By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 21 February 2019
အိမ်ထဲမှာ အဆိုးအညံ့ ဓာတ်တွေရှိနေမယ်ဆိုရင် စီးပွားလာဘ်လာဘတွေ ပိတ်တတ်ပြီး လုပ်သမျှအရာတိုင်းက မအောင်မြင် ဖြစ်တတ်ပါတယ်။ဒီလို မကောင်းတဲ့ အဆိုးအညံ့ဓာတ်တွေကို ဖယ်ရှားမယ့် နည်းလမ်းတွေ ရှိပါတယ်။ အောက်ပါအရာတွေက သင့်အိမ်ကို ကံကောင်းခြင်းတွေ စီးပွားလာဘ်လာဘ တိုးပွားခြင်းတွေ ယူဆောင်လာပေးနိုင်မှာပါ။
သစ်သီး
ပန်းသီး တစ်နေ့တစ်လုံးစားရင် ဆရာဝန်တောင်မလိုဘူးဆိုတဲ့ စကားလို အိမ်ရဲ့ ဧည့်ခန်းက ခုံပေါ်မှာ သစ်သီးခြင်းတစ်ခြင်းကို ထားရှိပေးမယ်ဆိုရင် ကောင်းမွန်တဲ့ စွမ်းအားတွေ ယူဆောင်လာပေးနိုင်သလို ဧည့်ခန်းကို ပိုပြီး တင့်တယ်စေနိုင်ပါတယ်။
စက်ဝိုင်းပုံသဏ္ဍာန် ပရိဘောဂပစ္စည်း
တရုတ် ဖုန်းရွှေပညာအရ အိမ်မှာထားမယ့် စားပွဲတွေ ခုံတွေကို စက်ဝိုင်းပုံသဏ္ဍာန်တွေ အသုံးပြုပေးမယ်ဆိုရင် ကောင်းတဲ့ စွမ်းအားတွေကို အိမ်ထဲမှာ ပျံ့နှံ့စေပြီး ကံကောင်းမှုတွေ ဆောင်ကြဉ်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
မြင်းခွာ
ရိုးရာဓလေ့တွေအရ မြင်းခွာကို တံခါးပေါ်မှာ ချိတ်ဆွဲထားမယ်ဆိုရင် ကံကောင်းခြင်းတွေ လာမယ်လို့ ယုံကြည်ကြပါတယ်။မြင်းခွာရဲ့ အစွန်းနှစ်ဖက်က အပေါ်ကို ညွှန်ပြနေတာကြောင့် စီးပွားလာဘ်လာဘတွေ ဒီရေအလားတိုးတက်နိုင်ပြီး ကောင်းမွန်တဲ့အရာတွေ ရောက်ရှိလာမှာပါ။
မှန်
တရုတ်ရိုးရာ အယူအဆအရ ကြေးမုံ(မှန်)ထားရှိတဲ့ နေရာအပေါ်မူတည်ပြီး အိမ်တစ်အိမ်ဟာ အဆိုးအညံ့ဓာတ်တွေ ရှိ၊မရှိ သိရှိနိုင်ပါတယ်။အကယ်၍ သင်က အိမ်ထဲမှာ ကြေးမုံ(မှန်) ထားရှိတဲ့အခါ အပြင်ဘက်က လှပတဲ့ ရှုခင်းတွေ ရောင်ပြန်ဟပ်ပြီး မြင်နိုင်မယ့် နေရာမှာ ထားရှိမယ်ဆိုရင် သင့်အိမ်ထဲမှာ ရှိနေတဲ့ အဆိုးအညံ့တွေကို ကောင်းတဲ့ အရာတွေက လွှမ်းမိုးပေးနိုင်မှာပါ။
Written By : Saint Sandi Htet (ShweProperty.com)
Photo Credit : Scodio.
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties