By The Modern, Shweproperty.com
Updated at 15 August 2016
ကနဦးပေးသွင်းငွေထည့်စရာမလိုဘဲ လေး နှစ်ကနေ ၁၄ နှစ်အထိအရစ်ကျဘဏ်ချေးငွေစနစ်နဲ့ ရောင်းချပေးမယ့် ဧရာချမ်းသာအိမ်ရာစီမံကိန်း အတွင်းက အိမ်ခန်းတွေကို စတင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
"အိမ်ခန်းတွေကို ကမ္ဘောဇဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျပုံစံနဲ့ ရောင်းချပေးတာ၊ down-payment ပေးစရာမလိုတဲ့ ဝယ်ယူမှုကိုတော့ လေးနှစ်နဲ့ ၁၄ နှစ်သတ်မှတ်ထားပြီး ရောင်းချပေးတယ်၊ downpayment ပေး ဝယ်ယူတာ ကိုတော့ နှစ်နှစ်သတ်မှတ်ရောင်း ချပေးထားတယ်”လို့ ဧရာချမ်းသာ အိမ်ရာစီမံကိန်းက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ် စာဥမှတ်တိုင်အနီး ဧရာဝဏ်နဲ့ ရတနာအိမ်ရာစီမံကိန်း အတွင်းမှာ ဆောက်လုပ် အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့၇၀ ရာခိုင်နှုန်း လောက်ဆောက် လုပ်ပြီးစီးနေပါ ပြီ။ အကျယ်အဝန်း စတုရန်းပေ ၆၀ဝ အခန်းတွေဖြစ် ပါတယ်။ အခန်းတွေကို စတုရန်း ပေ ၁၂၀ဝ နဲ့ စတုရန်းပေ ၁၈၀ဝ ပုံစံအခန်းတွေ ပြန်လည်ပြင်ဆင်ပြီး တော့လည်း ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းတွေက တစ်စတုရန်းပေကို ကျပ်တစ်သိန်းဖြစ် ပြီး အရစ်ကျဝယ်ယူမှုကတော့ ၁၄ နှစ် အရစ်ကျကို တစ်လကို ကျပ် ၇၈၀,ဝဝဝ လစဉ်ပေးသွင်းရမှာပါ။
အဆောက်အအုံအတွင်းမှာ တော့ ၂၄ နာရီ မီးအားပေးစနစ်၊ ဓာတ်လှေကား၊ ကားပါကင် အ ဆောက်အအုံ၊ ရေကူးကန်၊ အပန်း ဖြေနေရာ၊ ကစားကွင်း၊ ဘတ်စ်ကားဂိတ်တွေနဲ့ တခြားအဆောက် အအုံ တွေပါဝင်သလို တခြားဝန် ဆောင် မှုတွေလည်း ထည့်သွင်း ထားပါတယ်။ လာမယ့် ၂၀၁၈ခု နှစ်အတွင်းမှာ အခန်းတွေ အပ်နှံ ပေးမှာ ဖြစ်ပါတယ်။
အခန်းတွေကို ပုံစံနှစ်မျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ Downpayment နဲ့ ရောင်းချမှုကို ဝယ်ယူသူ တွေအနေနဲ့ ပထမအရစ် ၂၀ ရာခိုင်နှုန်း ကျပ်သိန်း ၁၂၀ နဲ့ ဒုတိယအရစ်ကို ၃၀ ရာခိုင်နှုန်း ၁၈၀ကို နှစ်နှစ်အရစ်ကျပေးသွင်းရမှာပါ။ ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်း သိန်း၃၀ဝ ကိုတော့ မိမိသတ်မှတ်ပေး သွင်းမယ့် ချေးငွေပေါ်မူတည်ပြီး ငါးနှစ်က ၁၀ နှစ်အတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ Downpay-ment ပေး သွင်းစရာမလိုတဲ့ ဝယ်ယူမှုကိုတော့လေးနှစ်အ ရစ် ကျ သွင်း အတွက် တစ်လကို ၁,၆၁၀,ဝဝဝ ပေးသွင်းရမှာပါ။ ၁၄ နှစ်ပေးသွင်းမှုမှာ တစ်လကို ၇၈၀,ဝဝဝ ပေးသွင်းရမှာ ဖြစ်ပါ တယ်။ ကမ္ဘောဇ ဘဏ်နဲ့ ချိတ်ဆက်ဝယ်ယူနိုင်မှာဖြစ်ပြီး ဘဏ်ချေးငွေအတွက် ၁၃ ရာခိုင်နှုန်းပေးဆောင်ရမှာ ဖြစ်ပါတယ်။ရန်ကုန် မြို့တွင်းမှာ ဝယ်ယူနိုင်သလို မန္တလေးမြို့ အိမ်ရာအရောင်းပြပွဲ မှာလည်း အခန်းပေါင်း ၅၀ ရောင်း ချပေးမှာ ဖြစ်ပါတယ်။
Ref : The Modern
Photo Credit : uncubemagazine
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties