By Wut Yee Htun (Shwe Property), Shweproperty.com
Updated at 15 November 2017
“W”ပုံစံ ရှိတဲ့ အဆောက်အဦးတစ်ခုကို သိပ်မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ အဆောက်အဦး တစ်ခုလုံးကို အပေါ်စီးကနေ ကြည့်မယ်ဆိုရင် အင်္ဂလိပ် အက္ခရာပုံသဏ္ဍာန် အနေအထား ရှိနေတာပါ။ ဘယ်လို အဆောက်အဦးမျိုးပါလဲ?
“W” ဟာ ကြွယ်ဝချမ်းသာခြင်း “Wealth” ကို ကိုယ်စားပြုပါတယ်။ 68 ဆိုတဲ့ ကိန်းဂဏန်းဟာလည်း တရုတ်လူမျိုးတွေရဲ့ အယူအဆအရ ပြည့်စုံကြွယ်ဝတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီလိုကံကောင်းခြင်းတွေနဲ့ ကြွယ်ဝချမ်းသာခြင်းကို သင့်ဆီအပြည့်အဝ ယူဆောင်လာမယ့် အဆောက်အဦးကတော့ 68 Residence ပဲ ဖြစ်ပါတယ်။ အဆောက်အဦးဒီဇိုင်းပုံစံအဆန်းတစ်ခုကို ကမ္ဘာအေးဘုရားလမ်းနဲ့ ဆရာစံလမ်းထောင့်မှာ ခန့်ခန့်ညားညား တွေ့မြင်နိုင်တော့မှာပါ။ 68 Residence ဟာ ဘိုးဘွားပိုင်မြေပေါ်မှာ တည်ဆောက်ထားတဲ့ Somerset Serviced Residence ပါရှိတဲ့ ကမ္ဘာ့အဆင့်မှီကွန်ဒို တစ်ခုဖြစ်ပါတယ်။
68 Residence ဟာ ရန်ကုန်မြို့ရဲ့ ကမ္ဘာအေးဘုရားလမ်းမကြီးနဲ့ ဆရာစံလမ်းထောင့်မှာ တည်ဆောက်နေတာ ဖြစ်လို့ နေ့တဓူဝ သွားရေးလာရေးကိစ္စတွေအတွက် အဆင်ပြေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ 68 Residence ရဲ့ ပတ်ပတ်လည်မှာ ရွှေတိဂုံဘုရားနဲ့ အင်းလျားကန်လည်း ရှိပါတယ်။ ကမ္ဘာအေးဘုရားလမ်းပေါ် ဖြစ်လို့ မြို့ထဲသွားလာဖို့ အတွက်လည်း လမ်းပန်းသင့်သလို၊ လေဆိပ်သွားဖို့အတွက်လည်း အဆင်ပြေတဲ့ ဗဟို ကျတဲ့ နေရာတစ်ခုပါ။
ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစုရဲ့ ပထမဦးဆုံးခြေလှမ်းသစ်အနေနဲ့ တည်ဆောက်နေတဲ့ 68 Residence ဟာ ဘိုးဘွားပိုင်မြေ တစ်ဧကပေါ်မှာ တည်ဆောက်ထားတာဖြစ်လို့ မကြာခင်မှာ ထွက်ရှိလာမယ့် ကွန်ဒိုမီနီယံ ဥပဒေနဲ့ ကိုက်ညီတဲ့ Luxury Condo တစ်ခုလည်း ဖြစ်ပါတယ်။ စုပေါင်းပိုင်မြေအဖြစ် ထွက်ရှိလာမယ့် ဒီကွန်ဒိုမှာ နေထိုင်တဲ့သူတွေအားလုံး အချိုးကျ မြေပိုင်ဆိုင်ခွင့်ရမှာပါ။
ဘိုးဘွားပိုင်မြေဖြစ်တဲ့အတွက် သားစဉ်မြေးဆက် နာမည်ပေါက် အမည်ပြောင်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကွန်ဒိုမီနီယံဥပဒေနဲ့ ကိုက်ညီတဲ့ စုပေါင်းပိုင်မြေတစ်ခုကို အချိုးကျကျ ပိုင်ဆိုင်ခွင့်ရဖို့ အပြည့်အဝ ဝန်ဆောင်မှုပေးသွားမှာပါ။ 68 Residence မှာ ဘာတွေ အသုံးပြုထားလဲ?
68 Residence အနေနဲ့ Customer တွေကို အထူးကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေလည်း ထပ်လောင်းပေးထား ပါသေးတယ်။ အပူဒဏ်နဲ့ ဆူညံသံကို အပြည့်အဝ ကာကွယ်ပေးမယ့် Asahi Sunergy Glass, LG အမှတ်တံဆိပ် Air-Con များ၊ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Yale တံဆိပ် Digital Door Lock System နဲ့ Ironmongery, (၂၄)နာရီ မီးရအောင် (100%) Backup Generator ထားရှိပေးခြင်း၊ အလိုအလျောက်မီးငြိမ်းသတ်စနစ် (Sprinkler System) နဲ့ မီးဘေးအန္တရာယ် ကာကွယ်ရေးစနစ်တွေကို ထည့်သွင်းပေးထားပါတယ်။
ရန်ကုန်မြို့ကြီးရဲ့ မြင်ကွင်းကျယ်ရှုခင်းအလှကို အပြည့်အဝခံစားနိုင်မယ့် ကွန်ဒိုရဲ့ Rooftop မှာ Gym နဲ့ ရေကူးကန်ထည့်သွင်း တည်ဆောက်ပေးထားပါတယ်။ ကွန်ဒိုမှာနေထိုင်မယ့် မည်သူမဆို အားကစားလုပ်ဖို့ Gym နဲ့ ရေကူးကန်ကို အသုံးပြုနိုင်ပါတယ်။ ဒါတွေအပြင် ကွန်ဒိုတွင်းနေထိုင်မယ့် သူတွေအနေနဲ့ Internet အသုံးပြုနိုင်အောင် စီစဉ်ပေးထားသလို၊ Satellite TV တွေလည်း ထည့်သွင်း ဝန်ဆောင်မှုပေးထားပါတယ်။
“ ကောင်းမွန်တဲ့ ငွေပေးချေမှုပုံစံတွေ၊ သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ စီစဉ်ပေးထားတာမို့ ကျွန်တော်တို့အနေနဲ့ Customer တွေကို လာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်” လို့ Planning and Finance Director ကိုအောင်နိုင်မိုးက ဆိုပါတယ်။
68 Residence ရဲ့ ထူးခြားချက်ကတာ့ Shear Wall ကို အသုံးပြုပြီးတည်ဆောက်မှာ ဖြစ်လို့ ငလျင်အန္တရာယ်အတွက် စိတ်ပူစရာလုံးဝမလိုတော့ပါဘူး။ Shear Wall ဟာ ငလျင်ဒဏ်ကြံ့ကြံ့ခံနိုင်တဲ့အပြင် Aluminium Form Work ကို အသုံးပြုတည်ဆောက်မှာ ဖြစ်လို့ တည်ဆောက်မှုနှုန်းအနေနဲ့ မြန်ဆန်သွားမှာ ဖြစ်သလို၊ အရည်အသွေးကောင်းတဲ့ ကွန်ဒိုကောင်းတစ်ခုလည်း ဖြစ်လာမှာပါ။ တစ်လကို (၂)လွှာနှုန်းနဲ့ တည်ဆောက်မှု ပြီးစီးဖို့ လျာထားတာဖြစ်လို့ ကမ္ဘာအေးဘုရားလမ်းပေါ်က အဆောက်အဦးဒီဇိုင်းသစ်ကို လျှပ်တစ်ပြက်ချင်း မြင်တွေ့ရတော့မှာပါ။
68 Residence ဟာ အထပ်(၂၆)ထပ်ပါဝင်ပြီး ၊ အခန်းပေါင်း(၃၇၅)ခန်းပါဝင်တဲ့ ဇိမ်ခံကွန်ဒိုတစ်ခုဖြစ်ပါတယ်။ အခန်းတိုင်းကို လေဝင်လေထွက်ကောင်းအောင် ၊ အခန်းတစ်ခန်းနဲ့ တစ်ခန်းကပ်မနေအောင် တည်ဆောက်ပေး ထားပါတယ်။ ဒါ့အပြင် ကွန်ဒိုရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ရွှေတိဂုံဘုရားနဲ့ အင်းလျားကန်ရဲ့ ရှုခင်းအလှကိုလည်း အပြည့်အဝ ခံစားနိုင်အောင် အခန်းတွေကို တည်ဆောက်ပေးထားတာပါ။
“ရေဆိုးသန့်စင်စနစ်အတွက် Kubota Johkasou သန့်စင်စက်ကို Basement (4)မှာ တည်ဆောက်ပေးထား ပါတယ်။ ရေသန့်စင်ပြီးမှ အခန်းတွေကို ပေးတယ်” လို့ Residence Engineer ကိုဝေဖြိုးအောင်က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ ဆရာစံလမ်းပေါ်မှာ လည်ပတ်စားသောက်ဖို့ စားသောက်ဆိုင်ကောင်းလေးတွေလည်း များစွာရှိ ပါတယ်။ ဆရာစံလမ်းပေါ်က စားသောက်ဆိုင်တွေဟာဆိုရင် နိုင်ငံတကာက စားသောက်ဆိုင်တွေအကြောင်း ရေးသားလမ်းညွှန်ဖို့ ဖွဲ့စည်းထားတဲ့ Trip Advisor Website မှာ Rating တွေ အများဆုံးရထားတဲ့ စားသောက်ဆိုင်တွေလည်း ဖြစ်ပါတယ်။ တိတ်ဆိတ်တဲ့ အိမ်ကလေးတစ်လုံးထဲက Acacia Tea Saloon, Pizza ကြိုက်တဲ့သူတွေ အတွက် Parami Pizza, မြောက်ကိုးရီးယားရိုးရာစားသောက်ဆိုင် ဖြစ်တဲ့ Pyongyang Koryo စားသောက်ဆိုင်၊ ကြေးအိုးဘုရင် YKKO နဲ့ Hot Pot ချစ်သူတွေကြား ရေပန်းစားနေတဲ့ Beauty in the Pot ဆိုင်တွေဟာ လူစည်ကားတဲ့ ဆရာစံလမ်းပေါ်မှာပဲ ရှိပါတယ်။ 68 Residence မှာ နေထိုင်ရင်း စားသောက်ဆိုင် ကောင်းကောင်းတွေကို မိနစ်အနည်းငယ်အတွင်း ရွေးချယ်သွားလာနိုင်ပါတယ်။
နေရာအားဖြင့် အချက်အချာကျပြီး ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာတစ်ခုမှာ နေထိုင်ချင်တယ်ဆိုရင်တော့ 68 Residence ကို ရွေးချယ်နိုင်ပါတယ်။ ဘာကြောင့် ရွေးချယ်သင့်သလဲ ဆိုရင်တော့ ဘဝလုံခြုံရေး၊ နေထိုင်ရေး အတွက် အပြည့်အဝ စိတ်ချရသလို၊ မြေပိုင်အဆောက်အဦးတစ်ခုအနေနဲ့ ပိုင်ဆိုင်ခွင့်ရမှာမို့လည်း ဖြစ်ပါတယ်။ အနီးအနားပတ်ဝန်းကျင်မှာလည်း ကျောင်းတွေ၊ ဘုရား၊ Shopping Centres နဲ့ ရုံးခန်းတွေလည်း တည်ရှိတာမို့ လွယ်ကူအဆင်ပြေမယ့် ကမ္ဘာကျော် Luxury Condo တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ 68 Residence ကို လာမယ့် ၂၀၁၈ ခုနှစ် နှစ်ကုန်ထဲမှာ အပြီးသတ်ဆောက်လုပ်သွားမှာဖြစ်ပါတယ်။
Wriiten By : Wut Yee Htun (Shwe Property)
Photo Credit : 68 Residence
Posted By : Ra Wai (Shwe Property)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties