By Ra Wai, Shweproperty.com
Updated at 13 December 2021
သင်တို့ရဲ့အိမ်မှာ သန့်ရှင်းဖို့ မေ့လျော့နေတဲ့ နေရာအတော်များများရှိတယ်ဆိုတာ သင်သိပါသလား? သင့်ရဲ့အိမ်ကို သန့်ရှင်း ကျန်းမာစွာ ထိန်းသိမ်းဖို့ဆိုရင် မမြင်နိုင်တဲ့ နေရာတွေကို သန့်ရှင်းဖို့ကလည်း အလွန်အရေးကြီးပါတယ်။ အဲ့ဒီလိုနေရာတွေမှာ အိမ်မှာနေတဲ့သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိ အရာဝတ္တု များရှိနေနိုင်ပါတယ်။ ဓါတ်မတည့်မှုက တစ်ကိုယ်ရည်သန့်ရှင်းမှုကင်းမဲ့ခြင်းကြောင့် ဖြစ်ပွားရတဲ့ အဖြစ်အများဆုံးရောဂါဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အိမ်ကို ညစ်ပတ်စေယုံသာမက ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အောက်ပါနေရာတွေကို သန့်ရှင်းဖို့ မမေ့ပါနဲ့။ ၁။ ရေခဲသေတ္တာရဲ့အပေါ်ဆုံးနဲ့ ကြောင်အိမ်တွေ ကြောင်အိမ်ရဲ့အပေါ်ပိုင်းက မျက်နှာကျက်နဲ့ ထိမနေဘူးဆိုရင် ဖုန်မှုန့်နှင့် အညစ်အကြေးတွေ စုပုံနေပါလိမ့်မယ်။ ဒီနေရာက သန့်ရှင်းဖို့ မေ့လျော့နေတဲ့ နေရာအများစုထဲက တစ်ခုဖြစ်ပါတယ်။ ကြောင်အိမ်တွေရဲ့ ရေခဲသေတ္တာရဲ့ အပေါ်ပိုင်းတွေက မကြာခဏ ဟင်းချက်ဆီဂျီးတွေ စုစည်းနေတတ်တာကြောင့် တစ်နှစ်ကို အနည်းဆုံး ၂ကြိမ်လောက်သန့်ရှင်းသင့်ပါတယ်။ ဘယ်လိုသန့်ရှင်းမလဲ? ပုံးတစ်ပုံးကိုယူပါ။ ရေ(၅လီတာ)ထည့်ပါ။ အမိုးနီးယားခွက်တစ်ဝက်ထည့်ပါ။ အဝတ်ဟောင်းတစ်ခုနဲ့အရည်ကို စွတ်ပါ။အဝတ်ဟောင်းနဲ့ မျက်နှာပြင်အားလုံးကို သန့်ရှင်းပေးပါ။ ၂။ အမှိုက်ပုံးများနှင့် အနီးအနားရှိနေရာများ အမှိုက်တွေက အမှိုက်ပုံးအပြင်ဘက်ကို ကျလေ့ရှိတာကြောင့် ညစ်ညမ်းမှုနှင့် မနှစ်မြို့ဖွယ်အနံ့တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အမှိုက်ပုံးတွေနဲ့ အမှိုက်ပုံးဝန်းကျင်ကို ၁၅ရက်တစ်ခါ သန့်ရှင်းပေးဖို့ အရေးကြီးပါတယ်။ ဘယ်လိုသန့်ရှင်းရမလဲ? သန့်ရှင်းတဲ့ အဝတ်ကို bleachနှင့် ရေကိုရောပြီး စွတ်ပါ။ အမှိုက်ပုံးနဲ့ ကြောင်အိမ်ရဲ့ မျက်နှာပြင်တွေကို အဝတ်စနဲ့ သန့်ရှင်းပေးပါ။ ပြီးမှ ရေနှင့်အတူ ဆေးကြောပေးပြီး အခြောက်ခံပါ။ ၃။ တံမြက်စည်းတွေကို သန့်ရှင်းပါ တံမြက်စည်းတွေမှာ ဖုန်တွေ၊ ဆံပင်မွှေးတွေ၊ ဖုန်မှုန့်တွေ အမြဲတမ်း ကပ်ညှိနေတတ်ပါတယ်။ အိမ်သန့်ရှင်းဖို့ အသုံးပြုတဲ့ ပစ္စည်းတွေကို သန့်ရှင်းဖို့ အရေးကြီးပါတယ်။ ဘယ်လိုသန့်ရှင်းမလဲ? ရေပုံးတစ်ပုံးထဲကို ရေသန့်သန့် ၂ဂါလံလောင်းထည့်ပါ။ cleaning liquid အနည်းငယ်ထည့်ပါ။ ရေပုံးထဲကို တံမြက်စည်းနှစ်ပြီး သန့်ရှင်းပေးပါ။ ရေဖြင့်ဆေးပြီး အခြောက်ခံပါ။ ၄။ မျက်နှာကျက်ပန်ကာများနှင့် မီးခွက်များ မီးခွက်တွေရဲ့ထိပ်နဲ့ မျက်နှာကျက်ပန်ကာတွေရဲ့ ဒလက်တွေမှာ ဖုန်နှင့် အမှိုက်သရိုက်တွေ စုပြုံနေတတ်ပါတယ်။ ဒီဖုန်တွေ၊ အမှိုက်သရိုက်တွေက လေထုထဲကို ပြန့်လွင့်ပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ ဘယ်လိုသန့်ရှင်းမလဲ? ပထမဆုံးကြက်မွှေးတံမြက်စည်နဲ့ ဖုန်တွေကို ဖယ်ရှားပါ။ ပြီးမှ cleanerနဲ့ရေရောထားတဲ့ အဝတ်စိုတစ်ခုနဲ့ သန့်ရှင်းပေးပါ။ ၅။ ခေါင်းအုံးနဲ့ မွေ့ယာတွေ ခေါင်းအုံးတွေ ၊မွေ့ယာတွေကို အချိန်မှန် ရှင်းလင်းသင့်ပါတယ်။ အရေပြားဆဲလ်သေတွေ၊ ချွေးနဲ့ ဖုန်မှုန့်တွေက ဒီနေရာမှာ စုပြုံနေတတ်ပါတယ်။ ဒါတွေက စိုထိုင်းထိုင်းဖြစ်စေပြီး ရောဂါပိုးမွှားတွေအတွက် ပတ်ဝန်းကျင်တစ်ခုဖြစ်လာနိုင်ပါတယ်။သန့်ရှင်းပြီး ကျန်မာရေးကို ထိန်းသိမ်းဖို့ ဒီနည်းလမ်းလေးတွေကို လိုက်နာပါ။ ဘယ်လိုသန့်ရှင်းမလဲ? ပထမဆုံးအခင်းတွေကိုဖယ်ပြီး မုန့်ဖုတ်ဆိုဒါတစ်ခွက် (200ဂရမ်)ကိုယူပြီး ဆန်ခါတစ်ခုနှင့်အတူ မွေ့ယာပေါ်မှာ ဖြူးပါ။ ၃နာရီလောက်ထားပြီး ဖုန်စုပ်စက်နဲ့ ဖုန်စုပ်ပေးပါ။ မုန့်ဖုတ်ဆိုဒါက ဖုန်တွေအားလုံးကို သယ်ဆောင်သွားပါလိမ့်မယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်အိမ်ထဲက အညစ်ပတ်ဆုံးနေရာ ၇ နေရာ လွယ်ကူသော အိမ်သန့်ရှင်းနည်း ၁ဝ ချက် ခြင်ပြေးစေဖို့ အိမ်ထဲမှာထားသင့်တဲ့ အပင်လေး (၅) ပင် ဖုန်းရွှေပညာအရ ရေခဲသေတ္တာပေါ်တွင် မထားသင့်သော အရာများ Credit By: Lifestyle Myanmar Posted By : Ra Wai, ShweProperty.com
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties