By Kumudra, Shweproperty.com
Updated at 25 October 2017
ဘန်ကောက်မြို့ လယ်ရှိ Sukhumvit လမ်းမကြီးနဲ့ Chi-dlom လမ်းမတို့ဆုံတဲ့နေရာမှာတည်ရှိတဲ့ 28 Chidlom အဆင့်မြင့်အိမ်ရာစီမံကိန်း မှ ကွန်ဒိုတိုက်ခန်းတွေကို လက်ငင်းငါးရာခိုင်နှုန်းပေးချေရုံနဲ့ ဝယ်ယူရင်းနှီးမြှုပ်နှံနိုင်မှာဖြစ်တယ်။
ဘန်ကောက်အိမ်ရာ ပြပွဲကို SQFT Global Properties က ဦးစီးကာ နိုဝင်ဘာလအတွင်း နိုဗိုတယ်ဟိုတယ်မှာကျင်းပသွားမှာဖြစ်ပါတယ်။ 28 Chidlom အိမ် ရာစီမံကိန်းက ဘန်ကောက်မြို့ကို ဈေးဝယ်ထွက်တဲ့ မြန်မာလူမျိုးတွေသွားလာမှုများတဲ့ Platinum ဈေးဝယ်စင်တာ၊ Platinum ဈေးဝယ်စင်တာတို့နဲ့ ၉၀ဝ မီတာ အကွာ၊ Central World ဈေးဝယ်စင်တာနဲ့ ၇၅၀ မီတာအကွာ၊ Central Embassy ဈေးဝယ်စင်တာနဲ့ ၅၀ဝ မီတာအကွာမှာတည်ရှိပါတယ်။ ဒါ့အပြင် အဓိကကောင်းကင်ရထားဘူတာရုံဖြစ်တဲ့ Chid-lom ဘူတာရုံနဲ့လည်း ၂၅၀ မီတာသာကွာဝေးပါတယ်။မြန်မာလူမျိုးများဆေးကုသမှုများတဲ့ ဘွန်ရမ်ဂရက်ဆေးရုံ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ Siam Paragon ဈေးဝယ်စင်တာတို့လည်းတည်ရှိပါတယ်။
ကွန်ဒိုတိုက်ခန်းတွေကိုဝယ်ယူမယ်ဆိုရင် လက်ငင်းငါးရာခိုင်နှုန်းသာပေးချေရမှာဖြစ်ပြီး ခြောက်လအတွင်းနောက်ထပ်ငါးရာခိုင်နှုန်း၊ တစ်နှစ်အတွင်းနောက်ထပ်ငါးရာခိုင်နှုန်း ပေးချေရမှာဖြစ်ပါတယ်။
The Villa မှာ အထပ် ၂၀ ရှိပြီး အခန်းယူနစ်ပေါင်း ၁၈၂ ခန်းပါဝင်ပါတယ်။ 1Bedroom အခန်း 2 Bedroom အခန်းတွေပါဝင်ပြီး အခန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာလေးသိန်းခန့်ကနေ စတင်တယ်လို့သိရပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties