By Wut Yee Htun (ShweProperty.com), Shweproperty.com
Updated at 30 April 2018
Shwe Property ရဲ့ (၇)ကြိမ်မြောက်ကျင်းပခဲ့တဲ့ တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲကို ရန်ကုန်မြို့၊ ကမာရွတ် မြို့နယ်မှာ ရှိတဲ့ လှည်းတန်းစင်တာမှာ စည်စည်ကားကားကျင်းပခဲ့ပါတယ်။ ပြပွဲမှာ အိမ်ရာပရောဂျက်ပေါင်း (၁၅၀) ကျော်ကို ပြသရောင်းချခဲ့ပြီး အခန်းပေါင်းအနေနဲ့ (၅၄)ခန်း ရောင်းချခဲ့ရတာမို့ တန်ဖိုး စုစုပေါင်းအနေဖြင့် (၁.၈) ဘီလီယံကျပ် ရှိပါတယ်။
ShweProperty.com က အိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို လစဉ်လတိုင်းကျင်းပပေးနေသလို၊ တန်ဖိုးအသင့်ဆုံး အိမ်ခန်းတွေ သီးသန့်စုစည်းပြီး ရောင်းချပေးတဲ့ Affordable Housing Expo တွေကိုလည်း လူလတ်တန်းစား လခစားဝန်ထမ်းတွေကို ရည်ရွယ်ပြီး ပြုလုပ်ကျင်းပပေးနေဆဲပါပဲ။
သုံးရက်ကြာကျင်းပခဲ့ 7th Affordable Housing Expo အိမ်ရာအရောင်းပြပွဲကြီးမှာ အိမ်တစ်လုံးဝယ်ယူပြီး ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားထားတဲ့ အငြိမ်းစားဗိုလ်ကြီး ဦးလှဖြိုးက “ တောင်ဥက္ကလာဘက်မှာ အိမ်ခန်းတစ်ခန်း အကြိုက်တွေ့လို့ သွားကြည့်ဖြစ်မှာပါ၊ ကိုယ်ပေးနိုင်တဲ့ အတိုင်းအတာ နဲ့လည်း ကိုက်ညီတယ်လေ။ Installment ရမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေပါတယ်။ လက်ရှိနေထိုင်တဲ့ အခန်းက ကျဉ်းနေတော့ ကျွန်တော်တို့သားသမီးတွေ အလည်အပတ်လာတဲ့အခါ အဆင်မပြေဘူးလေ။ အခု ကြိုက်တဲ့အခန်းကလည်း ၁၈ ပေ × ပေ ၅၀ ကျော်ဆိုတော့ အခန်း(၃)ခန်းလောက် ဖွဲ့လို့ရတယ်။ ဒီအခန်း အဆင်ပြေသွားရင်တော့ သားသမီးတွေရော မြေးတွေရော အဆင်ပြေတာပေါ့” လို့ ပြပွဲလာတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ပြပွဲမှာ Shwe Property နဲ့ တိုက်ရိုက်ချိတ်ဆက်ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီပေါင်း(၁၀၀)ကျော်ရဲ့ အိမ်ခန်းပေါင်း (၁၂၀၀)ကျော်ကို ပြသခဲ့ပြီး၊ Shwe Property ရဲ့ အတွေ့အကြုံရင့်ဝန်ထမ်းတွေရဲ့ အကောင်းဆုံး အကြံပြုမှုတွေနဲ့ အတူ အိမ်ဝယ်လိုသူတွေ အိမ်ပိုင်ဆိုင်နိုင်အောင် ဝန်ဆောင်မှု ပေးခဲ့ပါတယ်။ ဒ့ါအပြင် AYA Bank ရဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ အိမ်ရှာဖွေသူတွေကိုလည်း ဘဏ် နဲ့ ချိတ်ဆက်ပြီး (၅)နှစ်ကနေ (၁၅)နှစ်ထိ နှစ်ရှည်အရစ်ကျနဲ့ ဝယ်ယူခွင့်ရအောင် စီစဉ်ပေးခဲ့ပါသေးတယ်။
“ အိမ်ဝယ်ချင်တဲ့သူတွေ အဆင်ပြေအောင်လို့ Shwe Property က အစွမ်းကုန် ကြိုးစားပေးနေတာပါ။ တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲတွေကလည်း အများပြည်သူတွေအတွက် တကယ်ကို အကျိုးရှိတဲ့ ပွဲတွေဖြစ်ခဲ့ပါတယ်။ အခု ဒီ (၇)ကြိမ်မြောက် အရောင်းပြပွဲမှာလည်း တစ်ခဲနက် လာအားပေးကြတဲ့ Shwe Property ရဲ့ မိတ်ဟောင်းမိတ်သစ်တွေအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီထက်ပိုပြီးလည်း ဈေးနှုန်းအသက်သာဆုံး ဝယ်ယူလို့အဆင်ပြေဆုံး ပုံစံတွေနဲ့ အိမ်ရာပြပွဲတွေ ဆက်ပြီး ကျင်းပပေးဦးမှာဖြစ်လို့ အားပေးကြပါ ” လို့ Shwe Property ရဲ့ Senior Marketing Manager ဦးစည်သူဖြိုးက ဆိုပါတယ်။
Shwe Property က ထပ်မံကျင်းပမယ့် (၈)ကြိမ်မြောက် တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲကြီးကို လာမယ့် ဇွန်လ (၂၂)ရက်နေ့ကနေ (၂၄)ရက်နေ့ထိ လှည်းတန်းစင်တာမှာ ထပ်မံကျင်းပသွားဖို့ရှိသလို၊ ဘဏ်ချေးငွေရယူပြီး အိမ်ရာဝယ်ယူနိုင်မယ့် Biggest Home Loan Expo at Myanmar အိမ်ရာအရောင်းပြပွဲကြီးကိုလည်း လာမယ့် မေလအတွင်းမှာ ကျင်းပသွားဖို့ရှိပါတယ်။
Written By : Wut Yee Htun (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties