By ShweProperty.com, Shweproperty.com
Updated at 21 February 2018
ရန်ကုန်။ (၂၀) ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၈ခုနှစ် - ပမာဏအားဖြင့် ကြီးမားတဲ့ ကိန်းဂဏန်း (၇) လုံးပမာဏရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို Shwe Property.com (မြန်မာ့နံပါတ် (၁) အိမ်ခြံမြေဝဘ်ဆိုဒ်) က ထပ်မံအတည်ပြု လိုက်ကြောင်း အသိပေးအပ်ပါသည်။ အတိအကျ ပမာဏကိုတော့ အတိအလင်းထုတ်ဖော်ဖွင့်ဟခြင်း မပြုသော်လည်း ပဲ အဆိုပါ ရင်းနှီးမြှပ်နှံမူသည် လက်ရှိ Shwe Property တွင် ရင်းနှီးမြှုပ်နှံထားသော လန်ဒန်နိုင်ငံအခြေစိုက် ရင်းနှီမြှုပ်နှံမှုကုမ္ပဏီ ၊ ဆွီဒင်နိုင်ငံမှ Vostok New Ventures ကုမ္ပဏီနှင့် Shwe Property ၏ အုပ်ချုပ်မှုဒါရိုက်တာ Kevin Goos တို့ ဒီရင်းနှီးမြှပ်နှံမှုမှာ ပါဝင်တယ်။
Vostok New Ventures Ltd ဟာ ဆွီဒင်နိုင်ငံရဲ့ NASDAQ စတော့ဟုမ်းစတော့အိတ်ချိန်းတွင် US ဒေါ်လာ (၈၇၈)သန်း(အသားတင်ပိုင်ဆိုင်မှု တန်ဖိုးပမာဏ) ရင်းနှီးမြှုပ်နှံမှုရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၊ ၎င်းတို့ရဲ့ အတွေ့အကြုံ ကျွမ်းကျင်မှုနှင့် ချိတ်ဆက်မှုကျယ်ပြန့်မှုစံနှုန်းတွေနှင့် တန်ဖိုးထားမှုတွေဟာ အထူးသဖြင့် အွန်လိုင်းဈေးကွက် နယ်ပယ်မှာ ထိရောက်တဲ့ ချိတ်ဆက်မှုတွေ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဈေးကွက်တိုးတက်မှုရှိအောင် တွန်းအားပေး နိုင်ခဲ့ပါတယ်။ နံပါတ်(၁) ဖွံ့ဖြိုးဆဲ ဈေးကွက်သစ်တွေ ပေါ်ပေါ်လာအောင် တွန်းအားပေးဖို့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပူးပေါင်းပါဝင်ခဲ့တဲ့ Vostok မှာ သမိုင်းအထောက်အထားတွေ များစွာရှိပါတယ်။ အဲ့ဒါတွေကတော့ Avito(Russia’s Leading Online Classifieds Platform)၊ Property Finder (နံပါတ် (၁) UAE , MENA ဒေသတွင် အခြေစိုက်သည့် အိမ်ခြံမြေဝဘ်ဆိုဒ်)၊ Hemnet(ဆွီဒင်နိုင်ငံ၏ ဦးဆောင် အိမ်ခြံမြေဝဘ်ဆိုဒ်)၊ Rozee (ပါကစ္စတန်နိုင်ငံ၏ ဦးဆောင် အလုပ်ရှာဝဘ်ဆိုဒ်)နှင့် Wuzzuf (အီဂျစ်နိုင်ငံ၏ အလုပ်ရှာဝဘ်ဆိုဒ်) တို့ပဲ ဖြစ်ပါသည်။
Vostok အမှုဆောင်အရာရှိချုပ် Per Brilioth ရဲ့ အဆိုပါရင်းနှီးမြှုပ်နှံမှုအပေါ် “ မြန်မာနိုင်ငံရဲ့ နံပါတ်(၁) အိမ်ခြံမြေ ဝဘ်ဆိုဒ်မှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံခွင့်ရတာ ဝမ်းသာပါတယ်။ နိုင်ငံအတွင်း အွန်လိုင်းကဏ္ဍတွေများစွာအတွက် တကယ့်ကို ခိုင်ခံ့မှုရှိတဲ့စီမံခန့်ခွဲမှုအဖွဲ့ဝင်တွေ သူတို့မှာ ရှိနေပါတယ်။ ပြီးတော့ သာမာန်ထက်ထူးခြားပြီး စစ်မှန်တဲ့ စီးပွားရေးလုပ်ဆောင်မှုဆွဲအားတွေလည်း သူတို့မှာ ရှိပါတယ်။ သူတို့ရဲ့ နည်းဗျူဟာ၊ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ စွမ်းဆောင်ရည်မြင့် အကောင်အထည်ဖော်မှုတွေဟာ သူတို့ရဲ့ အောင်မြင်မှုပထမစံနှုန်းလည်း ဖြစ်ပါတယ်။ Shwe Property ရဲ့ အနာဂတ်မှာ ထပ်ပြီး တိုးတက်ဖို့နဲ့ လုပ်ငန်းထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ မျှော်လင့်ပါတယ်။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
Shwe Property ၏ အခြားရှယ်ယာရှင်တွေကတော့ Justin Sway (ex.FastTrack – #1 Recruitment Software in Australia, NZ), Jonah Levey (ex. VietnamWorks #1 Job Site), Gilles Blanchard (ex. Seloger.com in France and Chairman Zameen.com in Pakistan) နှင့် ဦးကောင်းသူဝင်း (Founder and Director)တို့ ဖြစ်ပါတယ်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှုသည် ပုဂ္ဂလိကနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ပေါင်းစပ်ထားတာ ဖြစ်ပြီး ကမ္ဘာ့အိမ်ခြံမြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမှုသူများ၊ အောင်မြင်နေတဲ့ လုပ်ငန်းရှင်များ ပါဝင်ထားတာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် ရှယ်ယာရှင်တွေ ပါဝင်နေတာဟာ Shwe Property ဆက်လက် အောင်မြင်မယ်ဆိုတဲ့ အထောက်အထားတစ်ခုလို့ ပြောနိုင်သလို၊ ရင်းနှီးမြှုပ်နှံသူအားလုံးဟာ အနာဂတ်မှာ လိုအပ်ပါက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ထပ်မံလုပ်ဆောင်သွားဖို့ အဆင်သင့်ရှိနေပါတယ်။
Shwe Property ၏ ပထမဦးဆုံးရင်းနှီးမြှုပ်နှံမှုကို (၂၀၁၅)ခုနှစ်၊ မေလမှာ စတင်ခဲ့တာဖြစ်ပြီး၊ ဒါဟာ Justin Sway ရဲ့ ကိန်းဂဏန်း (၆)လုံးပမာဏခန့်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ (၂၀၁၇)ခုနှစ်မှာ Gilles Blanchard ၏ ရင်းနှီးမြှုပ်နှံမှု နဲ့ အခြားရင်းနှီးမြှပ်နှံမှုတွေ ပါဝင်လာခဲ့ပါတယ်။ အခုကတော့ ကိန်းဂဏန်း(၇)ခုပမာဏရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ကြေညာလိုက်တာပါ။ ဒါဟာ Shwe Property ၏ ထင်ရှားပြီး ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး အထူးသဖြင့် ၎င်းရင်းနှီးမြှုပ်နှံမှုဟာဆိုရင် မြန်မာနိုင်ငံရဲ့ အွန်လိုင်းအိမ်ခြံမြေကဏ္ဍပိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု တစ်ခုပါပဲ။
(၂၀၁၁)ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ နံပါတ်(၁)အွန်လိုင်းအိမ်ခြံမြေဝဘ်ဆိုဒ် ကုမ္ပဏီအနေဖြင့် Consumer တွေဖြစ်တဲ့ အိမ်ရာဝယ်ယူသူတွေ၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဆီက ထောက်ခံမှုနဲ့ သုံးစွဲမှုတွေကြောင့် သာမာန်ထက်ပိုတဲ့ ဝန်ဆောင်မှုတွေရဲ့ ရလဒ်တွေနဲ့ ရပ်တည်နေခဲ့တာပါ။ ဖွံဖြိုးဆဲနိုင်ငံတွေမှာ တွေ့ရခဲတဲ့ တိကျမှု၊ ပွင့်လင်းမြင်သာမှုနဲ့ အရည်အသွေးမြင့် ဘဏ္ဍာရေးပိုင်းနှင့် လုပ်ငန်းလည်ပတ်မှုတွေ ပေါင်းစပ်ထားတဲ့ လုပ်ငန်းတွေရှိနေခြင်းဟာ Shwe Property ကို (၃)လအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခု ထပ်မံရရှိဖို့ အထောက်အပံ့ပြုစေခဲ့ပါတယ်။
နိုင်ငံအတွင်းက အခြားအိမ်ခြံမြေဝဘ်ဆိုဒ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် Shwe Property ဟာ လူသုံးအများဆုံးနဲ့ အမြင့်မားဆုံး ဝင်ရောက်ကြည့်ရှုနှုန်းတွေနဲ့ ဦးဆောင်နေခဲ့တာပါ။ Shwe Property Website ထဲမှှာ အိမ်ခြံမြေ ဝယ်ယူသူများ၊ ငှားရမ်းလိုသူများနှင့် ရောင်းချမယ့် နောက်ဆုံးပေါ်အိမ်ရာမြေစာရင်းပေါင်း (၁)သိန်းကျော် ရှိပါတယ်။ ပြည်တွင်း အိမ်ခြံမြေဈေးကွက်မှာ ထင်ထင်ရှားရှားနေရာယူထားပြီး နိုင်ငံအတွင်းက အကောင်းဆုံး အိမ်ခြံမြေ လုပ်ငန်းရှင်းတွေ အကျိုးဆောင်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
Shwe Property ကို အမှုဆောင်အရာရှိချုပ်(CEO)ဖြစ်တဲ့မြန်မာပြည်ဖွား Justin Sway, အုပ်ချုပ်မှုဒါရိုက်တာ Kevin Goos(ယခင် ကမ္ဘောဒီးယားနိုင်ငံ Century 21 ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်)နှင့် Shwe Property တည်ထောင်သူ နှင့် ဒါရိုက်တာ ကောင်းသူဝင်းတို့က ဦးဆောင်နေတာဖြစ်ပါတယ်။
“မြန်မာနိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ Client တွေနဲ့ အလုပ်တူပူးပေါင်းလုပ်ဆောင်နေရတာ ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ပါတယ်။ အခုရင်းနှီးမြှုပ်နှံမှုဟာလည်း ရှိပြီးသားအောင်မြင်မှုထက် သာလွန်တဲ့ နောက်ဆက်တွဲအောင်မြင် မှုတွေအတွက် ရည်ရွယ်ပြီး အိမ်ခြံမြေဝဘ်ဆိုဒ်စီးပွားရေးကဏ္ဍမှာ ပိုပြီး ကောင်းမွန်တဲ့ လုပ်ငန်းလည်ပတ်မှုကို ဦးတည်ပါတယ်။
အနာဂတ်မှာ ဒီ့ထက်ပိုအောင်မြင်မှုရဖို့ ကျွန်တော်တို့အဖွဲ့က ကတိပြုသလို၊ ကျွန်တော်အနေနဲ့ ပုဂ္ဂိုလ်ရေးအရလည်း စီးပွားရေးလုပ်ငန်းအတွက် ငွေရေးကြေးရေးရင်းနှီးမြှုပ်နှံဖို့ များစွာစိတ်လှုပ်ရှားမိပါတယ်” လို့ အုပ်ချုပ်မှုဒါရိုက်တာ Kevin Goos ကပြောပါတယ်။
Shwe Property ဟာ Property Guru နဲ့ the Asian Property Awards (Aisa’s Leading Property Portal) တို့နဲ့ Exclusive Partner ဖြစ်ပါတယ်။ ဒီ Partnership ဟာ Shwe Property ရဲ့ Customer များဖြစ်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းးရှင်တွေကို မြန်မာပြည်မှာသာမက အရှေ့တောင်အာရှထိပါ ဈေးကွက်ချဲ့ထွင်မှုများကို လုပ်ဆောင်ပေးသွားနိုင်မှာ ဖြစ်ပါတယ်။
ရင်းနှီးမြှပ်နှံမှုအသစ်အပေါ် Shwe Property ၏ အမှုဆောင်အရာရှိချုပ် Justin Sway ကလည်း “ Shwe Property အဖွဲ့ဝင်တွေဟာ ထူးချွန်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေပြီး အင်္ဂလန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Vostok New Ventures နဲ့ Kevin တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ခြင်းကို များစွာဂုဏ်ယူမိပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ကျွန်တော်တို့ရဲ့ နံပါတ်(၁)ဖြစ်တဲ့ Shwe Property.com ကို ပိုပြီး ခိုင်မာစေပါတယ်။ ဒီပေါင်းစည်းမှုဟာ အတွေ့အကြုံရင့် ရှယ်ယာရှင်တွေအနေနဲ့ မြန်မာရဲ့ အိမ်ခြံမြေနယ်ပယ်ကို ဦးဆောင်ဖို့ ပုံဖော်တဲ့နေရာမှာ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ Shwe Property မိသားစုထဲကို Vostok New Ventures ကို ကြိုဆိုခွင့်ရတာ ဝမ်းသာသလို၊ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ဆက်လက်အလုပ်လုပ်ဆောင်သွားဖို့ မျှော်လင့်ပါတယ်။” လို့ ဆိုပါတယ်။
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties