By The Trade Times, Shweproperty.com
Updated at 11 June 2015
အများပြည်သူ အိမ်ရာလိုအပ် ချက်အား ဖြည့်ဆည်းနိုင်ရန်အတွက် တစ်ခန်းလျှင် (၄၂) သိန်း ကျသင့်မည့် တန်ဖိုးနည်း တိုက်ခန်းပေါင်း (၃)သိန်း ကို တည်ဆောက်ရန်အတွက် ပြည်ထောင်စုအစိုးရထံသို့ တင်ပြထားပြီး ဖြစ်ကာ ခွင့်ပြုသည်နှင့် တစ်ပြိုင်နက် အမြန်ဆုံး ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကိုကိုထွေးက The Trade Times နှင့် သီးခြားတွေ့ဆုံစဉ် ပြောကြားသည်။
ထို အဆောက်အအုံများ ဆောက်လုပ်ရာတွင် ရှစ်ထပ်အမြင့် တိုက် တစ်လုံးလျှင် အခန်းပေါင်း (၃၁၂) ခန်း အထိ ပါဝင်စေရန် ထည့်သွင်းတည် ဆောက်မည်ဖြစ်ကာ တန်ဖိုးသင့်တင့် မျှတသည့် ဓာတ်လှေကားများပါ ထည့်သွင်း တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း၊ အခန်းတစ်ခန်းလျှင် (၂၅၇) စတုရန်းပေ ကျယ်ဝန်းမည်ဖြစ်ကြောင်း သိရသည်။
အခန်းပေါင်း (၃၁၂) ခန်းစီ ပါဝင်မည့် တိုက်အလုံးပေါင်း (၉၆ဝ) ကျော် တည်ဆောက်ကာ အများပြည်သူ တို့ကို တစ်ခန်းလျှင် ကျပ် (၄၂) သိန်းနှုန်း ဖြင့် ရောင်းချရာတွင် ငွေလက်ငင်း ချေစနစ်ဖြင့် သော်လည်းကောင်း၊ ဘဏ်များနှင့် ချိတ်ဆက်ကာ လစဉ် ပေးသွင်းငွေ ကျပ် (၁ဝဝ,ဝဝဝ) ပေး သွင်း၍ အရစ်ကျဝယ်ယူသည့် စနစ် ဖြင့်သော်လည်းကောင်း ရောင်းချ ပေးသွားရန် စီစဉ်ထားသည့်အပြင် အဆောက်အအုံများ တည်ရာကို ရန်ကုန်မြို့တွင်းနှင့် ဆက်သွယ် သွားလာရေး လွယ်ကူချောမွေ့သည့် နေရာများ၌သာ ရွေးချယ်တည် ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
”ဘယ်မှာ ဆောက်မယ်ဆိုတာတော့ ပြောလို့မရပါဘူး။ ရန်ကုန်မြို့ ရဲ့ အနီးတစ်ဝိုက်လို့ပဲ ပြောပြရစေ။ ပြောလိုက်ရင် မြေဈေးတွေ ထောင် တက်ကုန်မှာစိုးလို့ပါ။ ပြည်ထောင်စု အစိုးရအဖွဲ့က ခွင့်ပြုတာနဲ့ တစ်ပြိုင် နက် အမြန်ဆုံးဆောက်မှာပါ။ အမြန် ဆုံး ဆောက်လုပ်နိုင်တဲ့ နည်းပညာ တွေလည်း ကျွန်တော် သုတေသန ပြုထားပြီးပါပြီ။ မြေရရင် ချက်ချင်း ဆောက်လုပ်မှာပါ” ဟု၎င်းက ပြော သည်။
တော်ဝင်မိသားစု ဆောက်လုပ် ရေးကုမ္ပဏီအနေဖြင့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများဖြစ်သည့် မြောက် ဒဂုံမြို့နယ်ရှိ မဟာမြိုင်အိမ်ရာ၊ တော်ဝင်အိမ်ရာများအပြင် အင်းစိန် မြို့နယ်တွင်လည်း မုဒိတာတန်ဖိုး နည်း အိမ်ရာစီမံကိန်းများကို တည်ဆောက်ထားပြီး တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ တည်ဆောက်ရန် အတွက် နည်းပညာ သုတေသန ပြုလုပ်သည့် စရိတ်အနည်းဆုံး ဒေါ်လာ (၈)သန်း အကုန်အကျခံကာ လေ့လာမှုများ ပြုလုပ်ထားပြီးဖြစ် ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
အိမ်ရာလိုအပ်သူများ လက်ဝယ် သို့ ၎င်းတိုက်ခန်းများ အမှန်တကယ် ရောက်ရှိစေရန်နှင့် ကျူးကျော်နေထိုင် သူများ အိမ်ရာပိုင်ဆိုင်နိုင်ရန်အတွက် ဦးတည် တည်ဆောက်ခြင်းဖြစ်ပြီး လက်ငင်းငွေချေစနစ်ဖြင့် ပေးချေရန် ခက်ခဲသူများ၊ အရစ်ကျစနစ်ဖြင့် လစဉ်ငွေ ကျပ် (၁ဝဝ,ဝဝဝ) ပေးသွင်းရန် အခက်အခဲရှိသူများအနေဖြင့် လစဉ် ငှားရမ်းခပေးငွေ ကျပ် (၃ဝ,ဝဝဝ) ဖြင့် နေထိုင်နိုင်ရန်အတွက်ပါ စီစဉ် ပေးထားသည့်အတွက် အိမ်ရာဈေး နှုန်းမြင့်တက်ခြင်းကို ထိန်းချုပ်ရာ ရောက်သလို ကျူးကျော်နေထိုင်သူ များအရေးကိုလည်း တစ်ဖက် တစ် လမ်းမှ ဖြေရှင်းပေးရာရောက်သည့် ရည်ရွယ်ချက်များဖြင့် ယင်းတန်ဖိုး နည်း အိမ်ရာစီမံကိန်းများကို ဖော် ထုတ်ရခြင်း ဖြစ်ကြောင်း ဦးကိုကို ထွေးက ပြောသည်။
နိုင်ငံတော်မှ မြေစိုက်ထုတ်ပေး ပါက ပြည်သူများအတွက် တန်ဖိုး နည်းအိမ်ရာစီမံကိန်းများကို ဆောက် လုပ်ပေးလိုသည့် လုပ်ငန်းရှင်များ အများအပြား ပေါ်ထွက်လာမည်မှာ သေချာသော်လည်း အစိုးရနှင့် ပုဂ္ဂလိ က လုပ်ငန်းရှင်များ ပူးတွဲဆောက် လုပ်နေသည့် တန်ဖိုးမျှတ အိမ်ရာစီမံ ကိန်းများမှ ထွက်ရှိလာမည့် တိုက်ခန်း များ၏ တန်ဖိုးမှာ ကျပ်သိန်း ၁ဝဝ အထက်သို့ ရောက်ရှိနေသည့်အတွက် အမှန်တကယ်အိမ်ရာလိုအပ်သူများ လက်ဝယ်ပိုင်ဆိုင်နိုင်ရန် အခက်အခဲ များဖြစ်ပေါ်လျက်ရှိကြောင်း အိမ်ခြံ မြေ စိတ်ဝင်စားသူများကြား ဝေဖန်မှု များ ဖြစ်ပေါ်လျက်ရှိသည်။
”မြေစိုက်ထုတ်ပေးပါ။ ကျွန် တော်တို့ လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းပြီး လုပ်မယ်ဆိုရင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို ပြည်သူတွေ လက် ဝယ်ပိုင်ဆိုင်နိုင်မှာပါ။ ကျွန်တော်တို့ ဘက်ကတော့ အဲဒီလို တန်ဖိုးနည်း အိမ်ရာတွေကို ဆောက်ပေးဖို့ အဆင် သင့် ရှိပါတယ်”ဟု ရွှေကမ္ဘာမောင် မောင် ဆောက်လုပ်ရေးကုမ္ပဏီလီမိ တက် အုပ်ချုပ်မှု ဒါရိုက်တာဦးမောင် မောင်က The Trade Times ကို ပြောသည်။
Ref : The Trade Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties