By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 22 February 2018
ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်ရဲ့ဟာ အရောင်းထက် အငှား ဈေးကွက်က ပိုအလုပ်ဖြစ်တာတွေ့ရပါတယ်။
အထူးသဖြင့် ရန်ကုန်မြို့တွင်း မြို့နယ်တွေရဲ့ တိုက်ခန်းနဲ့ အိမ်တွေ ပိုပြီး အလုပ်ဖြစ်ရာကနေ မြို့စွန်က မြို့နယ်တွေမှာလည်း ငှားရမ်းနေထိုင်မှုတွေ နေရာ အနှံ့ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။
အိမ်ယာ လိုအပ်ချက်တိုးပွားနေမှု တွေကြောင့် ဈေးနှုန်းသက်သာတဲ့ မြို့နယ်တွေမှာ ငှားရမ်းနေထိုင်မှု တိုးပွားလာနေသလို နိုင်ငံတွင်းဝင်လာတဲ့ ပြင်ပစီးပွားရေးလုပ်ငန်းတွေကြောင့်လည်း
မြို့လယ်ခေါင်အချက်အချာကျတဲ့ အဆောက်အဦး၊ ရုံးခန်း ငှားရမ်းမှုတွေလည်း တိုးတက်ဖြစ်ပေါ်နေပါတယ်။
ဒီလို အခြေအနေမျိုးမှာ ကိုယ်ပိုင်ဆိုင်တဲ့ အိမ်၊ ရုံးခန်း ၊ တွေကို ပြန်ငှားရမ်းခြင်းဖြင့် မိမိရင်းနှီးမြုပ်နံှမှုမှ လစဉ်ဝင်ငွေတွေ ပြန်ရနိုင်မှာ ဖြစ်ပါတယ်။
ပြန်လည်ငှားရမ်းဖို့ ဒီအချက်အလက် မဖြစ်မနေ ထည့်သွင်း စဉ်းစား ရန်လိုအပ်မှာ ဖြစ်ပါတယ်။
(၁) ငှားရမ်းမည့် ကာလ
အရင်ဆုံးစဉ်းစားရမှာက ကိုယ့်ရဲ့ အိမ်ခြံမြေကို ကာလတို၊ ကာလရှည်၊ လချုပ်၊ အဆောင် စသဖြင့် မိမိ လိုအပ်ချက်အပေါ်ကို မူတည်ပြီးတော့ စဉ်းစားသွားရမှာဖြစ်ပါတယ်။
ကိုယ်က ငွေကြေးတစ်လုံးတစ်ခဲတည်း လိုအပ်လျှင် နှစ်ရှည်စာချုပ် ချုပ်သင့်ပါတယ်။ တချို့က ငှားခဈေးနှုန်း တက်လာနိုင်ချေရှိတဲ့ အခြေအနေတွေကြောင့် ၎င်းတို့အိမ်ယာတွေကို နှစ်ရှည်စာချုပ်နဲ့ ငှားရမ်းမှုမျိုးကို ရှောင်ကျဉ်ကြပါတယ်။
(၂) အိမ်ငှားအမျိုးအစား
ငှားရမ်းချင်တဲ့သူ အမျိုးအစားကို စဉ်းစားရပါမယ်။ နိုင်ငံခြားသား (သို့) ပြည်တွင်းက မိသားစု စသဖြင့် မိမိငှားရမ်းမည့် အိမ်အမျိုးအစားနှင့် ကြိုက်နှစ်သက်နိုင်မယ့် ငှားရမ်းသူတွေကိုလည်းရွှေး ချယ်တတ်ဖို့ လိုအပ်ပါတယ်။
နိုင်ငံခြားသားတွေကို ငှားရမ်းမယ်ဆိုရင် မိမိအိမ်၊ ရုံးခန်း ဟာ တည်နေရာအချက်အချာ နေရာမျိုးမှာ တည်ရှိဖို့လိုအပ်ပြီး အိမ်တွင်းမှာ အရည်အသွေးမြင့် ပရိဘောဂတွေ အပြည့်အစုံ ထည့်သွင်းပေးကာ ၎င်းတို့ စိတ်ကြိုက်ပြင်ဆင်ပေးခြင်းခြင့် ငှားခဈေးနှုန်းလည်း ပိုမိုရရှိနိုင် မှာဖြစ်ပါတယ်။
(၃) ငှားခဈေးနှုန်း
ငှားရမ်းမှု ပြုလုပ်တော့မယ်ဆိုရင် အရေးအကြီးဆုံးက ကိုယ့်ရဲ့အိမ်ခြံမြေ ငှားရမ်းခဟာ နှုန်းထား ဘယ်လောက် ရှိလဲဆိုတာကို သိရှိနေရပါမယ်။
ဒီအတွက်ကြောင့် ဈေးကွက်ထဲမှာ လေ့လာမှုပြုလုပ်ပြီး ပျမ်းမျှ ငှားရမ်းခ နှုန်းထားကို သိအောင် ကြိုးစားရပါမယ်။
ဈေးနှုန်းကို သိတော့မှ ကိုယ့်အိမ်ခြံမြေရဲ့ တည်နေရာ၊ ကိုယ်ထည့်သွင်း ပြင်ဆင်ပေးထားတဲ့ ကုန်ကျစရိတ်တွေကို တွက်ချက်ပြီး ငှားရမ်းခ နှုန်းထားဘယ်လောက် တောင်းဆိုနိုင်မယ်ဆိုတာကို တွက်ချက်နိုင်မှာဖြစ်ပါတယ်။
(၄) နည်းလမ်း
မိမိအိမ်ခြံမြေကို ၊ ရုံးခန်းကို အမြန်ဆုံး ငှားရမ်းလိုပါက ဂျာနယ်၊ စာစောင်၊ သတင်းစာနဲ့ အွန်လိုင်း နာမည်ကြီး အိမ်ခြံမြေ ဝန်ဆောင်မှု ကုမ္ပဏီကြီး ဖြစ်တဲ့ Shwe Property နဲ့ ချိတ်ဆက် ကြေငြာထည့်သွင်း ဆောင်ရွက်နိုင်ပါတယ်။
Written By : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Talk-Business
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties