By Sint Sint, Shweproperty.com
Updated at 10 February 2020
ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ရာလိုအပ်ချက်များပြားခြင်းကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက နှစ် ၂ဝ စီမံကိန်းရေးဆွဲကာတစ်နှစ်လျှင်တန်ဖိုးနည်း/တန်ဖိုးသင့် အိမ်ရာ(၈၀၀၀)ယူနစ် ဆောက်လုပ်ရောင်းချပေးရန် လျာထားကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒေါ်နီလာကျော်ကပြောသည်။
ထိုလျာထားချက်များအတိုင်း ဆောင်ရွက်ရာတွင် ဆောက်လုပ်ရာတွင် အိမ်ရာသစ်များ တည်ဆောက်ချိန် ကာလမှာ (၂)နှစ်ခန့်ကြာမြင့်ပြီး နှစ်စဉ်တည်ဆောက်ပြီးစီးသွားသည့် တန်ဖိုးနည်း/တန်ဖိုးသင့်တိုက်ခန်းများကို အတိုးနှုန်းသက်သာမှုရှိသော JICA ODA Loan အစီအစဉ်ဖြင့် CHID Bank သာမကအခြားပုဂ္ဂလိက Bankများကလည်း ODA Loan ဖြင့် အတိုးနှုန်းသက်သာစွာ အိမ်ဝယ်ချေးငွေထုတ်ချေးပေးနိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။
လက်ရှိတွင် Yangon Metropolitan Development Public Co.,ltd ကတာဝန်ယူတည်ဆောက်နေသည့် ကျူးကျော် အိမ်ရာနေပြည်သူများနေထိုင်ရန်အတွက်ကျူးကျော်(၂၇၀၀၀)ခန့် ကို တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းပေါင်း (၂၂၀၈)ခန်းကို ပြည်သူ့အိမ်ရာစီမံကိန်းများရောင်းချရေး ကော်မတီက စိစစ်ရောင်းချပေးခဲ့ပြီး ဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာများကို အပြီးအပိုင်ရောင်းစနစ်ဖြင့်ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ဝင်ငွေနည်းပါးသည့် မိသားစုများကို အိမ်ရာဝယ်ယူခွင့်ရရှိစေရန် CHID Bank မှအိမ်ဝယ်ချေးငွေထုတ်ချေးပေးသည့်စနစ်နှင့် ချိတ်ဆက်ရောင်းချ ပေးခဲ့ခြင်းဖြစ်သည်။
ဘဏ်ချေးငွေအား (၁၅)နှစ်အရစ်ကျပေးဆပ်နိုင်ရန်စီစဉ်ထားရှိပြီး၊ အတိုးနှုန်း သက်သာမှုရှိစေရန် ဂျပန်နိုင်ငံအစိုးရ၏ ODA Loan ကိုဘဏ်များကချေးငွေရယူပြီး တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူများကို အတိုးနှုန်း၈.၅ရာခိုင်နှုန်းဖြင့်ပြန်လည်ထုတ်ပေးလျက်ရှိကြောင်း ဝန်ကြီးကဆိုသည်။Yangon Metropolitan Development Public Co.,Ltd သည် ကျူးကျော်အိမ်ရာများတွင်နေထိုင်သည့် ပြည်သူများ၏လူမှုစီးပွားရေး ဘဝ မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့်လှိုင်သာယာမြို့နယ်နှင့် ဆက်စပ်နေသော ပန်းလှိုင်မြစ်တစ်ဖက်လမ်း တွံတေးမြို့နယ်၊ ပဒါန်ရေကျော်ကွင်းမြေဧက ၂၄၀၀ခန့်တွင် တန်ဖိုးနည်း အိမ်ရာ(၂၆၁၈၂)ယူနစ်ဆောက်လုပ်ပြီး လစဉ်အရစ်ကျပေးဆပ်ရသောစနစ်ဖြင့် ကျူးကျော်အိမ်ရာနေပြည်သူများအား ဦးစီးပေးပြီးတိုက်ခန်းရောင်းချ ပေးသွားရန် စီစဉ်ထားသည်။
Yangon Metropolitan Development Public Co.,Ltdသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအားကိုယ်စားပြု၍ ၂၀၁၇ခုနှစ်တွင် မလေးရှားနိုင်ငံ Berjaya Land Co.,Ltdနှင့်နားလည်မှု စာချွန်လွှာ MoUနှင့် မူဘောင်သဘောတူညီချက် frame Work Agreement လက်မှတ်ရေး ထိုးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်၍ စီမံကိန်းဖြစ်မြောက်နိုင်စွမ်း(Feasibility Study) ဆောင်ရွက်ခဲ့ပြီး စီမံကိန်း မြေနေရာ ဧက ၂၄၀၀အား လယ်ယာမြေဥပဒေပုဒ်မ ၃၀(က) လျှောက်ထားရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါ ကြောင်း၊ယခုအခါ ယင်းစီမံကိန်းကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့တင်ပြခွင့်ပြုချက်ရယူပြီးမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ရောင်းချပေးနေသော တန်ဖိုးနည်းအိမ်ရာကျပ် (၆၆)သိန်းမှ ကျပ်(၁၄၅)သိန်းအတွင်းတန်ဖိုးရှိသော တိုက်ခန်းများဝယ်ယူရန် မိသားစုဝင်ငွေသတ်မှတ်ချက်မပြည့်မီသူများ၊ အထူးသဖြင့် ကျူးကျော်အိမ်ရာများတွင် နေထိုင်သူများအတွက် နေအိမ်များကို၁၄ပေx ၂၅ပေ အရွယ်အစားဖြင့် Community - Led Housing နည်းစနစ်အရဆောက်လုပ်နေရာ ချထားပေးသွားရန် အစီအမံများချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။
ပထမဦးစွာရွှေပြည်သာမြို့နယ်၊ သံဒင်း (၄၈) ရပ်ကွက်တွင် Community - Led Housing ပထမ အသုတ်(၂၆၄)လုံး ဆောက်လုပ်ပြီးစီး၍ နေရာချထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ဆက်လက်၍ ရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်)၊ ဒဂုံ(အရှေ့)နှင့် ရွှေပေါက်ကံတို့တွင် အိမ်ရာယူနစ်(၁၀၀၀၀)စီ၊ စုစုပေါင်းအိမ်ရာယူနစ်(၆၀၀၀၀)အထိဆောင်ရွက်သွားနိုင်ရန် စီမံကိန်းရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကျပ်သိန်း(၃၀)တန်အိမ်များကို Microfinance ချေးငွေဖြင့်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊
အစိုးရကမြေ နေရာပေးပြီး အစိုးရမြေအဖြစ်သာဆက်လက် သတ်မှတ်ထားပြီး နေထိုင်မည့်သူများက Microfinance အစီအစဉ်ဖြင့် ချေးငွေရယူပြီး ဆောက်လုပ်၍နေထိုင်ခြင်းဖြစ်သည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties