By ဝိုင်းနန္ဒီထွန်း, Shweproperty.com
Updated at 22 October 2019
#Unicode
နှစ်ပေါင်း(၃၁)နှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ(၁၁)ခုတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအပါအဝင် အိမ်ခြံမြေကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု (၂၂)ရာခိုင်နှုန်းကျော်အထိ အများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ DICA ကနေ တစ်ဆင့်သိရပါတယ်။
အိမ်ခြံမြေကဏ္ဍမှာ မြန်မာနိုင်ငံသားများက လုပ်ငန်းပေါင်း(၈၃)ခုသို့ အမေရိကန်ဒေါ်လာ (၁) ဒသမ (၂၄၈)ဘီလီယံနှင့် ကျပ်(၄၃၀၈) ဒသမ (၇၁၇) ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားပါတယ်။ စုစုပေါင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ (၂၂)ဒသမ (၄၉)ရာခိုင်နှုန်းဖြင့် အများဆုံးရပ်တည်နေတယ်လို့ သိရပါတယ်။
ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံမှုကတော့ ကုန်ထုတ်လုပ်မှု ကဏ္ဍဖြစ်ပြီး လုပ်ငန်းပေါင်း (၈၈၂)ခုသို့ အမေရိကန်ဒေါ်လာ (၂)ဒသမ (၇)ဘီလီယံအပါအဝင် ကျပ်ဘီလီယံ(၃၄၀၀)ကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။
မြန်မာနိုင်ငံသားများအနေဖြင့် အိမ်ခြံမြေကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေး၊ စက်မှုဇုန်လုပ်ငန်းကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ သတ္တုတူးဖော်ရေးလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် အခြားကဏ္ဍတို့တွင် အဓိကဝင်ရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ အစည်းအဝေးအမှတ်စဉ်(၁၆/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အဆိုပြုလုပ်ငန်းလေးခု၊ အတည်ပြုလုပ်ငန်းတစ်ခု၊ ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း (၁၂)ခုနဲ့ မန္တလေးတိုင်းမှ အတည်ပြုလုပ်ငန်းတစ်ခု နဲ့ ပဲခူးတိုင်းမှ အတည်ပြုလုပ်ငန်းငန်း(၂)ခုအပါအဝင် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၀)မှ ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ (၁၆၉)ဒသမ (၅၈၄)သန်းကို ခွင့်ပြု အတည်ပြုပေးခဲ့ပါတယ်။
#Zawgyi
ႏွစ္ေပါင္း(၃၁)ႏွစ္အတြင္း ျမန္မာႏိုင္ငံရဲ႕ စီးပြားေရးက႑(၁၁)ခုတြင္ ျမန္မာႏို္င္ငံသားရင္းႏွီးျမွဳပ္ႏွံမႈအပါအဝင္ အိမ္ၿခံေျမက႑မွာ ရင္းနွီးျမွဳပ္ႏွံမႈ (၂၂)ရာခိုင္ႏႈန္းေက်ာ္အထိ အမ်ားဆံုးရင္းႏွီးျမွဳပ္ႏွံထားတယ္လို႔ DICA ကေန တစ္ဆင့္သိရပါတယ္။
အိမ္ၿခံေျမက႑မွာ ျမန္မာႏိုင္ငံသားမ်ားက လုပ္ငန္းေပါင္း(၈၃)ခုသို႔ အေမရိကန္ေဒၚလာ (၁) ဒသမ (၂၄၈)ဘီလီယံႏွင့္ က်ပ္(၄၃၀၈) ဒသမ (၇၁၇) ဘီလီယံအထိ ရင္းႏွီးျမွဳပ္ႏွံထားပါတယ္။ စုစုေပါင္း ျမန္မာႏိုင္ငံသားရင္းနွီးျမွဳပ္ႏွံမႈ ပမာဏရဲ႕ (၂၂)ဒသမ (၄၉)ရာခိုင္နႈန္းျဖင့္ အမ်ားဆံုးရပ္တည္ေနတယ္လို႔ သိရပါတယ္။
ဒုတိယအမ်ားဆံုးရင္းနွီးျမွဳပ္ႏွံမႈကေတာ့ ကုန္ထုတ္လုပ္မႈ က႑ျဖစ္ၿပီး လုပ္ငန္းေပါင္း (၈၈၂)ခုသို႔ အေမရိကန္ေဒၚလာ (၂)ဒသမ (၇)ဘီလီယံအပါအဝင္ က်ပ္ဘီလီယံ(၃၄၀၀)ေက်ာ္ ရင္းႏွီးျမွဳပ္ႏွံထားပါတယ္။
ျမန္မာနိုင္ငံသားမ်ားအေနျဖင့္ အိမ္ၿခံေျမက႑၊ ကုန္ထုတ္လုပ္မွုက႑၊ သယ္ယူပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑၊ ဟိုတယ္ႏွင့္ ခရီးသြားလုပ္ငန္းက႑၊ ေဆာက္လုပ္ေရး၊ စက္မွုဇုန္လုပ္ငန္းက႑၊ စြမ္းအင္က႑၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းက႑၊ သတၱဳတူးေဖာ္ေရးလုပ္ငန္းက႑၊ စိုက္ပ်ိဳးေရးက႑ႏွင့္ အျခားက႑တို႔တြင္ အဓိကဝင္ေရာက္ ရင္းႏွီးျမႇုပ္ႏွံထားျခင္းျဖစ္ေၾကာင္း သိရပါတယ္။
ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္ရဲ႕ အစည္းအေဝးအမွတ္စဥ္(၁၆/၂၀၁၉) အပါအဝင္ ရက္သတၱပတ္အတြင္း ျမန္မာနိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈ ေကာ္မရွင္မွ အဆိုျပဳလုပ္ငန္းေလးခု၊ အတည္ျပဳလုပ္ငန္းတစ္ခု၊ ရန္ကုန္တိုင္းရင္းႏွီးျမွဳပ္ႏွံမႈေကာ္မတီမွ အတည္ျပဳလုပ္ငန္း (၁၂)ခုနဲ႔ မႏၱေလးတိုင္းမွ အတည္ျပဳလုပ္ငန္းတစ္ခု နဲ႔ ပဲခူးတိုင္းမွ အတည္ျပဳလုပ္ငန္းငန္း(၂)ခုအပါအဝင္ စုစုေပါင္းႏိုင္ငံျခားရင္းႏွီးျမွဳပ္ႏွံမႈလုပ္ငန္း (၂၀)မွ ရင္းႏွီးျမွဳပ္ႏွံမႈ ပမာဏ ေဒၚလာ (၁၆၉)ဒသမ (၅၈၄)သန္းကို ခြင့္ျပဳ အတည္ျပဳေပးခဲ့ပါတယ္။
Ref : ဝိုင္းနႏၵီထြန္း (ShweProperty.com)
Photo Credit : Mmtimes
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties