By SFJ Strategy First Journal, Shweproperty.com
Updated at 2 August 2017
မြန်မာနိုင်ငံတွင်တည်ဆောက်မည့်Okura Prestige Yangon ဟိုတယ်အားလာမည့် ၂၀၂၀တွင်ဖွင့်လှစ်ရန် ဂျပန်ဟိုတယ်လုပ်ငန်းကြီးဖြစ်သောHotel Okura မှစီစဉ်ထားကြောင်းသိရသည်။
ဂျပန်ဟိုတယ်ကြီးOkura Hotels & Resorts ၏မြန်မာနိုင်ငံတွင်ဖွင့်လှစ်မည့်ပထမဆုံးသောmember hotelတစ်ခုဖြစ်သော Okura Presitge Yangon အားတည်ဆောက်သွားရန်ရှိနေပြီးယင်းဟိုတယ်ကြီးအား လာမည့်၂၀၂၀ပြည့်နှစ်အမှှီဖွင့်လှစ်လုပ်ကိုင်သွားမည်ဟုယင်းဂျပန်ကုမ္ပဏီမှထုတ်ပြန်ကြေညာလိုက်ကြောင်းသိရသည်။
ထိုOkura Presitge Yangon ဟိုတယ်အားစီမံလုပ်ကိုင်မှုပိုင်းကိုလည်းFujita Corporation,Tokyo Tatemono Co.Ltd,Japan Overseas Infrastructure Investment Corporation for Transport & Urban Development and နှင့်Yangon Technical & Trading Co.,တို့ပူးပေါင်းဖွဲ့စည်းထားသောပြည်တွင်းမှ မိတ်ဘက်လုပ်ငန်းအဖွဲ့တစ်ခုနှင့်အကြားသဘောတူစာချုပ်တစ်ရပ်လာမည့်သြဂုတ်လတွင်လက်မှတ်ရေးထိုးသွား နိုင်မည်ဟုHotel Okura မှမျှော်မှန်းထားကြောင်းသိရသည်။
Okura Presitge Yangon သည်ရန်ကုန်မြို့လယ်တွင်အခန်းပေါင်း၃၉၀ထိပါဝင်သော ဟိုတယ်ကြီးတစ်ခုအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီးအချက်အချာကျသောနေရာတွင်တည်ရှိမည်ဖြစ်ကြောင်းသိရသည်။
ဂျပန်အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍတို့မှ ပူးပေါင်းအားထုတ်ပေးမှု၊ပြည်တွင်းမှ လုပ်ငန်း ပါတနာများ၏ပူးပေါင်းပါဝင် ပေးမှုတို့ကြောင့်မြန်မာနိုင်ငံရင်းနှှီးမြှပ်နှံမှုဥပဒေသစ်အောက်တွင်ပထမဆုံးရင်းနှီးမြှပ်နှံမှုပါမစ်ဖြစ်ပြီးကြီးမားသော စီမံကိန်းတစ်ခုတွင်ပါဝင်လုပ်ဆောင်ခွင့်ရသောကြောင့်Hotel Okura သည်တကယ့်ကိုဂုဏ်ယူရကြောင်းကို Hotel Okura Co.,Ltd၏ဥက္ကဌမှပြောကြားခဲ့ကြောင်းသိရသည်။
ထိုနည်းတူ မြန်မာပြည်သူပြည်သားများလည်း ဂျပန်တို့၏အစဉ်အလာဧည့်ခံမှုဆိုင်ရာကျွမ်းကျင်မှုများနှင့်အတူ Hotel Okura၏လုပ်ငန်းအတွေ့အကြုံများနှင့်အကောင်းဆုံးဖြည့်ဆည်းပေးသွားရန်ရှိသည်ဟုလည်းသိရသည်။
Ref & Photo Credit : SFJ Strategy First Journal
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties