By Tomorrow News, Shweproperty.com
Updated at 3 May 2017
သုံးနှစ်နီးပါးကာလထိ အေးစက်နေဆဲဖြစ်သည့် အိမ်ခြံမြေဈေးကွက်သည် ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ပြည်သူ့အစိုးရသက်တမ်း တစ်နှစ်ကျော်မှစ၍ အရှိန်ရလာမှုနှင့် နိုင်ငံတကာမှ စိတ်ဝင်စားမှု အနေအထားပေါ် မူတည်၍ ပြန်လည်ကောင်းမွန်သည့် အလားအလာများရှိနေကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေအသင်းချုပ်ထံမှ သိရသည်။
၂၀၁၄ ဇွန်လမှ စတင်၍ ယခုလက်ရှိအချိန်ထိ အိမ်ခြံမြေဈေးကွက်အရောင်းအဝယ်မှာ အေးနေခဲ့ပြီး အငှား ဈေးကွက်သာ အတင့်အသင့် ရှိနေသော်လည်း အားနည်းနေဆဲဖြစ်ကြောင်း၊ ယင်းအခြေအနေမှာလည်း နိုင်ငံ၏ ဖြစ်ပေါ်နေသည့် နိုင်ငံရေး စီးပွားရေးအနေအထား အားမကောင်းသည့်အတွက်ကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက သုံးသပ်သည်။
“ဘာပဲဖြစ်ဖြစ် ခုပြည်သူ့အစိုးရကလည်း တစ်နှစ်ပြည့်သွားပြီဆိုတော့ အရှိန်ရစပြုလာပြီဖြစ်တဲ့အတွက်ရယ်၊ နောက်စီးပွားရေးမူဝါဒ ၁၂ ချက်ကိုလည်း အကောင်အထည်ဖော်ပြီး လုပ်နေတယ်။ ပြီးတော့ ဒုသမ္မတ (၁) ဦးမြင့်ဆွေကလည်း လစဉ် ကုန်သည်စက်မှုအသင်းချုပ်မှာ လုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်တွေ့ပြီး လုပ်ငန်းသစ်တွေ ဖော်တဲ့နေရာမှာ ချောချောမွေ့မွေ့လုပ်နိုင်အောင် ဝန်ကြီးတွေ ညွှန်ချုပ်တွေကိုခေါ်ပြီး တစ်ထိုင်ထဲနဲ့ ဖြေရှင်းပေး ဖော်ဆောင်ပေးနေတယ်ပေါ့။ ဥပမာပြောရရင် ခုဆိုရင်လည်း တံတားတွေမှာ အရင်က အခွန်ကောက်တယ်၊ ခုမကောက်တော့ဘူး။ ရလဒ်ကောင်းတွေရလာတဲ့ သဘောပါ။ အိမ်ခြံမြေဆိုတာကလည်း တခြားစီးပွားရေးတွေ ကောင်းလာရင် အရှိန်ရလာရင် ကောင်းလာမှာပါ”ဟု ၎င်းကပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းချုပ်ကြီးအနေဖြင့်လည်း အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အာဆီယံ ဒေသများနှင့် ချိတ်ဆက်ပြီး investors၊ developer၊ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ကိုင်သူများနှင့် ဘော်ဒါဖြတ် ကျော်သည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် လုပ်ကိုင်ရန်ဆုံးဖြတ်ချက်ချ၍ လုပ်ဆောင်နေကြောင်း သိရသည်။
“ကမ္ဘာ့အိမ်ခြံမြေအဖွဲ့ချုပ် Global President ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ ၁၁ ရက်ကနေ ၁၈ ရက်ထိ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင်းမှာလည်း လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့ ဖိတ်ခေါ်ထားတဲ့အတွက် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု အတိုင်းအတာပေါ် မူတည်ပြီး နိုင်ငံတကာက ဝင်ရောက်လာမယ့်အလားအလာ ကောင်းတွေ ရှိလာမယ်လို့ ယုံကြည်တဲ့အတွက် ခု ၂၀၁၇ နှောင်းပိုင်းမှာ ပြန်ကောင်းလာမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
Ref : Tomorrow News
Photo Crtedit : Mizzima
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties