By Sint Sint, Shweproperty.com
Updated at 1 September 2020
ကျွန်နုပ်ဧ။် အဘိုးတစ်ဦးသည် ကုန်ထမ်းသော အလုပ်ဖြင့် ပင်ပန်း ဆင်းရဲစွာ အသက်မွေး ရလေဧ။်။
သို့ရာတွင် ၎င်းဧ။် အိမ်ကလေးမှာမူ သပ်သပ်ရပ်ရပ်နှင့် အတော်ကလေး တန်ဖိုးကြီးလေဧ။်။
အမွေ ရထားသော အိမ်ကလေးဖြစ်ဧ။်။ ထို့ကြောင့်လည်း ထို အိမ်ကလေး ကို မထုခွဲရက် ပဲ အဆင်းရဲ ခံကာ နေထိုင်ခဲ့လေဧ။် တစ်ခါသော် အဘိုးတို့ ရပ်ကွက်တွင်မီးလောင်ရာ ထို အိမ်ကလေး ပါသွားလေတော့ ဧ။်။
အစကပင် ချိူ့ငဲ့ ရှာသောအဘိုးသည် အိမ်ကောင်းကောင်း ပြန်မဆောက်နိုင်တော့ပဲ ဝါးတဲ ကလေးဖြင့်သာလျှင် နေရရှာလေတော့ဧ။်။
သို့ရာတွင် ထိုဝါးတဲကလေးဖြင့် နေထိုင်ရပြီး ၆လခန့် အကြာမှာပင် အဘိုးသည် ထီပေါက်လေတော့ဧ။်။
စီးပွားများ ထူထောင်ကာ လူချမ်းသာတစ်ဦး ဖြစ်လာခဲ့ဧ။်။ မြို့လယ် တစ်နေရာတွင် မြေကွက် တစ်ကွက် ဝယ်ကာ စတိုးဆိုင်ကြီး တစ်ဆိုင် ဖွင့်ခဲ့ပေဧ။်။
သို့ရာတွင် အဘိုးသည် “ငါ မြို့လယ်ခေါင်က အိမ်မှာနေတဲ့ ရက်တွေ ဆိုရင် ငါ့ စတိုးဆိုင် က ကျီးနဲ့ ဖုတ်ဖုတ် ဆိုသလိုဘဲ လုံး၀ မရောင်းရဘူးဟေ့ ဝါးတဲလေးမှာနေတဲ့ ရက်တွေ ဆိုရင်တော့ ငါ့ဆိုင် က ကြက်ပျံမကျဆိုသလိုပဲ အရမ်းစည်ကားပြီး ရောင်းကောင်းတော့တာပဲကွ” ဟု ဆိုကာ ဝါးတဲ ကလေးတွင်သာ သွားကာနေလေဧ။်။
နောက်ထပ် ကျွနု်ပ် သတိထားမိသော ဖြစ်ရပ်တစ်ခု ရှိသေးဧ။်။ ကျွနု်ပ်တို့ အိမ်နှင့် မလှမ်းမကမ်း တွင် အလွန်ဆင်းရဲသော ကိုစိန်သောင်း ဆိုသူ မိသားစု ရှိပေဧ။်။ ၎င်း ကိုစိန်သောင်းတို့မှ မောင်မြရွှေဆိုသော သားငယ် တစ်ဦးဖွားမြင်လေဧ။်။
မောင်မြရွှေ၏ အထက်တွင်လည်း သားသမီးလေးယောက် ရှိသေး၏။
သို့ရာတွင် မောင်မြရွှေ ကလေး ဖွားမြင်ပြီးသည့်နောက်၌ ကိုစိန်သောင်းတို့ မိသားစုသည် စီးပွား ဘုန်းကနဲ တက်သွားလေရာ မောင်မြရွှေ ကလေး အခါလည်သား အရွယ်ခန့်တွင် နှစ်ထပ်တိုက်ကြီး ဟီးနေအောင် ဆောက်နိုင်ခဲ့လေ၏။
သို့ရာတွင် အိမ်နီးချင်းများ စိတ်မကောင်းဖြစ်ရသည်မှာ အိမ်သစ်တက်သော ညမှာပင် ဦးစိန်သောင်းသည် ရုတ်တရက်ကြီးကောက်ကာငင်ကာ ဆိုသလို ဆုံးပါးသွားရှာလေ၏။
ထို့ကြောင့် အရပ်ထဲတွင် မောင်မြရွေ ကလေးက အိမ်ကြီး အိမ်ကောင်း နဲ့ နေဖို့ကံ ပါလာတယ်တဲ့ ကိုစိန်သောင်းကြီး တစ်ယောက်ကတော့အိမ်ကြီး အိမ်ကောင်းနဲ့နေဖို့ ကံမပါဘူးထင်ပါရဲ့ ဟယ် ဟု ပြောစမှတ်ပြုကြလေ၏။
ထို့အပြင် ရေနံချေးများ ဝနေအောင် သုတ်ထားသော နှစ်ဆောင်ပြိုင် ကျွန်းအိမ်ကြီးဖြင့် နေရ သည့် တောမှ ရွာလူကြီး တစ်ဦး၏ သားသည် မြို့သို့ကျောင်းသွား တက်သောအခါ အမျိူးတော်စပ်သူ၏ အိမ်စုတ်ကလေးတွင် နေထိုင်ရခြင်း၊
တဲကုတ် ကလေးနှင့်နေနေရရှာသူ၏ သားသမီးတစ်ဦးကိုမြို့က သူဋ္ဌေးမှ ခေါ်ယူမွေးစားသောကြောင့် နေ့ချင်းညချင်း အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရခြင်း ဆိုသည့်ဖြစ်ရပ်များကိုလည်း ကျွနု်ပ်ကြားဖူးတွေ့ဖူးလေ၏။
ထို့ကြောင့် လူ တစ်ဦးချင်း တစ်ဦးချင်း စီတွင် အိမ်ကြီး အိမ်ကောင်းနဲ့ နေရမည့် ကံ၊ အိမ်စုတ် ကလေးဖြင့်နေ ရမည့် ကံ အိမ်ငှားဖြင့် နေရမည့် ကံ စသည်ဖြင့် အမျိုးမျိူး ကွဲပြာနိုင်ကြောင်း ကျွနု်ပ် သတိပြူမိလေ၏။
နောင်တစ်ချိန် ကျွနု်ပ်သည် ဗေဒင်ဆရာတစ်ဦးဖြစ်လာသောအခါ တွင်လည်း လူတို့ ၏ ဇာတာကိုလိုက်ပြီး အိုးကံ၊ အိမ်ကံ အမျိူးမျိူး ကွဲပြားနိုင်ကြောင်း အတွေ့အကြုံ များစွာ ရရှိလာခဲ့ပါလေတော့၏။
မိမိ၏မြန်မာမွေးသက္ကရာဇ်ကို တည်ပြီး ( ၇ ) ဖြင့်စားပါ။
အကြွင်း (၇) မျိူး ထွက်လာပေတော့မည်။
ထို အကြွင်း များကို လိုက်ပြီး မိမိ အတွက် အိုးကံ၊ အိမ်ကံ ကို အောက်ပါအတိုင်း ချိန်းဆကြည့်ရန်ဖြစ်ပါတော့ သတည်း။
(၁) ကြွင်းသော ခုနှစ်ရက် သား၊သမီး များသည် အိမ်ကြီး အိမ်ကောင်းများနှင့် အကျိူးပေး အားနည်းတတ် သည်။ မကြာခဏပြောင်းရွှေ့နေရတတ်သော သူများဖြစ်သည်။ တစ်နေရာ ထဲတွင် အခြေမချ ရတတ်ပါ။ အိမ်တွင် စွဲမြဲစွာနေလျှင် ကျန်းမာရေး ညံ့လာတတ်သည်။
(၂) ကြွင်းသော ခုနှစ်ရက်သား။ သမီးများသည် တော်ရုံ တန်ရုံ သူဋ္ဌေးပင် မနေနိုင်သော အိမ်ကြီး အိမ်ကောင်းဖြင့်နေထိုင် ရတတ်သည်။ ခမ်းနား ထည်ဝါသော အိမ်ကြီးများ တွင် နေရတတ်သည်။
ယခု အခြေ အနေတွင် ဆင်းရဲနေလျှင် ပင် အိမ်ကို သပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်း အားဖြင့် စီးပွားတက်လာနိုင်ပေ သည်။
(၃) ကြွင်းသော ခုနှစ်ရက် သား။ သမီး များသည် အိမ်ကြီး အိမ်ကောင်းနှင့် နေထိုင်ရ တတ်သည်။ အိမ်ကို မကြာခဏ အရောင် ၊ ဒီဇိုင်း၊ အနေအထား စသည်ဖြင့်ပြောင်းလဲပေးထားလေလေ ကံကောင်း စီးပွား တက်လေလေဖြစ်မည်။
အိမ် ကို အကြောင်းပြုကာ စီးပွား တက်တတ်သောကြောင့် အလုပ်နှင့် အိမ် ကို တွဲထားသင့်သည်။
(၄) ကြွင်းသော ခုနှစ်ရက်သာ။ သမီးများသည် အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရတတ် သည်။
မထင်မှတ် ဘဲ အမွေရခြင်း၊ ထီပေါက်ခြင်း တို့ကြောင့် စီးပွားတက်ပြီး လည်းကောင်း ဆုရခြင်း၊ မဲပေါက်ခြင်း၊ လက်ဆောင် ရခြင်း ၊ ကြီးကဲ သူတို့ က ချီးမြှင့်ခြင်း တို့ကြောင့် လည်းကောင်း၊ အိမ်ကြီး အိမ်ကောင်းနှင့် နေ ထိုင်ရ တတ်လေ သည်။
(၅) ကြွင်းသော ခုနှစ်ရက် သားသမီး များသည် အိမ်ကြီး၊ အိမ်ကောင်းများနှင့် အကျိုးပေးအားနည်းတတ် သည်။ မကြာခဏပြောင်းရွှေ့နေထိုင်ရခြင်း၊ အိမ်မှာနေလျှင် အလုပ်များ အဆင်မပြေခြင်း၊ ပူပင်သောကများ ရခြင်းများ ကြုံရတတ်သည်။ အိမ်နှင့် အလုပ် ကို တွဲ မထားသင့် သူများ ဖြစ်ပေတော့သည်။
(၆) ကြွင်းသော ခုနှစ်ရက်သား၊ သမီးများ သည် အိမ်ကြီး အိမ်ကောင်းများနှင့်နေထိုင် ရတတ်သော သူ များ ဖြစ်ပေတော့သည်။ ထူးခြား ဆန်းပြားသော ပုံစံ ဒီဇိုင်းများနှင့် အိမ်များ တွင်နေထိုင်ရတတ်သည်။
အိမ်ကြီး အိမ်ကောင်းနှင့်နေပြီး စီးပွား တက် သည်။ တစ်စုံတစ်ရာ ထူးခြားနေသော အိမ်များတွင် နေရတတ် သည်။
( ၀ ) ကြွင်းသော ခုနှစ်ရက် သား။ သမီး များသည် အိမ်ကြီး အိမ်ကောင်းနှင့်နေထိုင်ရန် ကံနည်း တတ်သည်။ အိမ်ကြီး အိမ်ကောင်း ပိုင်ဆိုင်လျှင် ပင် ထိုအိမ်တွင် အမြဲမနေရတတ်ပေ။
မိမိ မှာ အိမ်ပိုင် ပါလျှက်နှင့် အခြား တစ်ပါးတွင် သွားပြီး နေထိုင်ရတတ်သည်။ ဟိုမှာနေလိုက်၊ ဒီမှာနေလိုက် ဖြစ်နေရတတ်ပေသည်။
Credit : Tameelay
Photo Credit : realestate-myanmar
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties