By The Kumudra, Shweproperty.com
Updated at 9 June 2015
မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာနက အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်တဲ့ (၅၁) လမ်းအိမ်ရာ စီမံကိန်း မှာ မူလနေထိုင်သူတွေကို ဇွန်လ (၃၀) ရက်နေ့အတွင်း အခန်းပြန်အပ်နှံမယ်လို့ သိရပါတယ်။
"ကုမ္ပဏီဘက်ကတော့ (၁၅) ရက်နေ့နဲ့ (၂၅) ရက်နေ့ကြား ဌာနကို အပ်မှာ၊ အခုလက်ရှိမှာတော့ (၆၉) ရာခိုင်နှုန်း ပြီးပြီ"လို့ မဟာနဝရတ်မြေ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ရှိသူက ပြောပါတယ်။
အခန်းအရေအတွက် (၂၂၄) ခန်းဖြစ်ပြီး၊ (၁၂) ထပ်အမြင့်ရှိတဲ့ အိမ်ရာစီမံကိန်းတစ်ခု ဖြစ်ပါတယ်။ သည်စီမံကိန်းျွှာ တိုက်ရန်ပုံငွေအဖြစ် ကျပ်သိန်း (၂၀၀၊ ၃၀၀ ) ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။
အခန်းအကျယ်တွေကတော့ မူလနေထိုင်သူ ပြည်သူအတွက် စတုရန်းပေ (၆၀၀) ရှိတဲ့ အခန်းတွေကို ပြန်လည်အပ်နှံ မှာပါ။ ရောင်းချမယ့် အခန်းတွေကတော့ စတုရန်းပေ (၁၄၀၀) ကနေ (၂၄၀၀) စတုရန်းပေအထိ အစားစားရှိတယ်လို့ သိရပါတယ်။
ရောင်းချဖို့အတွက် ဈေးနှုန်းတွေကို ကျပ်သိန်း (၁၀၀၀) ဝန်းကျင်ခန့်မှန်းထားပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။
သည်စီမံကိန်းမှာ ဓာတ်လှေကား (၅) စင်း၊ အားကစားခန်းမ၊ ရေကူးကန်၊ အင်တာနက်ဆိုင်စတာတွေ ပါဝင်မယ်လို့ သိရပါတယ်။
သည်စီမံကိန်းကို မြိ့ုရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ မဟာနဝရတ်မြေ ဆောက်လုပ်ရေး Group, Triple Aung ဆောက်လုပ်ရေး ကမ္ပဏီတို့က အကျိုးတူပူးပေါင်း တည်ဆောက်တာဖြစ်တယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties