By Kumudra, Shweproperty.com
Updated at 25 December 2017
ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ၂၀၁၄ မြန်မာ နိုင်ငံလူဦးရေ နဲ့ အိမ်အကြောင်းအ ရာသန်းခေါင်စာရင်း အချက်အလက်တွေအရ အိုးအိမ်မဲ့တဲ့အိမ်ထောင်စု ၃၅ ရာခိုင်နှုန်းအထိ ရှိနေ ပါတယ်။အစိုးရကလည်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော်နေပါတယ်။ အမှန်တ ကယ်အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေ လက်ထဲကို တန်ဖိုးနည်းအိမ်ရာတွေ ရောက်ရှိလာဖို့ကလည်း လိုအပ်နေပါတယ်။
ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက “လက်ရှိ ရန်ကုန်မှာ ရွှေ့ပြောင်းလုပ်သားတွေ တဖြည်းဖြည်း များလာပြီး လူနေ ထူထပ်လာတာပေါ့နော်၊ အဲဒီအတွက် အိမ်ငှားနေထိုင်တဲ့သူတွေ ပိုများလာတယ်၊ ဥပဒေနဲ့အညီ အိမ် ငှားနေထိုင်သူတွေရှိသလို ကျူးကျော်နေထိုင်သူတွေလဲရှိတယ်၊ အိမ်ပိုင်ဆိုင်တာ မရှိတဲ့သူခြင်းအ တူတူ ကျူးကျော်နေတဲ့သူက အခွင့်အရေးရှိလာနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေတယ်”လို့ ဆိုပါ တယ်။
သူ့ရဲ့အတွေ့အကြုံတစ်ခုကို သူကဆက်ပြောတယ်။ နာဂစ်ပြီးတဲ့နောက် ဧရာဝတီတိုင်းကနေ ဝင်ရောက်လာတာများပါတယ်။ အိုးပိုင်အိမ်ပိုင်ဖြစ်ဖို့ ကျူးကျော်တွေကို စာရင်းကောက်တယ်။ အဲသည် မှာ ဧရာဝတီတိုင်းက ဝင်ရောက်လာတဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါ။ သူတို့နှစ်ယောက်စလုံး လှိုင်သာယာမှာနေပြီး ဆိုက်ကားနင်းကြတယ်။ အစ်ကိုဖြစ်တဲ့ သူက မိသားစုနဲ့ ဖြစ်လို့ ကျူးကျော်မှာ မနေရဲဘဲ အိမ်ငှားနေထိုင်တယ်။ တစ်လကိုကျပ် ၂၅,ဝဝဝ နဲ့ ငှားလို့ရတဲ့ မီးခွက်ဈေးနားက အခန်း ကျဉ်းလေးထဲမှာ နေကြတယ်။ ညီ ဖြစ်သူကတော့ ကျူးကျော်မှာနေ တယ်။ ကျူးကျော်မှာနေတဲ့ညီက အိမ်ပိုင်ဖြစ်ဖို့ စာရင်းကောက်တဲ့အ ထဲမှာ ပါသွားပြီး အိမ်ငှားနေတဲ့ အစ်ကိုမိသားစုက အိမ်ပိုင်ဆိုင်ခွင့် စာရင်းထဲမှာပါမသွားဘူး။ သူတို့လည်း အိမ်ငှားနေနိုင်တယ်ဆိုပေမဲ့ အိမ်ပိုင်ဆိုင်ဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ အစိုးရရဲ့ စီမံကိန်းတွေ ဘယ်လိုလာမလဲဆိုတာကို စောင့်ကြည့်ရပါ မယ်။ လက်ရှိမှာက ကျူးကျော်တွေ တစ်ယောက်မှ တိုက်ခန်းပေါ်မတင်ရသေးပါဘူး။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တတိယပုံ မှန်အစည်းအဝေးမှာ နယ်လုံဝန် ကြီးရဲ့ ဖြေကြားချက်အရ တန်ဖိုးနည်းအိမ်ရာတိုက်အလုံးပေါင်း ၂၀ဝ၀ ပြီးသွားပါပြီ။ အဲသည်မှာ အခန်းပေါင်း ၈၀ဝ၀ ကျော် ပါရှိတယ်။ မိသားစု ၁၀,ဝဝဝ လောက်တော့ထားနိုင်ပါတယ်။ ဒါပေမဲ့ မပေးနိုင်သေးဘူး။ တဖြည်းဖြည်း ကျူးကျော်တွေက မိသားစုငါးသိန်း နီး ပါးလောက် ဖြစ်လာပါတယ်။ ခါ တော်မှီ ကျူးကျော်တွေကိုလည်း ဖြေရှင်းဖို့ လိုအပ်နေတယ်။ အခက်အခဲတွေနဲ့ ချာလပတ်လည်နေတယ်။ အဲသည်အတွက် လာမယ့် ၂၀၁၈ မှာ ဘယ်လိုဖြေရှင်းမလဲဆို တာ စောင့်ကြည့်ရဦးမှာပါ။
နိုင်ငံ့ဝန်ထမ်းတွေ
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာနက လက်ရှိပြည်သူတွေလို အပ်နေတဲ့ အိမ်ရာရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ အကောင်အထည်ဖော်မှာ ဖြစ်ပြီး ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကို ပုဂ္ဂလိက အခန်းကဏ္ဍကသာ ဆက်လက်တာဝန်ယူမှာပါ။ အဲသည်လို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးနည်းတိုက်ခန်း တွေ ရောင်းချတဲ့နေရာမှာ ခွဲတမ်းနှုန်းထားတွေရှိပါတယ်။ နိုင်ငံ့ဝန် ထမ်းအငြိမ်းစားကို တန်ဖိုးနည်း တိုက်ခန်းတွေရဲ့ ၁၅ ရာခိုင်နှုန်းသာ ရောင်းချပေးပြီး လစာကောင်းတဲ့ ကုမဏီဝန်ထမ်းအငြိမ်းစားတွေကို ၂၅ ရာခိုင်နှုန်းရောင်းချပေးပါတယ်။ ငွေစုဆောင်းတာခြင်းအတူ တူ ကုမဏီဝန်ထမ်းအငြိမ်းစားတွေကို ၁၀ ရာခိုင်နှုန်း ပိုရပိုင်ခွင့်ပေးထားတာဟာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားတွေ နစ်နာပါတယ်။ အဲဒါဟာ မဖြစ်သင့်ဘူးလို့ မြို့ပြနှင့် အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနကို အကြံပြုထားတယ်။ ပြန်ရောင်းစားလို့ရတဲ့ အ ခန်းတွေကို ဂွင်ရိုက်တာမျိုးတွေ မဖြစ်စေဘဲ အမှန်တကယ်အိုးမဲ့ အိမ်မဲ့ပြည်သူတွေ လက်ထဲမှန်မှန်ကန်ကန်ရောက်ရှိအောင်စီစဉ်ဆောင်ရွက်ဖို့လည်းလိုအပ်တယ်လို့ ဦးကျော်ဇေယျကဆိုတယ်။
အိမ်ရာလိုအပ်ချက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၃၅ ရာခိုင်နှုန်း မိသားစုထဲမှာရှိတဲ့ သူတွေဟာ အိုးမဲ့အိမ်မဲ့ ဘဝ တွေဖြစ်တယ်။ အဲသည်အထဲမှာ အိမ်ငှားနေထိုင်သူတွေ၊ ကျူးကျော်နေထိုင်သူတွေ အစိုးရဝန်ထမ်းတိုက်ခန်းတွေမှာ နေထိုင်သူတွေ၊ ကုမဏီပိုင်တိုက်ခန်းတွေမှာ နေထိုင်သူတွေနဲ့ ပြင်ပအဆောင်တွေမှာ နေထိုင်သူတွေအားလုံးကို ထည့်သွင်းတွက်ချက်ထားတာ ဖြစ်တယ်။
ဝင်ငွေနည်းပြည်သူတွေ အိမ်ပိုင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရောင်းချ ပေးတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်ကစပြီး နိုင်ငံသား ဘယ်သူမဆို ဝယ်ယူနိုင် တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အိမ်ရာဌာနခွဲက ဆိုတယ်။ လိမ်လည်ဝယ်ယူတာတွေကို တွေ့ရှိရင် အိမ်ခန်းတန်ဖိုးရဲ့ ငါးရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်ပေး ဆောင်ရမှာဖြစ်ပါတယ်။ လူတစ်ဦးကို တစ်ခန်းသာ ဝယ်ယူနိုင်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ရင် လုပ်သက် အနည်းဆုံး ငါးနှစ် ရှိရပါမယ်။ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ် (CHDB) မှာ တိုက်ခန်းဝယ်ယူဖို့ စုဆောင်းထားရှိငွေ ပြည့်သူတွေကိုသာအစဉ်အတိုင်း ရောင်းချပေးပါတယ်။
အိမ်ခန်းတန်ဖိုးတွေဟာ ကျပ် ၈၉ သိန်းကနေ ကျပ် ၁၃၅ သိန်းအ ထိ မြေညီထပ်၊ ပထမ၊ ဒုတိယနဲ့ တတိယအထပ် လိုက်ရောင်းချပေးတာ ဖြစ်တယ်။ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ယုဇန အပိုင်း (၁) နဲ့ အပိုင်း (၂) ၊ ကနောင်အိမ်ရာ၊ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း အိမ်ရာတို့က အိမ်ခန်းတွေ ဖြစ်တယ်။
ရန်ကုန်မှာ လိုအပ်နေတဲ့ အိမ်ရာလိုအပ်ချက်အတွက် အိမ်ရာ စီမံကိန်း ၂၆ ခုကို အစိုးရက ၂၀၁၅ ခုနှစ်လယ်ပိုင်းလောက်ကတည်း က အကောင်အထည်ဖော် နေတာ ပါ။ မြန်မာနိုင်ငံဗိသုကာပညာရှင် များအသင်းက ၂၀၁၅-၂၀၁၆ မှာ အိမ်ခြေပေါင်း ၃၀,ဝဝဝ ခန့် ရန် ကုန်မှာ လိုအပ်လာမှာဖြစ်တယ် လို့ ခန့်မှန်းထားပါတယ်။ အဲဒါ ကြောင့် အစိုးရဟာ အိမ်ရာစီမံကိန်းတွေ အကောင်အထည်ဖော် နိုင်ဖို့ စတင်ပါတယ်။ အဲသည်အိမ် ရာစီမံကိန်းတွေကတော့ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မှာရှိတဲ့ ကနောင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းနဲ့ ယုဇနတန်ဖိုးနည်းအိမ်ရာစီမံကိန်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာရှိတဲ့ ပုလဲ မွန်တန်ဖိုးသင့်အိမ်ရာစီမံကိန်းနဲ့ အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း၊ ဒဂုံ မြို့သစ်မြောက်ပိုင်းမှာရှိတဲ့ အနော်ရထာအိမ်ရာစီမံကိန်း၊ မြောက် ဥက္ကလာပမှာရှိတဲ့ ဘောဂဗလ အိမ်ရာစီမံကိန်း၊ သန္တာ (၁၇) လမ်း အိမ်ရာစီမံကိန်း၊ ရွှေပေါက်ကံ (၁၄) အိမ် ရာစီမံကိန်း၊ လှိုင်သာယာမြို့နယ် မှာရှိတဲ့ ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာစီမံကိန်း၊ လှိုင်သာယာမြို့ နယ်မှာရှိတဲ့ ရွှေလင်ပန်း တန်ဖိုး နည်းအိမ်ရာ စီမံကိန်း အပိုင်း (၂) ၊ အပိုင်း (၃) နဲ့ ထီးလှိုင်ရှင်အိမ်ရာစီမံ ကိန်း၊ ရွှေလင်ပန်း commercial area အတွင်းရှိ အိမ်ရာစီမံကိန်း (shop house) ကျန်စစ်မင်းအိမ်ရာစီမံကိန်း၊ ပုဇွန်တောင်မြို့နယ် ၅၁ လမ်းအိမ်ရာစီမံကိန်းတွေ၊ ဗဟန်းမြို့နယ်မှာရှိတဲ့ လင့်ခ်လမ်း၊ ရွှေဂုံ အိမ်ရာ၊ အင်းစိန်မြို့နယ် အောင်ဇေယျအိမ်ရာစီမံကိန်း၊ သာကေတ မြို့နယ် water front villa (3) ၊ ရန် ကင်းမြို့နယ်မှာရှိတဲ့ ရန်ရှင်းကွန်ဒို၊ မင်္ဂလာတောင်ညွန့်မှာရှိတဲ့ atrium ကွန်ဒို၊ တာမွေမြို့နယ်မှာရှိတဲ့ ကျိုက္ကဆံလမ်းထောင့် အိမ်ရာစီမံ ကိန်း၊ သန်လျင်မြို့နယ်က အောင်ချမ်းသာအိမ်ရာစီမံကိန်း အပိုင်း (၁) နဲ့ (၂) ၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန်အပိုင်း (၃)နဲ့ အပိုင်း (၂) အတွင်းမှာရှိတဲ့ အိမ်ရာစီမံကိန်းတွေ ဖြစ်တယ်။
အခန်းပေါင်း ၁၅,ဝဝဝ ခန့်ပါ ဝင်တဲ့ တန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ဝင်ငွေနည်းပါးတဲ့ မိသားစုတွေအတွက် ရည်ရွယ်ပြီး capital construction ကုမဏီက ဆောက်လုပ်မှာ ဖြစ်တယ်။ အဲသည်တန်ဖိုး နည်းအိမ်ရာစီမံကိန်းကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြနန္ဒာလမ်း နဲ့ ရွှေလီလမ်းထောင့်မှာရှိတဲ့ အစိုးရပိုင်မြေ ၁၈၃ ဧကပေါ်မှာ မြို့သစ်တစ်မြို့အနေအထားမျိုးနဲ့ တည်ဆောက်မှာဖြစ်တယ်။
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ Greater Yangon Strategic Plan 2040 စီမံကိန်းမှာ ရန်ကုန်မြို့ရဲ့ အရှေ့မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ သန်လျင်၊ ဒလ၊ ထန်းတပင်၊ မှော်ဘီ၊ လှည်းကူးအစရှိတဲ့ မြို့နယ်တွေနဲ့ စုစုပေါင်း ခုနစ်ပိုင်းခွဲခြားပြီး ဖွံ့ဖြိုးမှု တွေ ဆောင်ရွက်ဖို့ အကြံပြုထားတာ ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ရာစီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ အိမ်ခြံမြေလုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းရေးထက် အမှန်တကယ်အိုးမဲ့အိမ်မဲ့ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ပြည့်မီနိုင်ရေးကို အဓိကထားဆောင်ရွကြဖို့လည်း လိုအပ်ပါတယ်။
Ref & Photo Credit : Kumudra
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties