By ‎ဗေဒင်နှင့်လက္ခဏာဆရာအောင်‎ (Social Media), Shweproperty.com
Updated at 3 January 2020
မိမိနေအိမ်မှာ ဒါတွေ သတိထား လုပ်ဆောင်ပြီး ၊အမြဲပြီးပြည့်စုံသော မင်္ဂလာ အပေါင်းပြည့်စုံသော အတိုက် အခိုက် အနှောက်ယှက် မနာလို ကင်းရှင်းပြီး အေးချမ်းသော မိသားစု ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။
(၁) ဘုရားပန်း နှင့် သောက်တော်ရေ သစ်သီးဆွမ်း ၊ဆီမီး အမွှေးတိုင်အမြဲကပ်ပါ။ဘုရားပန်း မနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှ ရေများ မပူပါစေနဲ့။ အောင်သပြေ အောင်အိုး အမြဲ ကပ်လှူပူဇော်ပါ။လပြည့်တိုင်းမှာ တရော်ရေ ပတ်ဖျန်းပေးပါ.......
(၂)ဘုရားရှိခိုးလျင် အိမ်စောင့်နတ် ခြံစောင့်နတ် အိမ်ဝန်းအတွင်း မှီကင်းစောင့်ရှောက်နေထိုင်ကြသော နတ်မြတ်နတ်ကောင်းများ မြင်အပ် မမြင်အပ် သတ္တဝါများ နှင့်(၇) သားသမီး အားလုံးကို မေတ္တာပို့ အမျှဝေပါ
(၃)အိမ်မှာ လာဘ်လာဘ မင်္ဂလာအပေါင်း ပြည့်စုံရန်နံနက် ၄ နာရီတွင် အာရုံတက်အချိန်တွင် ပရိတ်ရွတ်ပါ။ နံနက် (၄) နာရီနောက်ပိုင်း အာရုံတက်ချိန်သည် တိတ်ဆိတ်ငြိမ်သက်ပြီး မင်္ဂလာ အမှုကိစ္စ များ စ၍လုပ်ချိန် ဖြစ်ပါသည် ပရိတ်ရွတ်ဖတ် ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်စေပါတယ်။
(၄)အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားစုတ်တွေ ဘယ်လိုမှ သုံးမရတာတွေ လွှတ်ပစ်လိုက်ပါ။ အိမ်မှာလိုအပ်တာတွေသာ အဓိက ထားပါ။
(၅)အိမ် အတွင်း အပြင် သန့်ရှင်း စင်ကြယ်စွာထားပါ။ အမင်္ဂလာ ဖြစ်စေသော ညစ်ညမ်းသော ပြောဆိုမှု အပြုအမူများ မလုပ်မိစေရန် သတိထားပါ ။
(၆) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့ ။မကုန်မီ ကြိုတင်၍ ဝယ်ပါ။
(၇) အိမ်ရှိ လှေကားများ ကျိူးပျက်နေပါက ပြုပြင်ပါ။လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကို ဖိတ်ခေါ်စေပါတယ်။
Ref : ဗေဒင်နှင့်လက္ခဏာဆရာအောင် (Social Media)
Photo Credit : Tobiarchitects
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties