House For Sale in Okkalappa South

Luxury Privatehouse for sale in Okkalappa South, Yangon

Back to Search

Okkalappa South, Yangon

For Sale 5,500 Lakhs

Property ID: S-1373757

House
41' x 60'
0

Property ID: S-1373757

Premium
Posted Date : 29 May 2024

SS621
တောင်ဥက္ကလာထဲမှာ အိမ်အပါ၊ ခြံကျယ်ကျယ်ကို ဈေးတန်တန်နဲ့ ရှာဖွေနေသူတွေအတွက် အိမ်တစ်လုံး ရောင်းဖို့ရှိပါတယ်။
မြေအကျယ်၊ ၄၁ ပေ x ၆၀ ပေ (လေးဆယ့်တစ်ပေ x ခြောက်ဆယ်ပေ) (မြေငှားစာချုပ်ပါ ဖော်ပြချက်အတိုင်း)
ခြံအတွင်း အနည်းဆုံး ကား ၃ စီး ထားရှိနိုင်။
မြေအမျိုးအစား၊ နှစ် ၆၀ ဂရန်မြေ၊ ဂရန်မူရင်းနှင့် ဆက်စပ်စာချုပ်လက်ဝယ်ရှိ။
အိမ်အမျိုးအစားနှင့် အခြားပါဝင်မှုများ၊ တိုက်ခံပျဉ်ထောင်အိမ် ၂ ထပ်တိုက်၊ စက်ရေတွင်း၊ လျှပ်စစ်မီတာ ၂ လုံး၊ အုတ်တံတိုင်းခတ်ကာရံပြီး၊ အိမ်ရှေ့နှင့် အဝင်/အထွက်လမ်းအားလုံး ကွန်ကရစ်လမ်း၊ အိမ်ဟောင်းသော်လည်း ဇီဇာမကြောင်တတ်လျှင် လူနေထိုင်၍ရ၊ လက်ရှိနေထိုင်သော မိသားစုရှိ။
ပိုင်ဆိုင်မှုရာဇဝင်၊ ကွယ်လွန်သူမိဘများ၏ တရားဝင် အမွေဆက်ခံခွင့်ရရှိထားသော နေအိမ်။
အရှုပ်အရှင်း၊ ယခင်မိသားစုဝင်များအကြား အငြင်းပွားမှုများရှိခဲ့ဖူး၍ အမွေဆိုင်အိမ်အဖြစ် ဇာရီမှုဖွင့်လှစ်ခဲ့ပြီး တရားရုံးတော်မှ လေလံတင်ရောင်းချရန် အနိုင်ဒီဂရီရရှိထားပြီးဖြစ်သောအိမ်၊ လက်ရှိ မိသားစုဝင်များအကြား စေ့စပ်ညှိနှိုင်းထားပြီးဖြစ်၍ ရောင်းချရန် ကျေနပ်လက်ခံကြသောကြောင့် ရုံးတော်သို့ တင်သွင်းထားသည့် လေလံကြမ်းခင်းဈေးဖြင့်ဖြစ်စေ၊ ပြင်ပတွင် တွေ့ဆုံညှိနှိုင်း ဝယ်ယူသည့် နည်းလမ်းဖြင့်ဖြစ်စေ ဝယ်ယူနိုင်သည့် အိမ်ဖြစ်သည် (သီးခြားအရှုပ်အရှင်း၊ ပေါင်နှံချေးငှားထားခြင်းမရှိ)
ဝယ်ယူနိုင်မည့်နည်းလမ်းများ၊
နည်းလမ်း(၁) လေလံလမ်းကြောင်း - လေလံတင်ရောင်းချရန် အနိုင်ဒီဂရီရရှိထားပြီး ဖြစ်သည့်အတွက် တင်သွင်းထားသော လေလံကြမ်းခင်းဈေးဖြင့် သတ်မှတ်ရက်တွင် လေလံဆွဲဝယ်ယူသည့် နည်းလမ်း။ (အခွန်ထမ်းဆောင်ရမည့် ပမာဏတစ်ခုရှိ)
နည်းလမ်း(၂) ပြင်ပလမ်းကြောင်း - ဈေးညှိနှိုင်း၍ စာရွက်စာတမ်းစစ်ဆေးကာ ပြင်ပတွင် တရားဝင်စာချုပ်ချုပ်ဆို ဝယ်ယူသည့် နည်းလမ်း။ (အခွန်နှုန်းသက်သာ)
ရောင်းချမည့် ဈေးနှုန်း၊ လေလံကြမ်းခင်းဈေးနှုန်းအတိုင်း - သိန်း ၅၅၀၀
တည်နေရာ၊ အိမ်အမှတ်(၃၅၂)၊ မိဂသီ ၁၆ လမ်း (ရတနာလမ်း-ကျောကပ်)၊ ၁၂ ရပ်ကွက်၊ တောင်ဥက္ကလာမြို့နယ်။
အားသာချက်၊ လက်ရှိကာလပေါက်ဈေးနှင့် တွက်ချက်ပါက မြေကွက်ဈေးသာရှိသော ပိုင်ဆိုင်မှုခိုင်မာသည့် နေအိမ်ဖြစ်သည်။ တောင်ဥက္ကလာပမြို့နယ်အတွင်း (၄၁ ပေ x ၆၀ ပေ) မြေအကျယ်အဝန်းအား အထက်ဖော်ပြပါ အိမ်၊ ရေ၊ မီး ပါဝင်မှုဖြင့် တန်သောဈေးနှုန်း၊ ဝယ်ယူရင်းနှီးထားမည်ဆိုပါက နှစ်အနည်းငယ်အတွင်း လက်ရှိထက် သိန်းထောင်ချီ မြတ်စွန်းနိုင်သည့် အခြေအနေရှိသောနေရာ။
အားနည်းချက်၊ ဂရန်မူရင်းနှင့် ဆက်စပ်စာချုပ်များရှိသော်လည်း လက်ရှိပိုင်ဆိုင်သူ အမည်ပေါက် မဖြစ်သေးပါ။
နေအိမ်မှ အကွာအဝေး၊
(၁) ကျိုက္ကစံဘုရားသို့ ၂ မိနစ်
(၂) သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ၄ မိနစ်
(၃) အောင်ရတနာဆေးခန်းသို့ ၅ မိနစ်
(၄) နီးစပ်ရာဘုန်းတော်ကြီးကျောင်းသို့ ၃ မိနစ်
(၅) Lumbini Intl School သို့ ၃ မိနစ်
(၆) ကျိုက္ကစံဘုရား ကားမှတ်တိုင်သို့ ၂ မိနစ်
(၇) မူလတန်းကျောင်း၊ အထက်တန်းကျောင်းများသို့ ၃ မိနစ် ~ ၅ မိနစ်
(၈) ပဒေသာဈေးသို့ ၅ မိနစ်
(၉) စံပြဈေးသို့ ၈ မိနစ်
(၁၀) ဘဏ်များ၊ စားသောက်ဆိုင်များ၊ Shopping Mall များသို့ ၃ မိနစ် ~ ၅ မိနစ်
နေအိမ်တည်နေရာ Google Map Location - https://maps.app.goo.gl/wEaSwrZeEKnojYa49

👨‍💼မှန်ကန်ဖြောင့်မတ် City Best👨‍💼
City Best Yangon Real Estate Co. Ltd.

ဆက်သွယ်ရန်
☎️09 420 192 490
☎️09 4500 96339
☎️09 7969 59763
☎️09 950 80 8884

လက်ရှိ ကျွန်တော်တို့မှာ မြို့နယ်စုံ မြေကွက်၊ ဂိုဒေါင်၊ စက်ရုံ၊ ဆိုင်ခန်း၊ လုံးချင်းအိမ်၊ တိုက်ခန်း၊ ကွန်ဒို စသဖြင့် အရောင်းအငှား စာရင်း ၂၀၀၀ ကျော် အချက်အလက် စာရင်းရှိတာဖြစ်တဲ့အတွက် အကိုတို့ အမတို့ လိုအပ်သည့် မြို့နယ်၊ လိုချင်သည့်အကျယ်အဝန်း၊ ငွေပမာဏတို့အား အသေးစိတ်ကို ဖုန်းဆက်ပြီး မေးလို့ရပါတယ်ခင်ဗျာ၊
လူကိုယ်တိုင်စိတ်ကြိုက်ကြည့်ပြီး လာရွေးချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ရဲ့ ရုံးလိပ်စာ No13,Tha Khin Ba Sein Road,31 Ward, North Dagon Township,Yangon. ကိုလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ၊

Property Details

Property Name : တောင်ဥက္ကလာ ၁၂ ရပ်ကွက် မိဂသီ ၁၆ လမ်း (ရတနာလမ်း-ကျောကပ်) ၄၁ ပေ x ၆၀ ပေ မြေအကျယ်ပေါ် လုံးချင်းအရောင်း

  • Type

    House
  • Area

    41' x 60'
  • Ownership



Follow Us On

Property Sales Event