By Eleven Media Group, Shweproperty.com
Updated at 22 February 2019
၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၁၀၀ ကျော် တည်ဆောက်ပြီးစီးခဲ့ပြီး ယခုနှစ်တွင် အိမ်ခန်း ၇၁၀၀ ကျော် ဆက်လက် ဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က လာမည့် ၂၀၁၉ ခုနှစ်ကိုလည်း ဝန်ထမ်းအိမ်ရာနှစ်အဖြစ် ဆက်လက် သတ်မှတ်၍ ဝန်ထမ်းအိမ်ရာများ ထပ်မံ ဆောက်လုပ်မည် ဖြစ်သည်။ လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန အသီးသီးမှ ဝန်ထမ်းများအတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၀ ကျော် ဆောက်လုပ်လျက် ရှိကြောင်း၊ လက်ရှိ ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာများအနက် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာ ၁၉၅ ခု (အိမ်ခန်းပေါင်း ၂၂၅၄ ခန်း)၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာ ၄၆၀ (အိမ်ခန်းပေါင်း ၂၄၂၈ ခန်း)၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာ ကိုးခု (အိမ်ခန်းပေါင်း ၂၁၂ ခန်း)၊ ဆေးသုတေသနဦးစီးဌာနအတွက် အိမ်ရာ သုံးခု (အိမ်ခန်းပေါင်း ၃၂ ခန်း) ၊အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအတွက် အိမ်ရာ ၄၄ ခု (အိမ်ခန်းပေါင်း ၅၂၈ ခန်း)၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် အိမ်ရာ ၁၂၃ ခု (အိမ်ခန်း ၅၂၃ ခန်း) ဆောက်လုပ်လျက် ရှိကြောင်း သိရသည်။
“ယခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက်က ဦးစီးဌာန အသီးသီးအတွက် ဝန်ထမ်းအိမ်ရာပေါင်း ၈၃၄ ခု(အိမ်ခန်းပေါင်း ၆၀၀၀ နီးပါး) အထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင်ကာလတို ဘဏ္ဍာနှစ်မှာ ဆေးသုတေသနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့် ဝန်ထမ်းအိမ်ရာတွေမှာ အရင်ကာလတို ဘဏ္ဍာနှစ်မှာ မပါခဲ့တဲ့ ဦးစီးဌာနက ဝန်ထမ်းတွေအတွက်လည်း ထည့်တွက် ပြင်ဆင်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာနအနေဖြင့် ဆေးရုံ၊ ဆေးခန်း အသစ်ဆောက်လုပ်ခြင်းကို ခေတ္တဆိုင်းငံ့ လျှော့ချထားပြီး ဆောက်လက်စ ဆေးရုံ၊ ဆေးခန်းများကိုမူ ရန်ပုံငွေ ဆက်လက်ခွဲဝေချထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် နိုင်ငံတော်က ခွဲဝေချထားပေးသည့် ကျန်ရှိသော ဆောက်လုပ်ရေးဆိုင်ရာ ရန်ပုံငွေများကို တစ်ပြည်လုံးရှိ ပြည်နယ်၊ တိုင်းဒေသကြီးအသီးသီးတွင် ဝန်ထမ်းအိမ်ရာများအား ဦးစားပေး အစီအစဉ်အလိုက် တည်ဆောက်နေကြောင်း သိရသည်။
ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးတွင် ဦးစီးဌာနအသီးသီးရှိ ဝန်ထမ်းများအတွက် ဆောက်လုပ်ရန် လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာစာရင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဦးစားပေး အစီအစဉ်ဖြင့် တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများမှ တစ်ဆင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တင်ပြ တောင်းခံခဲ့ခြင်း ဖြစ်သည်။
Ref & Photo Credit : Eleven Media Group
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties