By Ra Wai, Shweproperty.com
Updated at 10 January 2022
အချို့လူများဟာ သူတို့ရဲ့အိမ်ကို အပတ်တိုင်း သန့်ရှင်းရေးလုပ်ကြပြီး အချို့ကတော့ ၁၅ရက်တစ်ကြိမ် ၊ အချို့မှာ တဖြေးဖြေးချင်းပြုလုပ်တတ်ကြပါတယ်။သို့သော် တချို့ပစ္စည်းများနှင့်နေရာများကို နေ့တိုင်းသန့်ရှင်းရေးလုပ်သင့်ပါတယ်။ဥပမာ သင့်၏ကီးဘုတ် ဘေစင် အစရှိသည်တို့က ကျန်းမာရေးကိုထိခိုက်စေနိုင်သော ဘတ်တီးရီးယားပိုးမွှားများကို ရှင်သန်စေနိုင်သောကြောင့်ပဲဖြစ်ပါတယ်။ (၁)ရေပန်းပိုက်ခေါင်း(Showerhead) နေ့စဉ်ရေချိုး ခေါင်းလျှော်နေသော ထိုရေပန်းပိုက်ခေါင်းဟာလဲ ဘတ်တီးရီးယားပိုးမွှားတွေ ရှင်သန်စေနိုင်တဲ့အတွက် နေ့တိုင်းသန့်ရှင်းရေးလုပ်သင့်ပါတယ်။ (၂)လက်စွပ်များ လက်စွပ်အမြဲဝတ်ထားသူတွေဖြစ်ဖြစ် မင်္ဂလာလက်စွပ်ဝတ်ထားတာပဲဖြစ်ဖြစ် နေ့တိုင်းသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ (၃)Steering wheel ကားအတွင်း၌လည်းအန္တာရာယ်ရှိသော ဘတ်တီးရီးယားပိုးများရှင်သန်နိုင်ပါတယ်။ နေ့တိုင်းသန့်ရှင်းရေးလုပ်စရာမလိုပေမယ့်လဲ အမြဲထိတွေ့နေရသည့် Steering wheel ကိုတော့သန့်ရှင်းသင့်ပါတယ်။ (၄)တံခါးလက်ကိုင်များ တခါတစ်ရံမမြင်နိုင်သောပိုးမွှားတွေဟာ တံခါးလက်ကိုင်မှာရှိဖို့အကောင်းဆုံးနေရာပါပဲ။ဒါကြောင့်နေ့တိုင်းသန့်ရှင်းရေးလုပ်သင့်ပါတယ်။ (၅)Keyboard ကျွန်ုပ်တို့နေ့စဉ်အလုပ်လုပ်ရာတွင် ထိတွေ့နေရသော ကွန်ပျူတာ ကီးဘုတ်တို့သည်လည်း ဘတ်တီးရီးယားပိုးမွှားများပေါက်ဖွားနိုင်သည့်အရင်းအမြစ်တစ်ခုပါပဲ။ဒါကြောင့်နေ့တိုင်းသန့်ရှင်းသင့်ပါတယ်။ (၆)Remote control ကျွန်ုပ်တို့အမြဲထိတွေ့နေရသည့်အရာတစ်ခုထဲမှာ remote control လဲအပါအဝင်ဖြစ်ပါတယ်။ (၇)မီးခလုတ်များ ကျွန်ုပ်တို့နေ့စဉ်သန့်ရှင်းရေးလုပ်နေပေမယ့် မီးခလုတ်တွေကိုမေ့နေတတ်ပါတယ်။ဘတ်တီးရီးယားပိုးများ ပုန်းအောင်းနေနိုင်သည့်အကောင်းဆုံးနေရာတစ်ခုလဲဖြစ်ပါတယ်။ (၈)ရေချိုးခန်းဘေစင် နေ့စဉ်နဲ့အမျှ လက်ဆေးကြောမယ် သွားတိုက်မယ် မျက်နှာသစ်မယ် အစရှိသည်တို့ပြုလုပ်လေ့ရှိတဲ့ ရေချိုးခန်းဘေစင်ကိုလဲ နေ့တိုင်းသန့်စင်ဆေးကြောသင့်ပါတယ်။ (၉)သွားတံတိုက်များ ကျွန်ုပ်တို့၏သွားများနှင့်နေ့တိုင်းထိတွေ့ရသည့်ထိုအရာကို ဘတ်တီးရီးယားပိုးသတ်ဆေးနှင့်ဆေးကြောသင့်ပါတယ်။ (၁၀)ပြတင်းပေါက်ဘောင်များ ပန်းဝတ်မှုန်၊ မှိုနှင့်အခြားအမှုန်များသည် ပြတင်းပေါက်များတွင်ကပ်ညှီနေတတ်ပါတယ်။ထို့ကြောင့်အမြဲသန့်ရှင်းရေးပြုလုပ်သင့်ပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ရှာလကာရည်ကို ထိရောက်စွာ အသုံးပြုနိုင်မယ့် နည်းလမ်း (၁၀) မျိုး မိသားစု ကျန်းမာရေးအတွက် ရေချိုးခန်းကို ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ အိမ်သုံး ဓါတုပစ္စည်းများရဲ့ လျို့ဝှက်ချက် အိမ်ကပစ္စည်းတွေကို ဘယ်လောက်ဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ Credit By: softwarekaber Posted By : Ra Wai, ShweProperty.com
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties