လိုင်စင်ဖြင့်ဖြစ်စေ၊ မြေငှားစာချုပ်ဖြင့်ဖြစ်စေ ပုဂ္ဂလိက နေထိုင်ခွင့်ပြုထားသော မြေများကို စီမံလျက်ရှိပါသည်။
အဆိုပါ စီမံခန့်ခွဲခွင့် ရှိသောမြေများကို အောက်ပါအတိုင်း စီမံခန့်ခွဲလျက်ရှိပါတယ်။
ထိုမြေများတွင် မြို့ပြစီမံကိန်းနှင့်အညီ မြို့သစ်များကိုတည်ထောင်ပြီး မြေစာရင်း၊ ရပ်ကွက်၊ မြို့မြေပုံများ ပြုစုထိန်းသိမ်းခြင်းများကို ဆောင်ရွက်ရသည်။
ထို့နောက် မြေများကို စာချုပ်များ ၊လိုင်စင်များ၊ ပါမစ်များထုတ်ကာ နေထိုင်အသုံးပြုခွင့်ပြုရသည်။ ထို စာချုပ်များ ၊လိုင်စင်များ၊ ပါမစ်များကို သက်တမ်းတစ်ခုသတ်မှတ်ပြီး တိုးမြှင့်ခြင်း၊ သက်တမ်းကျော်လွန်ပါက ဖျက်သိမ်းခြင်းများကိုလည်း တစ်ဆက်တည်း ပြုလုပ်ရပါသည်။
မြေများကို လဲလှယ်ခြင်း၊ အမည်လွှဲပြောင်းခြင်း၊ မြေတိုင်းတာခြင်း၊ မြေပုံရာဇဝင်ထုတ်ပေးခြင်း၊ မြေပုံထုတ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များကိုလည်း စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူလုပ်ဆောင်ရသည်။
မြေခွန်မြေခများ သတ်မှတ်ကာ ကောက်ခံခြင်း၊ သက်သာခွင့်ပြုခြင်း၊ ကင်းလွှတ်ခြင်းနှင့် ပယ်ဖျက်ခြင်း၊ အခွန်ပိုငွေ ပြန်အမ်းခြင်းများကိုလည်း တာဝန်ယူရသည်။
ကော်မတီပိုင်မြေကို တရားမဝင်ကျူးကျော်သည့် အဆောက်အအုံများကိုလည်း ဖယ်ရှားကာ တရားစွဲဆိုခွင့်ရှိပြီး မြို့ပြစီမံကိန်း အကောင်အထည်ဖော်ရာတွင် မလွတ်ကင်းသော ပုဂ္ဂလိကပိုင်မြေများကိုဖယ်ရှားခွင့်ရှိပေသည်။ ဝန်ကြီးဌာနပိုင်မြေများကိုမူ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညှိုုနှိုင်း၍ လွှဲပြောင်းရယူရသည်။
လူနေရပ်ကွက်များ၊ မြို့တွင်း၊မြို့ပြင်ရှိ အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ မီးလောင်ပျက်စီးပါက ယင်းမီးလောင်မြေများ၊ သဘာဝဘေးအန္တာရာယ်ကြောင့် ပျက်စီးသွားသော မြေများ၊ ပိတ်သိမ်းပြီးသော သုူန်မြေများ၊ သိမ်းယူ၊ဝယ်ယူထားသော အဆောက်အအုံများ၊မြေများ နှင့် လွှဲပြောင်းရရှိထားသော မြေများကိုလည်း စည်ပင်သာယာရေးကော်မတီမှ မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းနှင့်အညီ လိုအပ်သလို စီမံခန့်ခွဲရသည်။
အဆိုလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ကော်လိတ္တော်အရာရှိ။ မြေခွန်တော်အရာရှိ၊ မြေအရာရှိနှင့် နယ်နိမိတ်အရာရှိများ ခန့်ထားကာ တာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိသည်။
Written By: Shwe Kyaw (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties