By အေဝိုင်အီး, Shweproperty.com
Updated at 26 December 2012
မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ်မြေဧရိယာစတုရန်းပေ နှစ်သန်းကျော်ပေါ်တွင် သုံးမြွှာယှဉ်တွဲကာ ဆောက်လုပ် မည့် အထပ် ၃ဝ ကျော် အဆင့်မြင့် Junction မြို့တော် စီမံကိန်းကြီးကို ရန်ကုန်မြို့လယ်ကောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်း နှင့် ရွှေတဂုံဘုရားလမ်းထောင့် ၌ အကောင်ဖော်တည်ဆောက် သွားရန်ရှိကြောင်း Shwe Taung Development Group မှ ၇−၁၂−၂၀၁၂ ရက်က သိရသည်။
အဆိုပါ Junction မြို့တော် စီမံ ကိန်းကြီးတွင် အဆင့်မြင့် စီးပွားရေး ရုံးခန်းများ ၊ အိမ်ခန်းများ ၊ အဆောက်အအုံတွင်း ဈေးတန်းများ ၊ ဈေးဝယ်စင်တာမျာ၊ ဟိုတယ် ၊ ဖျော်ဖြေရေးခန်းမများ ၊ ဆွေးနွေးပွဲခန်းမ များလည်းပါဝင် မည်ဖြစ်ကာ အဆောက်အအုံ၏ အောက်ခြေတွင် အထပ်လေးထပ် အညီဖြင့် အခြေခံတည်ဆောက်မည် ဖြစ်ပြီး သုံးမြွာတာဝါများကို ယင်းအပေါ်တွင် ဆက်လက်တည်ဆောက်မည် ဟုသိရသည်။ ''ဒါက စီမံကိန်းအသစ် တစ်ခုပါ၊ ရန်ကုန်မြို့ရဲ့ New Landmark ဖြစ်စေမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဈေး နဲ့ ခရစ်ယာန် ဘုရားကျောင်းရှေ့က မြေနေရာပေါ်မှာ တည်ဆောက်ဖို စီစဉ်နေတယ်" ဟု "ဟု ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစုမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါစီမံကိန်းတည်ဆောက်မည့်မြေနေရာမှာ လဟာပြင်ဈေးဟောင်း တွင်ဖြစ်ပြီး အချက်အချာကျမှုအပြင် ဗိုယ်ချုပ်အောင်ဆန်းဈေး ၊ ရွှေတဂုံဘုရား၊ ဆူးလေးဘုရား ၊ Traders ၊ Sakura Tower ၊ ဂရင်းမီးရထား အဆင့်မြင့် အိမ်ရာ နှင့် ဟိုတယ် စီမံကိန်းစသည့် ရန်ကုန်မြို့၏ အထင်ကရနေရာများ နှင့် အနီးဆုံးတွင် တည်ရှိနေသည့် အတွက် အနာဂတ်မြို့ နေလူထုအတွက် အဆင်ပြေစေသော စီမံ ကိန်းတစ်ခုဖြစ်လာမည်ဟု သိရသည်။
''ရင်းနှီးမြှုပ်နှံမှုပမာဏက လတ်တလောတိတိကျကျတွက်ချက်ထားတာတော့ မရှိ သေးဘူး၊ လောလောဆယ်တော့ Project ဒီဇိုင်းဆွဲထားတုန်းပါပဲ''ဟု အဆိုပါ ပုဂ္ဂိုလ် က ဆက်လက်ပြောကြားသည်။
Junction မြို့တော်စီမံကိန်း၏အခန်းများမှာ မြို့နေအထက်တန်းလွှာလူတန်းစားတစ်ရပ်အတွက် အပန်းဖြေနိုင်သော အဆင့်မြင့်အိမ်ရာ စီမံကိန်းမျိုးဖြစ် ပြီး မြို့တော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမည်ဟု သိရသည်။
'' လောလောဆယ်တော့ ဒီစီမံကိန်း အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို တင်ပြရဦးမယ်၊ ခွင့်ပြုချက်ရမှသာ ဒီစီမံကိန်းက ဆောက်ရမှာ ပါ'' ဟု ယင်းက ပြောကြားသည်။ Junction မြို့တော်၏ သုံးမြွာတာဝါများမှာ ၂၈ ထပ် ၊ ၃၂ ထပ် နှင့် ၃၄ ထပ်စီဖြင့် ဆောက်လုပ်စီမံကိန်း ပုံစံလျာထားပြီး ခွင့်ပြုချက်ရရှိပါက စတင်နိုင်မည့် ခန့်မှန်းကာလမှာ ၂၀၁၃ ဒုတိယ ခြောက်လအတွင်း ၌သာ ဖြစ်နိုင်ဖွယ်ရှိ သည်ဟု သိရသည်။
Source : Pyi Myanmar
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties