By The Kumudra, Shweproperty.com
Updated at 15 March 2016
နေပြည်တော်မှာ အစိုးရဝန်ထမ်းတွေတွက် ချပေးထားတဲ့ မြေနေရာမှာ မဖြစ်မနေ လူနေအိမ် ဆောက်လုပ်ရမယ်ဆိုပြီး အမိန့်ကြေညာချက် ထုတ်ပြန်ထားတာကြောင့် နေပြည်တော်က ကန်ထရိုက်လုပ်ငန်းတွေ ပြန်တွင်ကျယ်လာတယ်လို့ သိရပါတယ်။
ပုဗ္ဗသီရိမြို့နယ်အတွင်းက ဝန်ထမ်းတွေကို ချပေးထားတဲ့ မြေကွက် တွေမှာ လူနေအိမ်တွေမဖြစ်မနေဆောက်လုပ်ရမှာ ဖြစ်ပါတယ်. အိမ်ဆောက်ကန်ထရိုက် လုပ်ငန်းရှင် တွေဟာ အရင်ကတလကို တစ်အိမ်ခန့်သာ ဆောက်လုပ်ရပေမဲ့ အခုနောက်ပိုင်းမှာ တစ်လကို ၁၀ ကွက်ထက်မနည်း ဆောက်လုပ်နေရတယ်လို့ သိရပါတယ်။
နေပြည်တော်စည်ပင်သာယာက ချပေးထားတဲ့ မြေကွက် ၁၆၀၀ ကျော်မှာ အများစုဆောက်လုပ်ကြတဲ့ အိမ်ပုံစံက ပျဉ်ခင်း၊ပျဉ်ကာနဲ့ သွပ်မိုး ပေ ၂၀ ပတ်လည် အိမ်ဖြစ်ပါတယ်။ ပစ္စည်းရော လက်ခအပါအဝင် ကျပ်သိန်း ၂၀နဲ့ ဆောက်လုပ်ပေးတာပါ။
အိမ်ဆောက်လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင် မနုက အခုမဖြစ်မနေ အိမ်ဆောက်ရမယ်ဆိုတော့ အစ်မတို့လဲ အလုပ်ဖြစ်တာပေါ့ ၊ အရင်ကဆိုတလလုံးမှ တစ်ကွက်လောက်ဖြစ်တာ အခုဆိုတလကို ၁၀ ကွက်ကျော်တယ်လို့ သိရပါတယ်။
ဝန်ထမ်းတွေက သူတို့ပိုင်တဲ့ မြေကွက်ကို ပြရုံပြပြီး ကျန်တဲ့ဆောက်လုပ်ရေးအပိုင်းကို ကန်ထရိုက်ကပဲ တာဝန်ယူဆောက်လုပ်သွားတာလို့ သိရပါတယ်။ အိမ်ဆောက်လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ဦးက သူတို့ကဘာမှ ပေးစရာမလိုဘူး၊အစ်ကိုတို့က အသားရော လက်ခပါအပြီးလက်ခံတာ ၊အလုပ်အပ်ပြီးတပတ် အတွင်းမှာ အပြီးဆောက်ပေးတယ်၊အများစုကပေ ၂၀ ပတ်လည်ပဲဆောက်ကြပါတယ်လို့ ပြောပါတယ်။
အဲသည်မြေကွက်တွေပေါ်မှာ လူနေအိမ်ဆောက်ရမယ်ဆိုပြီး ၂၀၁၅စက်တင်ဘာ၈ရက်နေ့က နေပြည်တော်စည်ပင်သာယာက အမိန့်ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
တချို့ အဆင်မပြေတဲ့ ဝန်ထမ်းတွေကြတော့လဲ အဆင်မပြေကြဘူး သိန်း ၂၀ မှာငါးသိန်း ကိုတော့ လကုန်မှ ယူပါတယ်ဆိုပြီး အကြွေးထားပေးရတာတွေလည်းရှိတယ် လို့ အိမ်ဆောက်လုပ်ငန်းလုပ်ဆောင်တဲ့ မနုကပြောပါတယ်။
ကန်ထရိုက်တွေ ဆောက်လုပ်ပေးတဲ့ အိမ်ပုံစံမှာ ပေ ၂၀ ပတ်လည် ဟောလ်ခန်းသာဖြစ်ပါတယ်။ရေနံချေး သုတ်ပေးတဲ့ အဆင့်အထိ အပြီးအစီးကို ကျပ်သိန်း ၂၀ နဲ့ ဖြစ်ပါတယ်။
အိမ်ဆောက်လုပ်ငန်းရှင်တွေ ဆောက်လုပ်ပေးတဲ့ အိမ်အများစုမှာ အသုံးပြုပြီးသား အိမ်အဟောင်းကသစ် တွေနဲ့ ပြန်လည်ဆောက် လုပ်ကြတယ်လို့ သိရပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties