By ဦးဇော်မြင့်ဦး, Shweproperty.com
Updated at 11 December 2014
အိမ်ခြံမြေရောင်းဝယ်ခြင်းသည် တခြားပစ္စည်းများ ရောင်းဝယ်သကဲ့သို့ ရော့ပတ္တမြား၊ ရော့နဂါးဆိုပြီး လွယ်လင့်တကူ ရောင်းဝယ်နိုင်သော ကိစ္စမဟုတ်ပါ။
ရောင်းသူအနေနဲ့ ကြိုတင်ပြင်ဆင်မှု၊ စာရွတ်စာတမ်း ပြီးပြည့်စုံမှု၊ ကြိုက်ဈေး၊ တန်ရာတန်ကြေး ရရှိစေမှုရှိရန်လိုအပ်သကဲ့သို့ ဝယ်သူအနေနဲ့လည်း တန်ရာတန်ကြေးဖြစ်ရန်၊ အမှန်တကယ် ပိုင်ဆိုင်သူထံမှ ဝယ်ယူခြင်းဖြစ်ရန် လိုအပ်သည်။ စာရွက်စာတမ်း မှန်ကန်ပြည့်စုံစွာ လက်ခံရယူနိုင်ရန်၊ လိုအပ်သည့် အချိန်အတွင်း တရားဝင်မှတ်ပုံတင်စာချုပ်စာတမ်း ချုပ်ဆိုရယူရန်၊ ဝယ်ယူသည့် အိမ်မြေကို သတ်မှတ်ရက်အတွင်း လက်ရောက်လွှဲပြောင်းလက်ခံရယူနိုင်ရန် စသည်ဖြင့် စနစ်တကျ ဝယ်ယူနိုင်ရန် လိုအပ်ပါသည်။
သို့ဖြစ်၍ အိမ်မြေရောင်းချရာတွင် လိုအပ်သည်များကို လည်းကောင်း၊ အိမ်မြေဝယ်ယူရာတွင် လိုအပ်သည်များကိုလည်းကောင်း ကောင်းစွာသိရှိ သဘောပေါက်ရန်လိုအပ်သည်။
ပိုင်ဆိုင်မှုစာရွတ်စာတမ်းများအား အဆင်သင့်ပြင်ဆင်ထားရှိခြင်း
အိမ်ခြံမြေရောင်းချမည့်သူအနေဖြင့် ရောင်းချမည့် အိမ်၊ခြံမြေနှင့် ပတ်သက်သည့် အောက်ဖော်ပြပါ စာရွက်စာတမ်းများအား အဆင်သင့်ပြင်ဆင်ထားရန် လိုအပ်ပါသည် -
၁။ မြေငှားစာချုပ် (ဂရန်) မူရင်း၊ ၂။ မြေချပါမစ် မူရင်း၊ ၃။ မြေပုံရာဇဝင်၊ ၄။ အဆင့်ဆင့်လွှဲပြောင်းခဲ့သည့် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်၊ ၅။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရုံး အင်ဂျင်နီယာဌာန( အဆောက်အအုံ ) ၏ အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့်၊ ၆။ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန၊ မြေအောက်ရေကြီးကြပ်မှု အရာရှိ၏ အဝိစိတွင်းတူးဖော်ခွင့်လိုင်စင်၊ ၇။ မြေကွက်ခွဲစိတ်မြေပုံ၊ ၈။ တရားရုံးအနိုင်ဒီဂရီများ၊ ၉။ လွှဲပြောင်းခြင်းနှင့်ပတ်သက်၍ မှတ်ပုံတင်လွှဲပြောင်းစာချုပ်၊ ၁၁။ သေတမ်းစာအတည်ပြုလက်မှတ်၊ ၁၂။ အမွေဆက်ခံခွင့်နှင့် ပတ်သက်သော အထောက်အထားမှတ်ပုံတင်စာချုပ်၊ ၁၃။ အမွေစားအမွေခံများဖြစ်က ဆက်ခံကြောင်း ကတိသစ္စာပြုလွှာ၊ ၁၄။ လိုအပ်သည့် သတင်းစာကြော်ငြာမိတ္တူ။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties