By Kumudra, Shweproperty.com
Updated at 19 September 2017
တန်ဖိုးနည်းအိမ်ရာ ဝယ်ယူဖို့အတွက် ငွေချေးသူတွေကို ချေးငွေ ပြန်ဆပ်ရမယ့်ကာလကို ၁၅ နှစ်အထိ တိုးမြှင့်လိုက်ပြီဖြစ်တယ်လို့ ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHD Bank ) က သိရပါတယ်။
တန်ဖိုးနည်းအိမ်ခန်းတွေကို ဝယ်မယ့် သူတွေကို နောက်ထပ်ချေးမယ့်သူတွေကို ၁၅ နှစ်ကာလအထိ တိုးပေးတော့မယ်။ ခုစပြီး လုပ်ဆောင်နေပါပြီ။ အရင် ၁၀ နှစ်အတွက်ခုလာမယ့်ဟာတွေကို ၁၀ နှစ်အထိပေးမယ်။ အရင်ကဟာနဲ့ မဆိုင်ဘူး”လို့ CHD Bank ရဲ့ ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြောပါတယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန က တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၂၀ဝ၀ ကျော်ဆောက်ထားပြီး အခန်း ၆၀ဝ ကျော် ကို ပထမအသုတ်နဲ့ ရောင်းချပေးခဲ့ကာ စက်တင်ဘာ ၂ ရက်နဲ့ ၄ ရက်နေ့က အ ခန်း ၈၅၀ ကျော်ကို ဒုတိယအသုတ် အဖြစ် ရန်ကုန်မြို့မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးခန်းမှာ မဲဖောက်ရောင်းချ ခဲ့ပါတယ်။
CHDB ဘဏ်အနေနဲ့ နောက်ပိုင်းမှာ ပုဂ္ဂလိကကရောင်းချနေတဲ့ လူနေ အိမ်တိုက်ခန်းတွေနဲ့ လုံးချင်းအိမ်ရာတွေကိုလည်း ဘဏ်ချေးငွေနဲ့ ဝယ်ယူနိုင်အောင် စီစဉ်နေကြောင်းကိုလည်း သိရပါတယ်။
CHDB ဘဏ်မှာ ငွေစုဆောင်းထားသူတွေထဲက တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင် နှုန်းပြည့်မီသူတွေဟာ အစဉ်လိုက်အခန်းဝယ်ယူခွင့်ရရှိနေပြီး မိမိဝယ်ယူလိုတဲ့ အခန်းကို စိတ်ကြိုက်လျှောက်ထားခွင့်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ CHDB ဘဏ် မှာ အိမ်ရာဝယ်ယူဖို့ ငွေစုဆောင်းထားသူဦးရေ ၁၈,ဝဝဝ ကျော် ရှိနေပြီလို့လည်း သိရပါတယ်။
တန်ဖိုးနည်းအိမ်ရာအတွက် အခန်း ၈၀ဝ၀ ကို နှစ်နှစ်စီမံကိန်းနဲ့ တည်ဆောက်နေပြီး ဆောက်လုပ်ပြီးစီးမယ့် အခန်းတွေအနက် အိုးအိမ်ဦးစီးဌာနက အခန်း ၅၀ဝ ကျော် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အခန်း ၇၀ဝ ကျော် စုစုပေါင်း ၁၂၀ဝ ကျော် ရောင်းချထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties