By Sint Sint, Shweproperty.com
Updated at 13 July 2021
အိမ်တွင်းစိုက် အပင်တွေဟာ လေထုကို သန့်စင်ပေးပြီး အောက်ဆီဂျင်ပြန်ထုတ်ပေးတဲ့အတွက် လူသားအကျိုးပြု ပေးကြပါတယ်။ စိတ်ကို လန်းဆန်းပေါ့ပါးစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ အိပ်ခန်းတွင်းမှာ ထားလို့ ရတဲ့ အပင်လေးတွေရှိတာကြောင့် ဗဟုသုတရအောင်ဖြစ်ဖြစ်၊ ကိုယ်တိုင်ထားဖို့ ဖြစ်ဖြစ် သိထားဖို့ ဖော်ပြပေးလိုက်ပါတယ်။ "စံပယ်ပင်" စံပယ်ပန်းရနံ့သင်းသင်းလေးဟာ သဘာဝအိပ်ဆေးလေးတစ်ခုပါတဲ့။ ပန်းလေးတွေ ပွင့်နေတဲ့ စံပယ်ပင်လေးကို အိပ်ခန်းထဲ ထားခြင်းဖြင့် စိတ်ဖိစီးမှုတွေကို သက်သာစေပြီး နိုးထလာတဲ့အခါမှာလည်း လန်းဆန်းတက်ကြွစေတယ်လို့ဆိုပါတယ်။ "လာဗင်ဒါပင်" ဆပ်ပြာတုံး၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နဲ့ ရေမွှေးအိတ်လေးတွေ အများဆုံးထုတ်လုပ်လေ့ရှိတဲ့ လာဗင်ဒါပင်ဟာ အိပ်မပျော်ရောဂါတွေနဲ့ စိုးရိမ်ကြောင့်ကြ၊ ပူပန်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။ "ဇီဇဝါပင်" ဇီဇဝါပန်းရဲ့ ရနံ့သင်းသင်းလေးက စိတ်အေးချမ်းစေတာကြောင့် ဇီဇဝါပင်လေးတွေကိုလည်း အိပ်ခန်းထဲမှာ ထားပေးသင့်တယ်လို့ သိရပါတယ်။ "ရှားစောင်းလက်ပတ်ပင်" ရောင်ရမ်းနာတွေ၊ အမာရွတ်နဲ့ အပူလောင်တာတွေကို အကောင်းဆုံးကုသနိုင်တဲ့ သဘာဝဆေးပင် ရှားစောင်းလက်ပတ်ဟာ လေထုထဲက မမြင်နိုင်တဲ့ ဓာတုပစ္စည်းတွေကို ဖယ်ရှားသန့်စင်ပေးတာကြောင့် အိပ်ခန်းတွေနဲ့ အိမ်အတွင်းပိုင်းမှာ ထားပေးသင့်ပါတယ်။ အိမ်ထဲမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ပျံ့လွင့်နေသလဲဆိုတာကို အပင်ပေါ်မှာ ပေါ်လာတဲ့အညိုရောင် အစက်အပြောက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ "အင်္ဂလိပ်တိုက်ကပ်နွယ်ပင်" စိုက်ပျိုးရလွယ်ကူတဲ့ လေထုသန့်စင်တဲ့ နံပါတ်တစ်အပင်လေးဖြစ်ပြီး အိပ်ခန်းထဲမှာ ထားပေးတဲ့အခါ စိတ်အေးချမ်းပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ ရွှေငွေဥစ္စာဝင်ရာလမ်းကြောင်းဖြစ်သည့် ဖုန်းရွှေတံခါးပေါက်ပွင့်စေရန် မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး သင့်မိသားစု ကျန်းမာရေးအတွက် အိမ်တွင်း သတိမူရမည့်အရာများ Credit By: Duwun Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties