By Sint Sint, Shweproperty.com
Updated at 17 October 2020
၂၀၀၂ ခုနှစ် လယ်ယာမြေ ဥပဒေ ပေါ်ထွက်လာပြီး နောက်ပိုင်းမှာ အိမ်ခြံမြေ တိုက်ခန်း အရောင်းအဝယ်များနည်းတူ လယ်ယာ မြေအရောင်းအဝယ်တွေဟာလည်း မြန်မာ ပြည်အနှံမှာ ဈေးကောင်းရလို့ အပြိုင်အဆိုင်ရောင်းဝယ်လုပ်ကိုင်နေကြတာ ကိုတွေ့ရပါတယ်။
လယ်ယာမြေ အရောင်းအဝယ် အကောင်းဆုံးနေရာတွေကို လေ့လာ ကြည့်တဲ့အခါ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လမ်းမကြီး ဝဲယာတစ်လျှောက်နဲ့ လမ်းမ ကြီးဘေးမှာရှိတဲ့ ကျေးရွာတွေနဲ့ နိုင်ငံ တော်အစိုးရက စီမံကိန်းရေးဆွဲထားတဲ့ နယ်မြေ ပတ်ဝန်းကျင်တွေမှာ တွေ့ရပါတယ်။
မြေကွက်ကျယ်ကျယ်၊ ဧကများများ ပိုင်ဆိုင်ပြီး စီးပွားရေးလုပ်ငန်းတွက် ချေကိုက်မယ်လို့ ခန့်မှန်းထားတဲ့ လုပ်ငန်းရှင်တွေဟာ လယ်ယာမြေတွေ ကိုယ်ပိုင် စီးပွားရေးလုပ်နိုင်ရန် အခြားနည်းလျှောက် ထားကြသူ အများအပြားရှိတယ်လို့ သိရပါတယ်။ အဆင့်ဆင့်ဆောင်ရွက်ရတာ တွေကြောင့် နှောင့်နှေးကြန့်ကြာမှုလည်း ရှိနေတယ်လို့ သိရပါတယ်။ ယခုအခါ ဒီလိုမဖြစ်တော့ဘဲ တစ်ပြေးညီဆောင်ရွက် နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားပြီဖြစ်လို့ ဆောင်ရွက်ပုံ အဆင့်ဆင့်ကို လေ့လာတင်ပြလိုက်ပါတယ်။
တပြေးညီဆောင်ရွက်ရေး ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ထွက်
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ ဗဟိုလယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့အနေနဲ့ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှာ လယ်ယာမြေကို အခြား နည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စရပ်နှင့်ပတ်သက်ပြီး နိုင်ငံနှင့်တစ်ဝန်း ပုံစံအမျိုးမျိုးနဲ့ ဆောင်ရွက်နေကြခြင်း အပေါ် တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေ ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ ရဲ့ သဘောတူအကြောင်းကြားချက်အရ ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းကပင် ညွှန် ကြားချက်အသစ်ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
အမှုပွဲစားနဲ့ ဝန်ထမ်းများ မသမာမှုတွေ ကြောင့် လယ်ယာမြေအခြားနည်းလျှောက်ရာမှာ ငွေကြေးအကုန်အကျများ
အချို့သော တိုင်းဒေသကြီး ပြည်နယ်များမှာဆိုရင် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ကိစ်္စရပ်အတွက် မြေစာရင်းပုံစံ (၁၀၅) ရေးကူးခွင့်ပြုလုပ် ဖို့ တစ်ကြိမ်၊ လုပ်ငန်းစာတွဲတည်ဆောက် ခြင်းအတွက် တစ်ကြိမ်၊ စုစုပေါင်းနှစ် ကြိမ်တင်ပြနေရတယ်လို့ သိရပါတယ်။ ဒါကြောင့် လုပ်ငန်းဆောင်ရွက်လိုတဲ့ ကာယကံရှင်များအဖို့ မလိုအပ်သော အချိန်ကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ရတာကို တွေ့ရပါတယ်။ အဲဒီလို ကြန့်ကြာမှုတွေ ကြောင့် ပြည်သူလူထုအနေနဲ့ ဌာနအပေါ် အထင်အမြင်လွဲမှားတတ်ကြတယ်။ အဲဒီ လို အဆင့်ဆင့် နှစ်ကြိမ်တိုင်အောင် အထက်အောက် တင်ပြရမှုတွေကြောင့် ဆောင်ရွက်ရသည့် အဆင့်အပေါ်မူတည် ပြီး မသမာသော ဝန်ထမ်းများအနေနဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုကာ “အဂတိ လိုက်စားမှု”များ ဖြစ်ပေါ်တတ်ပါတယ်။
ဒါ့အပြင် ရုံးဌာန၊ အဖွဲ့အစည်း များသို့ ကိုယ်တိုင်မသွားရောက်နိုင်သောသူများအနေနဲ့ အမှုပွဲစားများကို အားကိုးကြရ ပြန်တယ်။ ဒါကြောင့် ငွေကြေးပိုမို ကုန်ကျရခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
လယ်ယာမြေအခြားနည်းသုံးစွဲခွင့် တစ် ကြိမ်တည်းနဲ့ ရဖို့အတွက် သက်ဆိုင်ရာအစိုးရထံမှ ခွင့်ပြုချက်ရ
အထက်ပါဆိုးကျိုးများကို ရှောင် ရှားနိုင်ဖို့အတွက် ယခုအခါ လယ်ယာ မြေကို အခြားနည်းအသုံးပြုခွင့်လျှောက် ထားတဲ့ကိစ်္စရပ်တွေနဲ့ ပတ်သက်ပြီး မြေ စာရင်းပုံစံ (၁၀၅)နဲ့ သက်သေခံမြေပုံ မြေစာရင်းပုံစံ (၁၀၆)တို့ကို မြေရာဇဝင် ရေးကူးပြီးရင် သက်ဆိုင်ရာလယ်ယာ မြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရဲ့ လုပ်ထုံးလုပ်နည်းများအတိုင်း ရေးကူးစေပြီးနောက် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လုပ်ငန်းစာတမ်း ဖြင့် ပူးတွဲပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ တစ်ကြိမ်တည်း စိစစ်ခွင့်ပြုဖို့နဲ့ လုပ်ငန်း ကို တစ်နိုင်ငံလုံး တစ်ပြေးညီ ကျင့်သုံး ဆောင်ရွက်နိုင်စေရေးအတွက် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို တင်ပြသည့်အတိုင်း ဆောင်ရွက်ရန် သဘောတူခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
လယ်မြေမဟုတ်တဲ့ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်ရဖို့ နေပြည်တော်/ တိုင်းနှင့် ပြည်နယ်ကသာ ခွင့်ပြုမိန့်ပေး
လယ်ယာမြေကို အခြားနည်း အသုံးပြုရန် လျှောက်ထားသည့် ကိစ္စရပ် များအနက် “လယ်မြေကို အခြားနည်း အသုံးပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅)”ကို ရရှိ ဖို့အတွက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အထိ လုပ်ငန်းစာတွဲပေးပို့တင်ပြ ကြရမည်ဖြစ်ပါတယ်။ လယ်မြေ မဟုတ်သော အခြားလယ်ယာမြေကို အခြားနည်း အသုံးပြု၍ ခွင့်ပြုမိန့်ပုံစံ (၁၅-က)ကို တော့ နေပြည်တော်ကောင်စီ ဒါမှမဟုတ် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များကသာ ထုတ်ပေးပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။
ယခုအခါ အချို့သော တိုင်းဒေသကြီးအစိုးရအဖွဲ့ (ဥပမာ ရန်ကုန် တိုင်းဒေသကြီး)များက လယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားမှု ကို တားမြစ်ပိတ်ပင်လိုက်ပြီဟု ကြားသိ ရပါတယ်။
အချုပ်ဆိုသော် လယ်ယာမြေ ကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားလိုသော လူပုဂ်္ဂိုလ်တစ်ဦးချင်း ဒါမှမဟုတ် အဖွဲ့အစည်းများအနေနဲ့ လယ်မြေဖြစ် စေ၊ လယ်မြေမဟုတ်သော အခြားလယ် ယာမြေကိုဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲလျှောက်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ယခင်ကထက် ပိုမို အဆင်ပြေချောမွေ့လွယ်ကူလာနိုင်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါး လိုက်ရပါတယ်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အုတ်စီနည်း အုတ်တွက်နည်း
မြေမဝယ်မှီ သိထားသင့်၊ သိထားထိုက်သော အကြောင်းအရာများ
စီးပွားတက်မည့် အိမ်တစ်အိမ်ဖြစ်ဖို့ ရှောင်ရမည့် အချက်များ
စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ ဒီလိုအိမ်မျိုးတွေပါ
Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties