By Kumudra, Shweproperty.com
Updated at 27 December 2018
၂၅ နှစ်အရစ်ကျဝယ်ယူနိုင်မယ့် သန်လျင်က တန်ဖိုးသင့်အိမ်ရာမှာ ဝါးတားဘတ်စ်လမ်းကြောင်းပါ ထည့်သွင်းတည်ဆောက်ပေးမှာဖြစ်ပြီး ဇန်နဝါရီလဆန်းမှာ စတင်ရောင်းချပေးမယ်လို့ သိရပါတယ်။
Yoma Strategic နဲ့FMI ရဲ့ Uက္ကဋ္ဌ Mr Serge Pun က “လမ်းပန်းဆက်သွယ်ရေးလဲ အဆင်ပြေအောင် ဂျက်တီဆောက်လုပ်ခွင့်လဲ တင်ထားတာရပါပြီ၊ အိမ်ရာကနေ ပန်းဆိုးတန်းအထိကို ဝါးတားဘတ်စ် ပြေးဆွဲမယ့် အစီအစဉ်လဲပါတယ်၊ အိမ်ရာပြီးတာနဲ့ ဂျက်တီကိုလဲ အပြီးလုပ်မှာပါ”လို့ ပြောပါတယ်။
အဲသည် အိမ်ရာကို ရှစ်ထပ်အမြင့်တည်ဆောက်မှာ ဖြစ်ပြီး အိမ်ခန်းတစ်ခန်းကို အနည်းဆုံးငွေကျပ်သိန်း ၄၂၀ နဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။
City Loft (City Loft @ Star City) ကို ရန်ကုန်မြို့ သန်လျင်မြို့နယ်မှာရှိတဲ့ Star City အိမ်ရာဝင်းအတွင်းရှိ ၂၂ ဧက ကျယ်ဝန်းတဲ့ မြေနေရာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ဆောက်လုပ်မှုကို အဆင့်အလိုက်တည်ဆောက်မှာဖြစ်ပြီး ပထမအဆင့်မှာ အိမ်ခန်းတွေဆီကို ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်မှာ စတင်အပ်နှံမယ်လို့ ဆိုပါတယ်။
အများပြည်သူအတွက် အိမ်ခန်းတွေကို Star City ရှိ အရောင်းပြခန်းမမှာ နမူနာအိမ်ခန်းပုံစံတွေပြသကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စတင်ရောင်းချမယ်လို့ သိရရပါတယ်။
တန်ဖိုးသင့်အိမ်ရာလို သတ်မှတ်ထားတဲ့အတွက် ဘယ်နှခန်းရှိမယ်ဆိုတာ မှန်းလို့ မရဘူး။ ဈေးကွက်လိုအပ်သလောက် ဆောက်ပေးမယ်။ဈေးကွက်ကများရင် များများဆောက်ပေးမယ်လို့ ံMr.Serge Pun က ပြောပါတယ်။
City Loft @ Star City ရှိ စတူဒီယိုနဲ့ အိမ်ခန်းတွေရဲ့ဈေးနှုန်းက အကျယ်အဝန်းနဲ့ အမျိုးအစားအပေါ် မူတည်ပြီး ကျပ်ငွေသိန်း ၄၂၀ ကနေ ကျပ်သိန်းပေါင်း ၁၆ဝဝ အထိ ရှိတယ်။ ဝယ်ယူသူတွေအနေနဲ့ စရန်ငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ ၂၅ နှစ်အတွင်း ပေးသွင်းနိုင်တယ်လို့ သိရပါတယ်။
City Loft @ Star City s first phase မှ ရောင်းချမယ့် အိမ်ခန်းဈေးနှုန်းမှာ အိမ်ခန်းအရွယ်အစားနဲ့ သတ်မှတ်ချက်ပေါ် မူတည်ပြီး ကျပ်သိန်း ၄၂၀ က သိန်း ၁၆ဝဝ အထိရှိပါတယ်။
အိမ်ခန်းဝယ်ယူသူတွေက အိမ်ခန်း တန်ဖိုးကျသင့်ငွေစုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းကို စရန်ငွေအဖြစ် အရင်ပေးချေပြီး ကျန် ၇၀ ရာခိုင်နှုန်းကို ၂၅ နှစ်ကြာအထိ အရစ်ကျ ပေးသွင်းနိုင်မှာ ဖြစ်ပါတယ်။ တစ်လကို ငွေကျပ်လေးသိန်းကျော် ပေးသွင်းရမှာ ဖြစ်ပါတယ်။
အိမ်ခန်းတွေကို စတူဒီယိုအိမ်ခန်းတွေ ထည့်သွင်းတည်ဆောက်မှာဖြစ်ပြီး အိပ်ခန်းတစ်ခန်း၊နှစ်ခန်းနှင့် သုံးခန်းပါဝင်တဲ့ အိမ်ခန်းတွေလည်း ပါဝင်ပါတယ်။ ၃၁၂ စတုရန်းပေကနေ ၈၅၀ စတုရန်းပေအထိ ကျယ်ဝန်းတဲ့ အခန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ရေကူးကန်၊ အားကစားရုံ၊ ပန်းခြံနဲ့ ဈေးဝယ် ပလာဇာတို့အပြင် YBS ဘတ်စ် ကားရပ်နားစခန်းလည်း ပါရှိတယ်လို့ သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties