By Sint Sint, Shweproperty.com
Updated at 17 October 2020
''ပါမစ်မြေနဲ့ ဂရန်ရှိမြေကို ဝယ် ရင် ဘယ်ဟာကပိုပြီးကောင်းသလဲ ဆရာ''ဟု မိတ်ဆွေတစ်ဦးက စာရေး သူထံ အကြံတောင်းခံလာပါသည်။
''ကောင်းတာချည်းပါပဲ။ ဒါပေ မယ့် အတုမဖြစ်ဖို့လိုတယ်''
''အတုဆိုတာက ဘာကိုဆိုလို တာလဲ''
''မြေချပါမစ်စာရွက်အတု၊ ဂရန် စာချုပ်အတု ဖြစ်နေတတ်တယ်''
''ဝယ်မယ်ဆိုရင် အဲဒါအရင်စစ် ရမှာပေါ့''
''ဟုတ်ပါတယ်။ သေချာတေ့ တေ့ဆိုင်ဆိုင် ဈေးတည့်ကြပြီဆိုရင် တော့ သက်ဆိုင်ရာ စည်ပင်သာယာ မြေယာဌာနမှာ သွားရောက်စုံစမ်းရ ပါမယ်''
''ရောင်းသူကို ခေါ်သွားဖို့လိုသ လား''
''အကောင်းဆုံးကတော့ ရောင်း သူကိုယ်တိုင်ခေါ်သွားပြီး မူရင်းပြသ မေးမြန်းစုံစမ်းရမှာဖြစ်တယ်''
''သူငယ်ချင်းဆီလာပြီး ဆွေးနွေး လိုက်မှ စိုးရိမ်စိတ်တွေဖြစ်လာတယ်''
''ပြောပါဦး၊ ဘယ်လိုကိစ္စမျိုးရှိ လို့လဲ''
''မြေကွက်အမည်ပြောင်းကိစ္စ က ဘယ်လိုဆောင်ရွက်ရသလဲ။ ဝယ် ထားရင်တော့ မြေကွက်အမည်ပြောင်း လုပ်ထားချင်တယ်။ ဒါမှ ပိုင်ဆိုင်မှု သေချာမှာ မဟုတ်လား''
''ဂရန်မြေကတော့ အရောင်းအ ဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီးရင် ဂရန်မူရင်းနဲ့ အရောင်းအဝယ်မှတ်ပုံ တင် စာချုပ်မူရင်းကိုပြပြီး သက်ဆိုင် ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှာ ဂရန်အမည် ပေါက်ပြောင်းလျှောက်ထားနိုင်တယ်''
''ပါမစ်မြေကလည်း ဂရန်မြေလို အမည်ပြောင်းလျှောက်ထားရမှာပေါ့''
''ပါမစ်မြေက အမည်ပြောင်း ချက်ချင်းမရဘူး။ ပါမစ်မြေ အမည် ပေါက်နဲ့ အရောင်းအဝယ်ပြုလုပ်ထား တဲ့ မြေအရောင်းအဝယ် ကတိစာချုပ် မူရင်းကို တင်ပြရတယ်။ အဆင့်ဆင့် လွှဲပြောင်းရောင်းချခဲ့ရင် ပါမစ်မြေ အမည်ပေါက်မှနေပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချခဲ့တဲ့ စာချုပ် အဆင့် ဆင့်မူရင်းကို သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာရေးကော်မတီမြေယာ ဌာနမှာ မြေငှားဂရန်ထုတ်ပေးဖို့ နောက်ဆုံးဝယ်သူက ပါမစ်မူရင်းနှင့် အတူ တင်ပြလျှောက်ထားရပါတယ်''
''သူငယ်ချင်းပြောစကားအရ မြေငှားဂရန်အရင်လျှောက်ထားရမယ် ပေါ့''
''ဟုတ်ပါတယ်။ ဒါကြောင့် အဆင့်ဆင့် အရောင်းအဝယ်စာချုပ် မူရင်းတွေရှိဖို့ လိုပါတယ်''
''တကယ်လို့ ပါမစ်မြေအမည် ပေါက်သူက အခုကွယ်လွန်သွားပြီဆို ရင် ဘယ်လိုလုပ်မလဲ''
''ပါမစ်မြေ အမည်ပေါက်သူက မကွယ်လွန်မီမှာ တခြားတစ်ယောက် ကို ရောင်းထားတဲ့ အရောင်းအဝယ် စာချုပ်မူရင်းရှိဖို့ လိုတယ်။ အဲဒီဝယ် ထားသူက အဆင့်ဆင့်ရောင်းချတဲ့ အရောင်းအဝယ်စာချုပ် မူရင်းရှိရင် ရတယ်''
''ဒါဆိုရင် ပါမစ်စာရွက်အမှန်အ ကန်ဟုတ်မဟုတ်နဲ့ အရောင်းစာချုပ် အဆင့်ဆင့်မူရင်းတောင်းယူရမယ်။ တကယ်လို့ ပါမစ်စာရွက်က အတုလို့ သိရရင် ဘယ်လိုဖြစ်မလဲ''
''သက်ဆိုင်ရာ ရုံးဌာနက စာ ရွက်စာတမ်း အတုလက်ဝယ်ရှိသူကို ဖမ်းဆီးအရေးယူမှာဖြစ်တယ်''
''ဒါဆိုရင် ပါမစ်ကို မိမိကိုယ် တိုင်ယူသွားလို့ မဖြစ်ဘူးပေါ့''
''ဟုတ်ပါတယ်။ ဒါကြောင့် မြေ ချပါမစ်မူရင်း မြေငှားဂရန်မူရင်း လက်ဝယ်ရှိသူကိုအပါခေါ်ပြီး ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မ တီမြေယာဌာနတွင် သွားရောက်စိစစ် ပါ''လို့ အကြံပြုဆွေးနွေးလိုက်ပါသည်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်အသစ်ဆောက်မည့်သူများ အိမ်ခိုက်တာအခုလိုလှေခါးထစ်နဲ့ဆိုင်လားမဆိုင်လားဗဟုသုတအနေဖြင့်ဖတ်ပါ
လယ်ယာမြေ အများကြီးဝယ်ထားသူများအတွက် ဘယ်လိုအခွင့်အရေးတွေရှိလာမလဲ
အဆောက်အဦးတစ်ခု ဆောက်လုပ်လျှင် မဖြစ်မနေ အသုံးပြုရမည့် အုတ်အမျိုးအစားများ
အုတ်စီနည်း အုတ်တွက်နည်း
Credit : ထီယု (ဥပဒေအတိုင်ပင်ခံ)
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties