By The Kumudra, Shweproperty.com
Updated at 24 June 2015
(၅၁) အိမ်ရာစီမံကိန်းရဲ့ မူလနေထိုင်သူတွေကို ပြန်လည် နေရာချထားပေးရာမှာ အများစုက ပြီးစီးခဲ့သည့် အခန်းတွေမှာ နေထိုင်လိုကြပြီး အနည်းစုကတော့ အဆောက်အအုံတစ်ခုလုံးပြီးမှသာ နေထိုင်လိုကြတယ်လို့ သိရပါတယ်။
"အခန်းကိုတော့ တနင်္လာနေ့လောက်အပ်မယ်လို့ ပြောတယ်၊ ဆောက်လုပ်ရေးလုပ်ငန်းကိုလဲ ဆက်ဆောက်နေတယ် ဆိုပေမယ့်၊ အကုန်လုံးကို ကာရံပေးထားတယ်"လို့ (၅၁) လမ်းအိမ်ရာစီမံကိန်း မူလနေထိုင်သူတစ်ဦးက ပြောပါတယ်။
အဲသည်စီမံကိန်းမှာ အငှားချပြည်သူ့အိမ်ရာ အမျိုးအစားဖြစ်တယ်။ (၈) ခန်းတွဲ (၄) ထပ်တိုက် (၇) လုံးမှာ အခန်းပေါင်း (၂၂၄) ခန်း ပါဝင်ပါတယ်။
အရင်က နေထိုင်ခဲ့တဲ့ အိမ်ထောင်စုတွေကို ပြန်လည်နေရာချထားပေးနိုင်ဖို့ အိမ်ရာမိသားစုတွေနဲ့ ဇွန်လ (၁၃) ရက်နေ့က တွေ့ဆုံညှိနှိုင်းပါတယ်။
"ညှိုနှိုင်းတဲ့အခါမှာ နေထိုင်လိုသူတွေ ရှိသလို အဆောက်အအုံအားလုံး ပြီးစီးမှ နေထိုင်ချင်တဲ့သူတွေလဲရှိတယ်၊ သူတို့ကို နောက်ထပ် (၄) လစာ နေထိုင်စရိတ် (၉) သိန်းပေးမှာပါ၊ နေမယ့်သူတွေကိုတော့ အခုရက်ပိုင်းအတွင်း အခန်းသော့အပ်မှာပါ"လို့ (၅၁) လမ်းအိမ်ရာစီမံကိန်း ဆောက်လုပ်တဲ့ ကန်ထရိုက်တာ ဦးနိုင်ဝင်းက ပြောပါတယ်။
အိမ်ခန်းနေရာချထားပြီးရင် အိမ်ရာသာယာရေး ကော်မတီဖွဲ့စည်းပြီး တာဝန်ယူတဲ့ ကုမ္ပဏီကနေ မတည်ငွေ ကျပ်သိန်းပေါင်း (၃၀၀) ကို အခြေခံပြီး ဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties