By The Myanmar Times, Shweproperty.com
Updated at 18 August 2017
၂ဝ၄ဝ ပြည့်နှစ်တွင် တိုးပွားလာမည့် လူဦးရေအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူနေအိမ်နှင့်တိုက်ခန်း ၄ ဒသမ ၈ သန်း လိုအပ်မည်ဖြစ်ပြီး စီးပွားရေးမြို့တော် ရန်ကုန်တစ်မြို့တည်းတွင်ပင် အိမ်နှင့် တိုက်ခန်း တစ်သန်းကျော် လိုအပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
၁၉၈၃ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ နှစ်ပေါင်း ၃ဝ အတွင်း တိုးပွားခဲ့သော လူဦးရေတိုးနှုန်းကိုအခြေခံကာ ၂ဝ၄ဝ ပြည့်နှစ်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အဆိုပါအိမ်ခန်းအရေ အတွက်လိုအပ်မည်ဖြစ်ကြောင်း ခန့်မှန်းတွက်ချက်ကာ ပြောကြားခြင်းဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အိမ်ရာဖွံ့ဖြိုးရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက ဆိုသည်။
၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းအရနိုင်ငံတွင်းလူဦးရေသည် ၃၅ သန်းကျော်ရှိခဲ့သော်လည်း ၂ဝ၁၄ခုနှစ်တွင် ၅၁ သန်းကျော်အထိ တိုးပွားလာခဲ့ပြီး အဆိုပါနှုန်းထားအတိုင်း ထပ်မံတိုးပွားပါကလာမည့် ၂ဝ၄ဝ ပြည့်နှစ်တွင် လူဦးရေ သန်း ၇ဝ ကျော်ရှိလာမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လက်ရှိရန်ကုန်မြို့တွင် အဆောက်အအုံပေါင်း တစ်သန်းခွဲကျော်ရှိနေပြီး တိုးပွားလာမည့် လူဦးရေအတွက် နောက်ထပ်အိမ်ရာ အခန်းပေါင်း တစ်သန်းကျော်လိုအပ်မည်ဖြစ်ပြီး အဆိုပါအိမ်ရာလိုအပ်ချက်၏ ၂ဝ ရာခိုင်နှုန်းခန့်ကိုမူ ဆောက်လုပ်ရေးဝန်ကြီးဌာန၊မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
''တစ်နှစ်ကို အိမ်ခန်းပေါင်း ၈,ဝဝဝ လောက် အကောင်အထည်ဖော်ဖို့လည်း (မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက) ဆောင်ရွက်နေပါတယ်။ ကျန်တဲ့ အိမ်ခန်းအရေအတွက်ကို တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေနဲ့ ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ဖြည့်ဆည်းပေးမှ ဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties