By Aye Sandar, Shweproperty.com
Updated at 27 January 2021
ကိုဗစ်ကာလအတွင်း ပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးနိုင်ရန် ရည်ရွယ်ကာ ရန်ကုန်မြို့နယ် အငှားအိမ်ရာ လေးခန်းတွဲ ၅ ထပ် တည်ဆောက်ရေးစီမံကိန်းတွင် အခန်းပေါင်း ၆,၃၀၀ ထိ ဆောက်လုပ်သွားမည်ဟု သိရသည်။ ထို့အပြင် မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်း ကျေးရွာအနီးရှိ စီမံကိန်းဧရိယာတွင် တည်ဆောက်မည့် အခန်းပေါင်း ၃ ထောင်ပါဝင်သည့် မန္တလေးပြည်သူ့အိမ်ရာ စီမံကိန်းမှာလည်း စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း (MDA) မှ သိရသည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ စံပြစိုက်ပျိုးရေး အထူးဇုန်နေရာရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကိုလည်း ကိုးလအတွင်း အပြီးသတ်ဆောက်လုပ်သွားမည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ( MCEF) မှ ဆိုသည်။ အဆိုပါ အငှားအိမ်ရာစီမံကိန်းကို ယခုနှစ် စက်တင်ဘာလကုန်မှာ အပြီးဆောက်လုပ်မည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမျိုးမြင့်က ပြောကြားသွားသည်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ကနေ ဆောက်လုပ်သွားမည့် အငှားအိမ်ရာစီမံကိန်းအတွက် သဘောတူစာချုပ်အား ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်က ချုပ်ဆိုခဲ့ပြီးဖြစ်ကြောင်းသိရသည်။ အဆိုပါသဘောတူစာချုပ်ကို အသင်းဝင်များဖြစ်တဲ့ ပြည်နယ်နှင့် တိုင်းမှာရှိတဲ့ အသင်းဝင်တွေရယ်၊ အဖွဲ့ချုပ်မှာ ပါဝင်ထားတဲ့ အသင်းဝင်များရယ် စုပေါင်းပြီး စာချုပ်ချုပ် ဆိုထားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်ဉက္ကဌ ဦးရှိန်ဝင်းက ပြောကြားသွားသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) ၊ မြန်မာနိုင်ငံမြို့ပြနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်း(MDA)၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ် ( MLCA) တို့ ပူးပေါင်းကာ အခန်းပေါင်း ၁ သောင်း တည်ဆောက်သွားမည်ဟုလည်း သိရသေးသည်။ အဆိုပါ စီမံကိန်းကို မြို့ကြီး ၃ မြို့နယ်အနက် ရန်ကုန်မြို့တွင် အခန်းပေါင်း ၆,၃၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇,၀၀ နှင့် မန္တလေးမြို့နယ်တွင် အခန်းပေါင်း ၃,၀၀၀ ဆောက်လုပ်ကာ အကောင်အထည်ဖော်လုပ်ဆောင်သွားမည်ဟု သိရသည်။ အိမ်ရာလိုအပ်ချက်ရှိနေသည့် ပြည်သူများအဆင်ပြေစေရန် ရည်ရွယ်ကာ အဓိကမြို့ကြီးများအတွင်း အငှားအိမ်ရာစီမံကိန်းများ တိုးချဲ့ဖော်ဆောင်သွားမည်ဟု ဆိုပါသည်။ နောက်ဆုံးရ သတင်းများ လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များပါဝင်မည့် AMATA SMART AND ECO CITY စီမံကိန်းဆောင်ရွက်နေ မြိတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံစျေးကြီးနှင့် စက်မှုဇုန် စီမံကိန်းဖြစ်မြောက်ရေး ဖော်ဆောင်လျက်ရှိ အိမ်ရာနှင့် အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID BANK) ၌ အတိုးနှုန်း ၁၀ရာခိုင်နှုန်းထိ လျှော့ချပေးလျက်ရှိ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက တည်ဆောက်ပြီးစီးထားသော နိုင်ငံ့ဝန်ထမ်းအိမ်ရာ မကြာခင်တွင် စတင်ဖွင့်လှစ်မည် Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties