By Sint Sint, Shweproperty.com
Updated at 2 June 2021
အိမ်တွင်းမှာ ရိုးရှင်းတဲ့ ပစ္စည်းလေးတွေ ကို သုံးပြီး ကောင်းတဲ့ စွမ်းအင်တွေ ပိုတိုး လာအောင်၊ အညံ့တွေ လျော့အောင် လုပ်လို့ ရပါတယ်။ အခုပြောပြမယ့် နည်းလမ်းက ဗေဒင်၊ ယတြာ၊ အဆောင်လက်ဖွဲ့ မဟုတ်ပါဘူး။ နိုင်ငံအသီးသီး ရဲ့ ဓလေ့ထုံးတမ်းတွေ မှာ ကံကောင်းစေတယ် လို့ ယုံကြည်ထားကြတဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ (၁) ဓာတ်(၅)မျိုး တရုတ် ရိုးရာ နည်းလမ်းတွေ ထဲက အရိုးရှင်းဆုံး နဲ့ အခြေခံအကျဆုံး တစ်ခု ကတော့ အိမ်တွင်းမှာ သစ်သား၊ ရေ၊ သတ္တု၊ မြေကြီး၊ မီး စတဲ့ ဓာတ်(၅)မျိုးကို ထားရှိခြင်းပါပဲ။ တရုတ်သမားတော်ကြီးတွေရဲ့ အဆိုအရ သစ်သား (သို့မဟုတ်) ရေကို အိမ်ရဲ့ဘဏ္ဍာရှိတဲ့နေရာမှာထားရင် ပိုပြီးအကျိုးဖြစ်ထွန်းစေ ပါတယ်။ (၂) ဆင်သင်္ကေတ ဗုဒ္ဓဘာသာမှာရော ဟင်ဒူဘာသာ မှာပါ ဆင် ကို အထွဋ်အမြတ်ထားကြပါတယ်။ ဆင်သင်္ကေတကို အမျိုးမျိုးသော ကံကောင်းခြင်းတွေအတွက် သုံးကြပါတယ်။ နောက်ပြီး ဆင် ရဲ့ကိုယ်အနေဟန်ထား၊ အသွင်အပြင်ပေါ်မူတည်ပြီးတော့လည်း အကျိုးပေးကွာခြားတယ်လို့ ဆိုကြပါတယ်။ ဥပမာ – ဆင်နှာမောင်းက အပေါ်မြှောက်နေ တဲ့ပုံစံဆိုရင် ကံကောင်းခြင်းတွေ ဖိတ်ခေါ် တဲ့ သဘောမျိုးဆောင် ပါတယ်။ (၃) မြင်းခွာ အိုင်းရစ်ချ်လူမျိုးတွေ ရဲ့ အယူ အဆမှာ မြင်းခွာကို ကံကောင်းခြင်းအဖြစ် သတ်မှတ်ကြပါတယ်။ အချို့ ကလည်း မြင်းခွာဟာ မကောင်းဆိုးဝါးရန်က ကာကွယ်ပေးတယ်လို့ ဆိုကြပါတယ်။ အိမ်ရှေ့တံခါးပေါက် ရဲ့ အပေါ်မှာ သံမြင်းခွာ ကိုထားခြင်းက အိမ်ကို အကာအကွယ်ဖြစ်စေ ပါတယ်။ (၄) လိပ်သင်္ကေတ တရုတ်ဓလေ့ထုံးစံ အချို့မှာ လိပ်သင်္ကေတဟာ အိမ်ရဲ့ အစောင့်အရှောက်ဖြစ်တယ် လို့ ယုံကြည်ထားကြပါတယ်။ ပြောရမယ် ဆိုရင် လိပ်ဟာ တရုတ် Feng Shui ဂိုဏ်းတွေ ရဲ့ အစောင့်အရှောက်တွေ ထဲက တစ်ခုလည်း ဖြစ်ပါတယ်။ လိပ်ကို ခွန်အားကြီးမားတဲ့ သင်္ကေတအဖြစ် သတ်မှတ်ထားကြတာပါ။ လိပ်အစစ်ဖြစ်စေ၊ အတုဖြစ်စေ အိမ်ရဲ့ ရှေ့တံခါး၊ နောက်တံခါးတွေမှာ ထားခြင်းက အိမ်ကို အညံ့တွေက ကာကွယ်ပေးပြီး၊ ကံကောင်းခြင်းတွေကို ဝင်လာစေ ပါတယ်။ (၅) အနီရောင် ကမ္ဘာတစ်ဝှမ်းက နိုင်ငံအတော် များများရဲ့ ဓလေ့ထုံးစံမှာ အနီကို ကံကောင်းစေတဲ့အရောင်အဖြစ် သတ်မှတ်ထားကြပါတယ်။ တရုတ်နှစ်သစ်ကူး ဆိုရင် အနီရောင်တွေနဲ့အလှဆင်ကြပြီး အန်ဘောင်းကိုလည်း အနီရောင်အိတ်နဲ့ ထည့်ပေးကြပါတယ်။ အိန္ဒိယမှာလည်း မင်္ဂလာပွဲဆိုရင် သတို့သမီးတော်တော် များများဟာ သန့်စင်ခြင်း နဲ့ကံကောင်းခြင်း သင်္ကေတအဖြစ် အနီရောင်ဝတ်စုံကို ဝတ်ဆင်ကြပါတယ်။ ဒါကြောင့် သင့်အိမ် မှာ အနီရောင်ပန်းအိုး၊ အနီရောင်ချိတ်၊ အနီရောင်ကော်ဇောကို ထားခြင်းက ကံကောင်းခြင်းတွေ တိုးပွားစေနိုင် ပါတယ်။ (၆) ဝက်သင်္ကေတ ဝက်သင်္ကေတကို ကံကောင်းခြင်း အဖြစ် မှတ်ယူ တာက ဂျာမန် လူမျိုးတွေပါ။ ဒီအယူကတော့ ဘာသာရေး အယူမဟုတ်ပါဘူး။ သမိုင်းကြောင်းအယူပါ။ အလယ်ခေတ်လောက်ကတည်းက ဥရောပနိုင်ငံတွေမှာ ဝက်သင်္ကေတဟာ ချမ်းသာကြွယ်ဝခြင်းနဲ့ ကံကောင်းခြင်းအဆောင်အဖြစ် ယုံကြည်ထားကြတာပါ။ ဝက်မွေးပြီဆိုရင် ချမ်းသာ လာတော့မယ်ဆိုတဲ့ နိမိတ်ပါပဲတဲ့။ အခြားသော ကျွဲ၊ နွား၊ ကြက်တွေနဲ့ စမ်းသပ်ကြည့်ပေမယ့် အလုပ်မဖြစ် ခဲ့ပါဘူး။ ဝက်ကသာ ကံကောင်းစေခဲ့တာကြောင့် ယနေ့တိုင် ဝက်သင်္ကေတာကို ကံကောင်းခြင်း အဖြစ် သတ်မှတ်ထားကြတာပါ။ (၇) ဝက်သစ်ချသီး စကင်ဒနေဗီးယားနိင်ငံတွေ မှာ ဝက်သစ်ချသီးတွေ ကို ပန်းကန်လုံးထဲ ထည့်ပြီး (သို့မဟုတ်) ပြတင်းပေါက်မှာ ချိတ်ဆွဲပြီး အလှဆင်တာက အိမ်ကို အကာအကွယ်ဖြစ်စေတယ် လို့ ယုံကြည်ကြပါတယ်။ သင်လည်း ကံကောင်းချင်တယ်ဆိုရင်တော့ အိမ်မှာ ဝက်သစ်ချသီးတွေနဲ့ အလှဆင်ထားလိုက်ပါ။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ မိမိအိမ်မှာလာဘ်ပွင့်ပြီးကံကောင်းငွေဝင်နေစေဖို့ ရှေးလူကြီးတွေရဲ့ ရိုးရှင်းတဲ့နည်းလမ်းများ အိမ်နံပါတ်၊ ခြံနံပါတ်၊ အခန်းနံပါတ်များအလိုက် အကျိုးပေးထက်သန်နိုင်သောလုပ်ငန်းများ သင် ဘယ်လိုအိမ်မျိုးနဲ့ နေရမလဲဆိုတာ မိသားစုအတွက်ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်မယ့် အိမ်အလှဆင်နည်း(၇)မျိုး Credit : Celefans Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties