By နွယ်, Shweproperty.com
Updated at 5 September 2019
ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမမှာကျင်းပပြုလုပ်တဲ့ ၂၀၁၉ ခုနှစ်ရဲ့ ၁၄ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဌ ဦးသောင်းထွန်းနဲ့ အဖွဲ့ဝင်ကိုးဦး တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် လယ်ယာကဏ္ဍ လုပ်ငန်းတစ်ခု၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းကဏ္ဍ လုပ်ငန်းနှစ်ခု၊ အိမ်ရာအဆောက်အဦးတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ လုပ်ငန်းသုးံခု စုစုပေါင်းလုပ်ငန်းခြောက်ခု ခွင့်ပြုပေးခဲ့တာပါ။ ရင်းနှီးမြှပ်နှံမှုပမာဏကတော့ အမေရိကန်ဒေါ်လာ ၂၁၄ သန်းကျော်ရှိမှာဖြစ်ပြီး အလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၀၀ ကျော်ကိုလည်းဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံသူမှုကျပ် ၁၉၀၄၉ ဘီလျံကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွေမှာ အများဆုးံရင်းနှီးမြှပ်နှံထားတယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်မှတစ်ဆင့်သိရပါတယ်။
Written By : နွယ် (ShweProperty.com)
Photo Credit : renown-travel
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties