By ဝိုင်းနန္ဒီထွန်း (ShweProperty.com), Shweproperty.com
Updated at 16 August 2019
မြန်မာပြည်ရဲ့ ထိပ်တန်းအိမ်ခြံမြေဝဘ်ဆိုဒ်ဖြစ်တဲ့ Shweproperty.com မှ အမေရိကန်ဒေါ်လာ (၃)သန်း ရင်းနှီးမြှုပ်နှံမှု( Series B တွင်) ရရှိခဲ့ကြောင်း မကြာသေးခင်က ကြေညာလိုက်ပါတယ်။ အဆိုပါရင်းနှီးမြှုပ်နှံမှုတွင် CAV Investment Group မှ ဦးဆောင်ခဲ့ပြီး ၊ 500 StartUps, REA Group ၏ ယခင်အမှုဆောင်အရာရှိချုပ်ဖြစ်သူ Simon Baker , Galaxy Media & Entertainment Vietnam ၏ Chairwoman ဖြစ်သူ Dinh Thi Hoa နဲ့ ယခင်ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ပြီးဖြစ်တဲ့ Vostok New Ventures (Nasdaq Stockholm) နှင့် ယူကေအခြေစိုက်ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်ပါတယ်။