By Ra Wai, Shweproperty.com
Updated at 7 March 2022
ရာသီဥတုပူလောင်အိုက်စက်နေတဲ့ အချိန်တွေမှာ လူတိုင်းက အဲယားကွန်းနဲ့ အပူဒဏ်သက်သာဖို့ မျှော်လင့်ကြပါတယ်။ ဒါပေမယ့် အိမ်ထဲကအပူချိန်ကို လျော့ချနိုင်ဖို့ အဲယားကွန်းရှိမှမဟုတ်ပါဘူး။ ဥတုနဲ့ညီပြီး သဘာဝအတိုင်းလည်း အအေးဓာတ်ရအောင် လုပ်ဆောင်လို့ရပါတယ်။ ဒါကတော့ အိမ်နားဝန်းကျင်မှာအပင်စိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် အပင်တွေအားလုံးဟာ အခန်းအပူချိန်ကို လျော့ချပေးတာတော့မဟုတ်ဘဲ တချို့အပင်တွေဆိုရင် အဆိပ်တောင်ထုတ်ပါတယ်။ ဒါ့ကြောင့်ကုန်ကျစရိတ်လည်းနည်းတဲ့အပြင် ပတ်ဝန်းကျင်လည်းထိခိုက်မှုမရှိပဲ သန့်ရှင်းပြီးအေးမြတဲ့ လေထုရအောင် စိုက်ပျိုးသင့်တဲ့အပင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ရှားစောင်းလက်ပပ်ပင် ကိုယ့်ရဲ့လက်တစ်ကမ်းမှာ ရှားစောင်းလက်ပပ်ပင်တစ်ပင်ရှိတာဟာ အရမ်းအသုံးဝင်ပါတယ်။ ပတ်ဝန်းကျင်လေထုကို အေးမြစေပြီး လေထုညစ်ညမ်းမှုတွေဖြစ်စေတဲ့ ဖော်မယ်ဒီဟိုက်ဒ်ကိုဖယ်ရှားပေးပါတယ်။ အရီကာအုန်းပင် ဧည့်ခန်းတွေထဲမှာစိုက်လေ့ရှိတဲ့ ပေါ်ပြူလာအဖြစ်ဆုံး အရီကာအုန်းပင်ကို အိမ်အလှဆင်အပင်အနေနဲ့သာမကပဲ သဘာဝစိုထိုင်းမှုထိန်းစက်အနေနဲ့ အသုံးပြုနိုင်ပါတယ်။ အိမ်ကိုအေးမြစေတဲ့အပြင် လေထုထဲက ဘန်ဇိုင်း၊ ဖော်မယ်ဒီဟိုက်ဒ်နဲ့ ထရွိုင်ကလိုရိုအီသိုင်လင်းတွေကို ဖယ်ရှားပေးပါတယ်။ ဖီးကပ်စ်သစ်ပင် Ficus သစ်ပင် သို့မဟုတ် Weeping Fig လို့ခေါ်တဲ့အပင်ဟာ လေထုထဲကအပူချိန်နဲ့ လေထုညစ်ညမ်းမှုကို လျော့ကျစေပြီး လေထုအရည်အသွေးကို မြင့်တက်စေပါတယ်။ ဖန်းပင် Fern အပင်ဟာ ရှားစောင်းလက်ပပ်နဲ့ သဘောချင်းတူပါတယ်။ လေထုကိုအေးမြစေပြီး စိုထိုင်းစေရုံတင်မကပါဘူး၊ လေထုထဲမှာရှိတဲ့ ဖော်မယ်ဒီဟိုက်ဒ်ကိုလည်း ဖယ်ရှားပေးပါတယ်။ နာဆာက သိပ္ပံပညာရှင်တွေကတော့ ဖန်းပင်ဟာ လေထုသန့်စင်စေတဲ့ အပင်တွေထဲက ထိရောက်တဲ့ အပင်တစ်မျိုးလို့ပြောကြပါတယ်။ မြွေပင် မြွေပင်သို့မဟုတ် ယောက္ခမရဲ့လျာလို့ သိကြတဲ့အပင်ကလည်း လေထုကိုသန့်စင်စေတယ်ဆိုပြီး နာဆာက ထောက်ခံထားတဲ့ အပင်တစ်ပင်ပါ။ ညအချိန်မှာ အောက်ဆီဂျင်ကိုထုတ်လွှင့်ပေးပြီး အိမ်နားဝန်းကျင်မှာရှိတဲ့ အဆိပ်ပမာဏများစွာကို စုပ်ယူပေးပါတယ်။ ဂိုးဒင်းပိုသို့စ် Golden pothos အပင်တွေဟာ အပင်ကိုပြုစုရာမှာပျင်းတဲ့ ဥယျာဉ်သမားတွေအတွက်ဖြစ်ပါတယ်။ ထိန်းသိမ်းရတာလည်း အလွန်လွယ်ကူပါတယ်။ အလင်းရောင်လေးနည်းနည်းရမယ်၊ နည်းနည်းလေးပြုစုစောင့်ရှောက်မှုပေးတယ်ဆိုရင်ပဲ လေကို အေးမြစေပြီး သန့်စင်စေပါတယ်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့် အိမ်တွင်းထဲကလေကို သန့်ရှင်းစေတဲ့ စိုက်ပျိုးပင် ၈ မျိုး တိုက်ခန်း အတွင်း နှစ်သက်ဖွယ် အလှဆင်နိူင်မည့် ပစ္စည်းများ ဖုန်းရွှေနည်းအရ အိမ်တွင်းအလှစိုက်အပင်များအကြောင်း စိုက်ပျိုးရန်လွယ်ကူသော အိမ်တွင်းအလှစိုက်ပင်များ Credit By: ShweMom Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties